Zawgyi ျဖင့္ဖတ္ရန္

တရုတ္ႏုိင္ငံ က မိန္းကေလး တစ္ဦးဟာ မ်က္ႏွာ ေပၚမွာဆုိရင္ ေမြးရာပါ အမွတ္ တစ္ခုပါလာရာကေန အသက္အႏၱရာယ္ကုိ ၿခိမ္းေျခာက္လာႏုိင္တဲ့ အေျခအေနတစ္ခုနဲ႔ ရင္ဆုိင္ေနရပါတယ္။ ဒီ့အတြက္ ေၾကာင့္မုိ႔လုိ႔ ဒီအသက္အႏၱရာယ္ကုိ လြတ္ေျမာက္သြားႏုိင္ဖုိ႔အတြက္ မ်က္ႏွာအေရျပားထဲကုိ ၾကက္ ဥအရြယ္အစား ေဘာလံုးေလးလံုးကုိ ထည့္သြင္းၿပီးေတာ့ ကုသမႈတစ္ခုကုိ လုပ္ေဆာင္ထားရတယ္လုိ႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဆီအုိရမ္း လုိ႔ အမည္ရတဲ့ မိန္းကေလးငယ္ ရဲ႕ မ်က္မွာ မွာ ေမြးရာပါ လာတဲ့ အမဲေရာင္ အမွတ္အသားကြက္က မ်က္ႏွာျပင္ တစ္ခုလံုးမွာ ႀကီးႀကီးမားမားဖံုးကြယ္ေနၿပီးေတာ့ ဒါဟာ တကယ့္ကုိ ရွားပါးတဲ့မ်ိဳးရိုးဗီဇလကၡဏာတစ္ခုလုိ႔လည္း ဆရာဝန္ ေတြက ဆုိထားပါတယ္။ တစ္ရာခုိင္ ႏႈန္းေလာက္သာ ျဖစ္ႏုိင္ေခ်ရွိတဲ့ ဒီေရာဂါလကၡဏာေၾကာင့္ သူမရဲ႕ က်န္းမာေရးနဲ႔ အသက္အႏၱရာယ္ ကုိ ၿခိမ္းေျခာက္လာႏုိင္တဲ့ အေျခအေနထိ ျဖစ္ေပၚလာခဲ့ပါတယ္။

ေမြးရာပါ အမွတ္အသား ကေန အက်ိတ္တစ္ခုျဖစ္ေပၚလာႏုိင္ၿပီးေတာ့ ဆုိးဆိုးရြားရြားနာက်င္မႈ ေရာဂါ တစ္ခုကုိ ခံစားရမွာျဖစ္တာေၾကာင့္ ဒါကုိ ကာကြယ္ႏိုင္ဖုိ႔ ဆရာဝန္ေတြက သူမအတြက္ ကုသမႈကုထံုး တစ္ခုကုိ ဖန္တီးေပးခဲ့ပါတယ္။ အမဲေရာင္အမွတ္ျဖစ္ေပၚေနတဲ့ မ်က္ႏွာျပ င္ထဲ ၾကက္ ဥအရြယ္အစား ေဘာလံုးေလးလံုးကုိ ထည့္သြင္းၿပီးေတာ့ မ်က္ႏွာျပင္ကုိ ပုိမုိႀကီးမားက်ယ္ျပန္႔ေအာင္ ျပဳလုပ္ၿပီးမွ အဆုိပါ မ်က္ႏွာ အမွတ္အသား ကုိ ဖယ္ရွားပစ္ဖုိ႔ ရႏုိင္မယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ဒီ့အတြက္ေၾကာင့္ လူနာရွင္ မိန္းကေလး နဲ႔ မိခင္ ေတြက သေဘာတူညီခဲ့ၿပီးေတာ့ ေမြးရာပါမွဲ႕အမွတ္ အသားဖယ္ရွားမႈကုထံုးကုိ စတင္ကုသမႈခံယူခဲ့ပါတယ္။ သူမရဲ႕မ်က္ႏွာထဲ ေဘာလံုးထိုးထည့္ကာ အေရျပားကုိ ဆန႔္ေစခဲ့ၿပီး အမွတ္အသားကုိ ဖယ္ရွားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

Credit : Shweinlay

Unicode ဖြင့်ဖတ်ရန်

မွေးရာပါအမှတ်ကိုဖယ်ရှားဖို့ မျက်နှာအရေပြားထဲ ဘောလုံးလေးလုံးထည့်သွင်းခဲ့တဲ့ တရုတ်နိုင်ငံကမိန်းကလေး

တရုတ်နိုင်ငံက မိန်းကလေးတစ်ဦးဟာ မျက်နှာပေါ်မှာဆိုရင် မွေးရာပါအမှတ်တစ်ခုပါလာရာကနေ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီ့အတွက် ကြောင့်မို့လို့ ဒီအသက်အန္တရာယ်ကို လွတ်မြောက်သွားနိုင်ဖို့အတွက် မျက်နှာအရေပြားထဲကို ကြက် ဥအရွယ်အစား ဘောလုံးလေးလုံးကို ထည့်သွင်းပြီးတော့ ကုသမှုတစ်ခုကို လုပ်ဆောင်ထားရတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆီအိုရမ်းလို့ အမည်ရတဲ့ မိန်းကလေးငယ်ရဲ့ မျက်မှာမှာ မွေးရာပါလာတဲ့ အမဲရောင်အမှတ်အသားကွက်က မျက်နှာပြင်တစ်ခုလုံးမှာ ကြီးကြီးမားမားဖုံးကွယ်နေပြီးတော့ ဒါဟာ တကယ့်ကို ရှားပါးတဲ့မျိုးရိုးဗီဇလက္ခဏာတစ်ခုလို့လည်း ဆရာဝန်တွေက ဆိုထားပါတယ်။ တစ်ရာခိုင် နှုန်းလောက်သာ ဖြစ်နိုင်ချေရှိတဲ့ ဒီရောဂါလက္ခဏာကြောင့် သူမရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေထိ ဖြစ်ပေါ်လာခဲ့ပါတယ်။

မွေးရာပါအမှတ်အသားကနေ အကျိတ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးတော့ ဆိုးဆိုးရွားရွားနာကျင်မှု ရောဂါ တစ်ခုကို ခံစားရမှာဖြစ်တာကြောင့် ဒါကို ကာကွယ်နိုင်ဖို့ ဆရာဝန်တွေက သူမအတွက် ကုသမှုကုထုံး တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ အမဲရောင်အမှတ်ဖြစ်ပေါ်နေတဲ့ မျက်နှာပြင်ထဲ ကြက်ဥအရွယ်အစား ဘောလုံးလေးလုံးကို ထည့်သွင်းပြီးတော့ မျက်နှာပြင်ကို ပိုမိုကြီးမားကျယ်ပြန့်အောင် ပြုလုပ်ပြီးမှ အဆိုပါ မျက်နှာအမှတ်အသားကို ဖယ်ရှားပစ်ဖို့ ရနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီ့အတွက်ကြောင့် လူနာရှင်မိန်းကလေးနဲ့ မိခင်တွေက သဘောတူညီခဲ့ပြီးတော့ မွေးရာပါမှဲ့အမှတ် အသားဖယ်ရှားမှုကုထုံးကို စတင်ကုသမှုခံယူခဲ့ပါတယ်။ သူမရဲ့မျက်နှာထဲ ဘောလုံးထိုးထည့်ကာ အရေပြားကို ဆန့်စေခဲ့ပြီး အမှတ်အသားကို ဖယ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit : Shweinlay