ZawGyiျဖင့္ဖတ္ရန္
ေျမာက္ကုိရီးယားႏုိင္ငံမွာ ခန္႕မွန္းေျခ ကေလးငယ္ ၆၀,၀၀၀ ဟာ အစာေရစာငတ္ျပတ္မႈ ေတြ႕ႀကဳံႏုိင္တဲ့ အေျခအေန ျဖစ္ေနေၾကာင္း ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႕ (UNICEF) က ဇန္နဝါရီ ၃၀ ရက္မွာ ေျပာပါတယ္။

ေျမာက္ကုိရီးယားႏုိင္ငံကုိ ႏုိင္ငံတကာအသုိင္းအဝုိင္းက အေရးယူပိတ္ဆုိ႕မႈေတြေၾကာင့္ အကူအညီေပးတဲ့ ပစၥည္းမ်ား ပုိ႕ေဆာင္ရာမွာ ေႏွာင့္ေႏွးမႈျဖစ္ေစၿပီး အေျခအေန ပုိဆုိးလာခဲ့ေၾကာင္း UNICEF က ဆုိပါတယ္။

ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီးယားနဲ႕ ပဲ့ထိန္းဒုံးက်ည္ အစီအစဥ္ေတြ အေကာင္အထည္ေဖာ္ေနမႈကုိ တုံ႕ျပန္ေဆာင္႐ြက္မႈအျဖစ္ ကုလသမဂၢနဲ႕ ကမာၻ႕အင္အားႀကီးႏုိင္ငံေတြက အေရးယူပိတ္ဆုိ႕မႈေတြ ခ်မွတ္ထားပါတယ္။

ေျမာက္ကုိရီးယားရဲ႕ လက္နက္အစီအစဥ္ေတြကုိ ကူညီေပးေနမႈျဖင့္ အဖြဲ႕အစည္းကုိးခု၊ လူပုဂၢဳိလ္ ၁၆ ဦးနဲ႕ ေျမာက္ကုိရီးယားသေဘၤာ ၆ စင္းတုိ႕ကုိ အေမရိကန္က ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အေရးယူပိတ္ဆုိ႕မႈ ျပဳလုပ္ခဲ့ပါတယ္။

လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီေတြနဲ႕ လုပ္ငန္းေတြဟာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ အေရးယူပိတ္ဆုိ႕မႈကေန ကင္းလြတ္ခြင့္႐ွိေၾကာင္း UNICEF လက္ေထာက္အမႈေဆာင္ညႊန္ၾကားေရးမွဴး အုိမာအဗၺဒီက ေျပာပါတယ္။

“ဒါေပမဲ့ တစ္ကယ္တမ္းမွာ ဘဏ္ေတြ၊ ပစၥည္းေထာက္ပံ့တဲ့ ကုမၸဏီေတြ ဒါမွမဟုတ္ သေဘၤာလုိင္းေတြက ေျမာက္ကုိရီးယားနဲ႕ ပတ္သက္ၿပီး အရမ္းဂ႐ုစိုက္ ေဆာင္႐ြက္ေနၾကတယ္။ ဒီ အေရးယူပိတ္ဆို႕မႈေတြကုိ ခ်ဳိးေဖာက္မိတာေၾကာင့္ ေနာက္ပုိင္းျဖစ္လာႏုိင္တဲ့ ျပႆနာေတြကုိ သူတုိ႕က ေ႐ွာင္႐ွားခ်င္ၾကတာေပါ့” လုိ႕ အုိမာက သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာပါတယ္။

ထုိ႕ေၾကာင့္ ေျမာက္ကုိရီးယားႏုိင္ငံကုိ အကူအညီေပးေရး ပစၥည္းမ်ားပုိ႕ေဆာင္ရာမွာ ေႏွာင့္ေႏွးမႈ အခက္အခဲေတြ ေတြ႕ႀကဳံေနရတယ္လို႕ ၎က ဆုိပါတယ္။

ေျမာက္ကုိရီးယားမွာ ၂၀၀,၀၀၀ စုိးရိမ္ဖြယ္ရာ အာဟာရခ်ဳိ႕တဲ့မႈ ျဖစ္ေနၿပီး ၎တို႕အနက္ ၆၀,၀၀၀ ကေတာ့ အစာေရစာငတ္ျပတ္ ေသဆုံးႏုိင္တဲ့ အေျခအေန ျဖစ္လာႏုိင္ေၾကာင္း UNICEF က ေျပာထားပါတယ္။

ယမန္ႏွစ္က အာဟာရခ်ဳိ႕တဲ့မႈ ျဖစ္ေနတဲ့ ေျမာက္ကုိရီးယား ကေလးငယ္ ၆၀,၀၀၀ ကုိ UNICEF က စီမံကိန္းျဖင့္ ေဆာင္႐ြက္ခဲ့ရာ ကေလးငယ္ ၃၉,၀၀၀ ကုိ အာဟာရျဖည့္တင္းတဲ့ကုထုံးျဖင့္ ျပဳစုေစာင့္ေ႐ွာက္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

