Zawgyi ဖြင့်ဖတ်ရန်
Credit: Pann Pwint
Unicode ဖြင့်ဖတ်ရန်
အဆိုတော်နဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ သူမကို ကုလားမတို့၊ ကုလားမယားတို့ ခေါ်ကြတာတွေကို ဘာကြောင့် ခေါ်ကြတာလဲ သိချင်မိတယ်လို့ ပြောလာပါတယ်။အဆိုနဲ့ သရုပ်ဆောင် နှစ်ဘက်လုံးမှာ နာမည်ကြီးတဲ့ ထွန်းအိန္ဒြာဗိုလ်က နိုင်ငံရေးကိုလည်း စိတ်ပါဝင်စားပြီး အန်အယ်လ်ဒီအတွက် မဲဆွယ်စည်းရုံးမှုများ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ဖေ့စ်ဘွက်မှာ သူမကို ကုလားမ၊ ကုလားမယား စသည်ဖြင့် ပြောဆိုနေကြတာတွေ ရှိတဲ့အတွက် ဘာကြောင့်ခေါ်ကြတာလဲ သိချင်တဲ့အကြောင်း သူမရဲ့ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီည (ဇန်နဝါရီလ ၅ ရက်) မှာပဲ ရေးသားလာတာ ဖြစ်ပါတယ်။.“တချို့ သေခြာလဲ မသိပဲနဲ့ ကျမ ကို ကုလားမ တို့ ကုလားမယား တို့ ဘာကြောင့်ခေါ်ကြတာလဲမသိဘူး … စိတ်ဆိုးလို့မေးတာမဟုတ်ပါဘူး.. သိချင်ယုံ သက်သက်ပါ .. နားမလည်လို့ . (ဘာသာပေါင်းစုံ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျမ ချစ်ခင်ပါတယ် /သူတို့ အသုံးအနှုန်းကိုအံ့ဩလို့ပါ )” လို့ ရေးထားတာ ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က ၁၉ ၉ ၉ ခုနှစ်မှာ “နှောင်းတမြေ့မြေ့”၊ ၂ဝဝ၃ ခုနှစ်မှာ “အမေ့နို့ဖိုး”၊ ၂ဝဝ၅ ခုနှစ်မှာ “မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍” ဇာတ်ကားများနဲ့ ဇာတ်ဆောင်ဆု အကယ်ဒမီ သုံးထပ်ကွမ်းရရှိထားသူ ဖြစ်ပါတယ်။Photos©Tun Eindra Bo
Credit: Pann Pwint