Zawgyi ဖြင့်ဖတ်ရန်
ဟုတ်အရမ်းလွန်လာလို့u myoသူတို့လူတွေလုပ်မှအကောင်းဒီလောကကလူတွေကျရင်အနူနဲ့တောင်နိုင်းတာ။( ဒါရိုက်တာဝိုင်း)
Credit : Phwaypahway
Unicode ဖြင့်ဖတ်ရန်
ဒါရိုက်တာဝိုင်းဘာကိုပေါက်ကွဲနေတာလဲ
ဒါရိုက်တာဝိုင်းကရုပ်ရှင်ကားကိုကြော်ငြာတာကြော်ငြာလို့ရတယ် ဒါပေမယ့်ရုပ်ရှင်တလောကလုးံကိုတော့မစော်ကားပါနဲ့အမေစုပြောတာပဲထပ်ပြောလိုက်မယ်ဉာဏ်ရည်နိမ့်ပါးတဲ့သူတွေဟာကိုယ့်ဘာသာတည်ဆောက်ရမယ့်အစားသူများကိုဖြိုချပီးမှကိုယ်နေရာရမယ်လို့အောက်မေ့တတ်ကြတယ်ဆိုတဲ့စိတ်ကတော့သိပ်အောက်တန်းကျလွန်းတယ်။ကျနော်၁၇နှစ်ကတည်းကဒီအလုပ်နဲ့ထမင်းစားခဲ့တယ်အဲဒီအတွက်ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ကိုယ့်လောကနဲ့ကိုယ့်လောကသားတွေကိုချစ်တယ်။ရုပ်ရှင်လောကသားဘယ်သူကိုပဲပြောပြောကျနော်နာတယ်အဲဒီအတွက်ယခု ကျနော်တို့လောကကိုနှိမ်ချပြောဆိုသူများနှင့်သူတို့နှင့်ပါတ်သက်သူများအားလုးံဝအလုပ်လုပ်မည်မဟုတ်ပါကြောင်း။ဦးမျိုးတို့အားလုံး တသွေးတည်း တသားတည်ရှိနေပါတယ် ကျနော်တို့လက်သည်းဆိပ်ရင်လက်ထိပ်နာတတ်ပါတယ်ဟုတ်။ ( ဦးမျိုးမင်း)
ဟုတ်အရမ်းလွန်လာလို့u myoသူတို့လူတွေလုပ်မှအကောင်းဒီလောကကလူတွေကျရင်အနူနဲ့တောင်နိူင်းတာ။( ဒါရိုက်တာဝိုင်း)
ဒါရိုက်တာ ဝိုင်း ဟာ ဒီစာကို သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့် Tun Zaw Win ဆိုတဲ့နာမည်နဲ့ရေးသားထားခြင်းဖြစ်ပါတယ်။ယခုလိုရေးသားထားတာနဲ့ပတ်သတ်ပြီး ဖေ့ဘွတ်ခ် ပေ့ချ် တခုဖြစ်တဲ့ Myanmar Film Academy 2017 ကလည်း ဒါရိုက်တာ ဝိုင်း နဲ့ဒါရိုက်တာ သြရသတို့ကိုယခုလိုတုံ့ပြန်ရေးသားထားပြီး ရုပ်ရှင်လောကသားအချင်းချင်းချိုးနှိမ်မပြောဖို့နဲ့ဆွဲကူဖို့တိုက်တွန်းရေးသားထားတာကိုတွေ့ရပြီးပရိသတ်အတော်များများက သဘောတူညီကြတာကိုတွေ့ရပါတယ်။ ရေးထားတာဒီလိုပါ။”ဘာတွေ serious
ဖြစ်နေတာလဲ ဒါရိုက်တာကြီးရယ် စိတ်ပျက်လိုက်တာ။ဒါရိုက်တာကြီးကားတွေ ရုံတင်ခဲ့တုန်းကလည်း အခြားမြန်မာပေါကားတွေနဲ့မတူဘူး အရမ်းမိုက်တယ် အရမ်းကောင်းတယ်ပြောပီး အခြားမြန်မာကားတွေကို ချိုးနှိမ်ပြောရင်း ဒါရိုက်တာကြီးကားကို အားပေးခဲ့ကြသူတွေ ဒုနဲ့ဒေးပါ။အဲ့ဒီတုန်းကကြ ကျနော့်ကားတွေကိုပဲအကောင်းပြောပြီး အခြားမြန်မာကားတွေကို မြန်မာ့ရုပ်ရှင်လောကအချင်းချင်း ချိုးနှိမ်မပြောကြပါနဲ့ဆိုတဲ့ အသံမထွက်ခဲ့ပါလားနော် မိနိ့မိန့်ကြီး အောင်မြင်မှုကို ခံစားခဲ့တာမဟုတ်လား ခုကြဘာဖြစ်နေတာလဲ။ တကယ်ကောင်းလို့ ကောင်းတယ်ချီးမွမ်းကြတယ်။ ကွာလို့ကွာတယ်ပြောတာ ခုလို public တင် ရွဲ့စောင်းနေစရာလိုလား။ (ရုံတင်နေတဲ့ချိန် ခုလို public ကြီးတင်တာ အဲ့ကားအတွက် ဘယ်လောက်နစ်နာလဲဆိုတာ ဇာတ်ကားတွေခဏခဏရိုက်ဘူးတဲ့ ဝါရင့်ဒါရိုက်တာကြီး အသိဆုံးဖြစ်မှာပါ။)ဒါရိုက်တာကြီးရယ် ခများ ပြောတဲ့ကားက ရုံပေါင်း ၁၂၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ရုံလေး၃၀ လောက်ကပဲ တင်ပေးနေတဲ့ကားပါ။
ဒါရိုက်တာကြီးတို့လို မျက်နှာကြီးထဲကမဟုတ်တေယ့ ဘယ်ရုံကမှ မတင်ပေးလို့ ရတဲ့ရုံလေးမှာပဲ သူတို့အနုပညာကို ချပြနေသူတွေပါ။ တကယ်တမ်းပြောကြကြေးဆို ဒါရိုက်တာကြီးတို့က အဖွဲ့အစည်းကြီးမားပြီးအားကြီးသူ သူတို့တွေဟာ အားနဲသူတွေပါ။ ဒါရိုက်တာကြီးလို အမေစုစကားနဲ့ ယူပြောမယ်ဆို အားကြီးသူတွေက အားနဲသူတွေကို ကူညီဖေးမရမှာ မဟုတ်ပါလား။ရှင်းရှင်းပြောရရင် အမေစုရဲ့စကား ဖြစ်တဲ့ ဉာဏ်ရည်နိမ့်ပါးသူတွေဟာ မိမိကိုယ်ကို တည်ဆောက်မယ့်အစား တဖက်သားဖြိုချပီးမှ ကိုယ်နေရာရတတ်တဲ့ဆိုတဲ့စကားဟာ အစကတည်းက အသုံးမကျ ဘာမှမလုပ်တတ်မကိုင်တတ်တဲ့သူတွေကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။အခု သူတို့တွေဟာ သူတို့အရည်အချင်းနှင့်သူတို့ ရှိပြီးသား အကောင်းဆုံးတွေလည်းချပြပြီးသားပါ။ ဒါကိုမှ ပရိတ်သတ်က ကောင်းလို့ကောင်းတယ်ပြောတာ ကွာလို့ကွာတယ်ပြောတာကို သိပ်ခံစားမနေပါနဲ့။ တစ်ချက်အမေစုရဲ့ စကားတွေကိုတော့ အဓိပ္ပာယ်သေချာမသိပဲ ပေါက်ပန်းဈေးလိုရာ ဆွဲသုံးမနေပါနဲ့လို့ တောင်းဆိုပါရစေ။အစကတည်းက ဒီကားကို ဘာလို့ ရုံကြီးတွေက မတင်လဲဆိုတာ သိပ်မရှင်းဘူး။ ဒါပေမယ့် ခု ဒီလို ဒါရိုက်တာကြီးတွေက အစ ဒါမျိုးတွေ ပြောလာပြီဆိုတော့ မြန်မာ့ရုပ်ရှင်လောကမှာ ဂျေ တွေတော်တော်များပါ့လားဆိုတာ သိလာရတယ်။ တကယ်ဆို ဒါရိုက်တာအသစ် မင်းသားအသစ် ထုတ်လုပ်ရေးအသစ် အသစ်တော်တော်များများပါတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို ကြိုဆိုရမယ့်အစား ရုံတင်နေတဲ့အချိန် အကျိုးအကြောင်းဆီလျော်စွာချပြမှုမရှိပဲ ရွဲ့စောင်းပုတ်ခတ်ရေးတာ တော်တော်ညံ့တဲ့စိတ်ဓာတ်ပိုင်ရှင်လို့ပဲ ပြောပါရစေ။P.S ဒါရိုက်တာကြီးကားတွေဆို ရှေ့ဆုံးက အားပေးခဲ့သူပါ။ အမြင်မှန်ရပါစေ။ ဒါရိုက်တာကို ပုတ်ခတ်တာလည်း မဟုတ်ပါဘူး။ အရမ်းလေးစားခဲ့ရတဲ့ ဒါရိုက်တာကြီးမို့ မပြောသင့်ဘူးထင်လို့ ဝေဖန်ပြတာပါ။ ပြောချင်တယ်ဆိုရင်တောင် ဇာတ်ကားရုံချမှ ပြောသင့်ပါတယ်။ “ပရိသတ်တွေကတော့ ဒါရိုက်တာ ဝိုင်း နဲ့အခြားဒါရိုက်တာတွေ ဘယ်ဇာတ်ကားကိုရည်စူးပြီး ပြောလဲဆိုတာသိကြမှာပါ။
Credit : Phwaypahway