ZawGyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
ပွင့်လင်းလွန်းတဲ့အနေအထိုင်အပြုအမူလေးတွေနဲ့ သရုပ်ဆောင်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိူင်မှုတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတဲ့ မင်းသမီးလေးရွှေမှုန်ရတီကတော့ သူမရဲ့ We love Shwe Mhone Yati ဖန်တွေအတွက် မန္တလေးမြို့သို့သွားရောက်ပြီးတော့ Surprise လုပ်ပေးခဲ့တာကြောင့် မန္တလေးကသူမရဲ့ဖန်လေးတွေအံ့အားသင့်ခဲ့ရတာပါ။ချစ်ဖို့ကောင်းတဲ့ ရွှေမှုန်လေးရဲ့အပြုအမူလေးတွေကြောင့် သူမကိုချစ်ကြတဲ့ဖန်တွေကလည်း အပျော်ကြီးပျော်နေကြသလို ရွှေမှုန်လေးကိုယ်တိုင်ကလည်း အရမ်းပျော်ခဲ့ရတာပဲဖြစ်ပါတယ်။ရွှေမှုန်လေးရဲ့အပျော်တွေကူးစက်စေနိုင်ဖို့အတွက် သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို မိုမိုလေးချစ်ပရိသတ်ကြီးတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
Scott ရဲ့ကလေးတွေနဲ့ အဆင်ပြေနေတဲ့ Sofia
မင်းသမီးလေးရွှေမှုန်ကတော့ ချစ်ရတဲ့ဖန်တွေနဲ့တွေ့ဆုံခဲ့ရတာ အရမ်းပျော်ခဲ့ရတဲ့အကြောင်းကိုတော့ “မသိဘူး မနေ့က အရမ်းပျော်တယ် we love ❤️ 😊 yay” လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာရေးသားထားပါသေးတယ်နော်။
ရွှေမှုန်လေးကတော့ လတ်တလောမှာ ရုံတင်ပြသခဲ့တဲ့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ငယ်ကျွန်”ဇာတ်ကားမှာလည်း အရမ်းမိုက်တဲ့သဘာဝဆန်ဆန်သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက ပိုမိုသဘောကျလာကြတာပါ။ရွှေမှုန်ရတီကိုချစ်ကြတဲ့ မိုမိုလေးချစ်ပရိသတ်တွေလည်း ရွှေမှုန်လေးအခုလိုပျော်ရွှင်နေတာကိုမြင်ရတဲ့အတွက် ကျေနပ်နေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။
Credit: Myint Myat( MOMOLAY )