မိလႅာစနစ္နဲ႕ တစ္ကုိယ္ရည္သန္႕႐ွင္းမႈ အားနည္းျခင္းနဲ႕ အာဟာရခ်ဳိ႕တဲ့ျခင္းတုိ႕က ေျမာက္ကုိရီးယားကေလးေတြ ေသဆုံးရျခင္းရဲ႕ အဓိကအေၾကာင္းရင္း ျဖစ္ေနဆဲလုိ႕ UNICEF က ေျပာပါတယ္။

UNICEF က ေျမာက္ကုိရီးယားမွာ အာဟာရျဖည့္တင္းမႈ၊ က်န္းမာေရးနဲ႕ ေရရ႐ွိမႈတုိ႕အတြက္ ယခုႏွစ္မွာ ရန္ပုံေငြ အေမရိကန္ေဒၚလာ ၁၆.၅ သန္း ႐ွာေဖြေနပါတယ္။

UNICEF ဟာ ေျမာက္ကုိရီးယားကုိ ဝင္ခြင့္ရထားတဲ့ အကူအညီေပး အဖြဲ႕အစည္းအနည္းငယ္မွာ ပါဝင္ပါတယ္။ ေျမာက္ကုိရီးယားမွာ ၁၉၉၀ ျပည့္လြန္ႏွစ္လယ္ပုိင္းက အငတ္ေဘးက်ေရာက္ခဲ့ဖူးၿပီး လူဦးေရသုံးသန္းအထိ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
မြောက်ကိုရီးယားနိုင်ငံမှာ ခန့်မှန်းခြေ ကလေးငယ် ၆၀,၀၀၀ ဟာ အစာရေစာငတ်ပြတ်မှု တွေ့ကြုံနိုင်တဲ့ အခြေအနေ ဖြစ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပိတ်ဆို့မှုတွေကြောင့် အကူအညီပေးတဲ့ ပစ္စည်းများ ပို့ဆောင်ရာမှာ နှောင့်နှေးမှုဖြစ်စေပြီး အခြေအနေ ပိုဆိုးလာခဲ့ကြောင်း UNICEF က ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေ အကောင်အထည်ဖော်နေမှုကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို ကူညီပေးနေမှုဖြင့် အဖွဲ့အစည်းကိုးခု၊ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ မြောက်ကိုရီးယားသင်္ဘော ၆ စင်းတို့ကို အမေရိကန်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ လုပ်ငန်းတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ရှိကြောင်း UNICEF လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူး အိုမာအဗ္ဗဒီက ပြောပါတယ်။

“ဒါပေမဲ့ တစ်ကယ်တမ်းမှာ ဘဏ်တွေ၊ ပစ္စည်းထောက်ပံ့တဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် သင်္ဘောလိုင်းတွေက မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက် ဆောင်ရွက်နေကြတယ်။ ဒီ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်မိတာကြောင့် နောက်ပိုင်းဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သူတို့က ရှောင်ရှားချင်ကြတာပေါ့” လို့ အိုမာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထို့ကြောင့် မြောက်ကိုရီးယားနိုင်ငံကို အကူအညီပေးရေး ပစ္စည်းများပို့ဆောင်ရာမှာ နှောင့်နှေးမှု အခက်အခဲတွေ တွေ့ကြုံနေရတယ်လို့ ၎င်းက ဆိုပါတယ်။

မြောက်ကိုရီးယားမှာ ၂၀၀,၀၀၀ စိုးရိမ်ဖွယ်ရာ အာဟာရချို့တဲ့မှု ဖြစ်နေပြီး ၎င်းတို့အနက် ၆၀,၀၀၀ ကတော့ အစာရေစာငတ်ပြတ် သေဆုံးနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ကြောင်း UNICEF က ပြောထားပါတယ်။

ယမန်နှစ်က အာဟာရချို့တဲ့မှု ဖြစ်နေတဲ့ မြောက်ကိုရီးယား ကလေးငယ် ၆၀,၀၀၀ ကို UNICEF က စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ ကလေးငယ် ၃၉,၀၀၀ ကို အာဟာရဖြည့်တင်းတဲ့ကုထုံးဖြင့် ပြုစုစောင့်ရှောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

မိလ္လာစနစ်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့က မြောက်ကိုရီးယားကလေးတွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်နေဆဲလို့ UNICEF က ပြောပါတယ်။

UNICEF က မြောက်ကိုရီးယားမှာ အာဟာရဖြည့်တင်းမှု၊ ကျန်းမာရေးနဲ့ ရေရရှိမှုတို့အတွက် ယခုနှစ်မှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၆.၅ သန်း ရှာဖွေနေပါတယ်။

UNICEF ဟာ မြောက်ကိုရီးယားကို ဝင်ခွင့်ရထားတဲ့ အကူအညီပေး အဖွဲ့အစည်းအနည်းငယ်မှာ ပါဝင်ပါတယ်။ မြောက်ကိုရီးယားမှာ ၁၉၉၀ ပြည့်လွန်နှစ်လယ်ပိုင်းက အငတ်ဘေးကျရောက်ခဲ့ဖူးပြီး လူဦးရေသုံးသန်းအထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။
Credit: Duwun