ZawGyiဖြင့်ဖတ်ရန်
Ref : Facebook
Unicodeဖြင့်ဖတ်ရန်
ဖိလစ်ပိုင်မှာ ABS-CBN ကနေ ထုတ်လွှင့်နေတဲ့ CJ7 ဇာတ်ကားဟာ ကြည့်ရှု့သူ အရမ်းများတာကြောင့် အကြိမ်ကြိမ် ထုတ်လွှင့်နေရပြီး Stephen ဆိုတဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်တဲ့ Xu Jiao ဟာ ပရိသတ်တွေ အသည်းစွဲ သရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။
Steven Chow ရဲ့ သားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Xu Jiao ဟာ အပြင်မှာ မိန်းကလေး ဖြစ်နေတာကို ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပါတယ်။ Xu Jiao ရဲ့ ပုံပြောင်းထားတဲ့ ပုံတွေ အွန်လိုင်းပေါ်မှာ မနေ့က ပျံ့နှံခဲ့ပါတယ်။
Xu Jiao ဟာ တကယ့် မိန်းကလေး ဖြစ်ပါတယ်။ သူ့ရဲ့ ပုံဟာ အင်တာနက်မှာ share လုပ်တာ အများအပြား ခံနေရပြီး hit တဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ Jiao ဟာ တရုတ်ပြည်က သရုပ်ဆောင် မိန်းကလေး တစ်ယောက်ဖြစ်ပြီး CJ 7 ရုပ်ရှင်မှာ ပရိသတ်တွေရဲ့ အားပေးမှု အများအပြား ရရှိခဲ့ပါတယ်။
သူက မိန်းကလေး တစ်ယောက် ဖြစ်ပေမယ့် ရုပ်ရှင်ထဲမှာ ယောကျာၤးလေး အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Jiao က Hong Kong Film Award မှာ Best New Performer ဆု ရရှိခဲ့ပြီး Mulan ရုပ်ရှင်မှာလည်း Mulan တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
Ref : Facebook
Credit: Zan(Momolay)
LEAVE A REPLY