ZawGyiျဖင့္ဖတ္ရန္

ေက်ာင္းမွာ စာမလုပ္တာေၾကာင့္ ၁၂ နွစ္အရြယ္သမီးျဖစ္သူကို ဖခင္ျဖစ္သူက အပိုင္းပိုင္းျဖတ္သတ္ကာ အမ်ားသံုးအိမ္သာကေန စြန္႔ပစ္ခဲ့ပါတယ္။အသက္ ၄၆ နွစ္အရြယ္ ေဂ်ာင္လီ လို႔အမည္ရတဲ့ ဒီလူဟာ တရုတ္နိုင္ငံအေရွ႕ပိုင္း Zhejiang ျပည္နယ္ Wenzhou ျမိဳ႕က ျဖစ္ပါတယ္။

သမီးျဖစ္သူကို လည္ပင္းညစ္သတ္ျပီး ခႏၶာကိုယ္ကို အပိုင္းပိုင္းျဖတ္ကာ အိမ္မ်က္နွာခ်င္းဆိုင္က အမ်ားသံုး အိမ္သာထဲ သယ္သြားခဲ့တာ ျဖစ္ပါတယ္။ ရဲစခန္းကို ကေလးေပ်ာက္ေနေၾကာင္းလည္း သူက တိုင္ၾကားခဲ့ပါတယ္။ရဲေတြကလည္း အေစာၾကီးကတည္းက သူ႔ကို သံသယရွိခဲ့ၾကတယ္လို႔ ဆိုပါတယ္။

“ကၽြန္ေတာ္တို႔ စကားေျပာၾကည့္တဲ့အိမ္နီးနားခ်င္းေတြရဲ႕ အေျပာအရ သူ႔သမီးကို သူက လိုက္ရွာတာေတြဘာေတြလည္း မလုပ္ဘူး။ ထြက္သြားတာကိုပဲ ေပ်ာ္ေနသလိုပဲ”လို႔ ရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ေနာက္သံုးရက္ေလာက္အၾကာမွာ အိမ္သာထိန္းသိမ္းေရး ဝန္ထမ္းေတြက လူလက္ျပတ္တစ္ဖက္ကို ေတြ႕ေၾကာင္း ရဲစခန္းကို အေၾကာင္းၾကားခဲ့ပါတယ္။
စစ္ေဆးေမးျမန္းမႈေတြကို စနစ္တက်ျပဳလုပ္ျပီးတဲ့အခါမွာေတာ့ Li ဟာ သူ႔သမီးကို သတ္ခဲ့ေၾကာင္းဝန္ခံခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ဒီလိုသတ္ျဖတ္မႈအတြက္ သမီးေကာင္း တစ္ေယာက္မဟုတ္ဘဲ မိသားစုကို စိတ္ေပ်ာက္ေအာင္လုပ္တဲ့ သူ႔သမီးကိုပဲ အျပစ္တင္ခဲ့တယ္လို႔ ဆိုပါတယ္။
Li ဟာ ေထာင္ထဲမွာ တစ္သက္တစ္ကၽြန္း က်ခံရေတာ့မွာ ျဖစ္ပါတယ္။

Credit: ဖိုးသူေတာ္

Unicodeဖြင့်ဖတ်ရန်

ကျောင်းတွင်စာမလုပ်သောကြောင့် ၁၂ နှစ်အရွယ်သမီးကို ဖခင်ဖြစ်သူက ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်၍သတ်

ကျောင်းမှာ စာမလုပ်တာကြောင့် ၁၂ နှစ်အရွယ်သမီးဖြစ်သူကို ဖခင်ဖြစ်သူက အပိုင်းပိုင်းဖြတ်သတ်ကာ အများသုံးအိမ်သာကနေ စွန့်ပစ်ခဲ့ပါတယ်။အသက် ၄၆ နှစ်အရွယ် ဂျောင်လီ လို့အမည်ရတဲ့ ဒီလူဟာ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Wenzhou မြို့က ဖြစ်ပါတယ်။

သမီးဖြစ်သူကို လည်ပင်းညစ်သတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ကာ အိမ်မျက်နှာချင်းဆိုင်က အများသုံး အိမ်သာထဲ သယ်သွားခဲ့တာ ဖြစ်ပါတယ်။ ရဲစခန်းကို ကလေးပျောက်နေကြောင်းလည်း သူက တိုင်ကြားခဲ့ပါတယ်။ရဲတွေကလည်း အစောကြီးကတည်းက သူ့ကို သံသယရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ စကားပြောကြည့်တဲ့အိမ်နီးနားချင်းတွေရဲ့ အပြောအရ သူ့သမီးကို သူက လိုက်ရှာတာတွေဘာတွေလည်း မလုပ်ဘူး။ ထွက်သွားတာကိုပဲ ပျော်နေသလိုပဲ”လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

နောက်သုံးရက်လောက်အကြာမှာ အိမ်သာထိန်းသိမ်းရေး ဝန်ထမ်းတွေက လူလက်ပြတ်တစ်ဖက်ကို တွေ့ကြောင်း ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။
စစ်ဆေးမေးမြန်းမှုတွေကို စနစ်တကျပြုလုပ်ပြီးတဲ့အခါမှာတော့ Li ဟာ သူ့သမီးကို သတ်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီလိုသတ်ဖြတ်မှုအတွက် သမီးကောင်း တစ်ယောက်မဟုတ်ဘဲ မိသားစုကို စိတ်ပျောက်အောင်လုပ်တဲ့ သူ့သမီးကိုပဲ အပြစ်တင်ခဲ့တယ်လို့ ဆိုပါတယ်။
Li ဟာ ထောင်ထဲမှာ တစ်သက်တစ်ကျွန်း ကျခံရတော့မှာ ဖြစ်ပါတယ်။

Credit: ဖိုးသူတော်