Zawgyi ဖြင့်ဖတ်ရန်
Photos©Shwe Htut Tin
Unicode ဖြင့်ဖတ်ရန်
ပရိတ်သတ်တွေ နှမြောတသဖြစ်ခဲ့ကြရတဲ့ လွင်းမိုးရဲ့ သမီးလေး ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမဖြစ်သူက မနှမြောကြပါနဲ့ ကျွန်မသားလေး လိမ္မာပါတယ် လို့ ပြောလာပါတယ်။
မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်တဲ့ မယွန်းဝတီလွင်မိုးနဲ့ မောင်ထက်ဦးလှိုင်တို့စုံတွဲကို ဖေ့စ်ဘွက်စာမျက်နှာမှာ အထူးစိတ်ဝင်စားမှု ရှိခဲ့ကြပါတယ်။ အသက်ငယ်လွန်းသေးတဲ့အတွက် ယွန်းဝတီလွင်မိုးကို ပရိတ်သတ်တွေက နှမြောခဲ့ကြတာ ဖြစ်ပါတယ်။
မနှမြောကြပါနဲ့ လို့ သားရှင်ဖြစ်တဲ့ ဒေါ်တင်နွယ်အေးက အင်တာဗျူးတစ်ခုမှာ ပြောလာတာ ဖြစ်ပါတယ်။ “မနှမြောပါနဲ့ ကျွန်မသားလေး လိမ္မာပါတယ် လို့၊ ကျွန်မ သားလေးက အရမ်းချစ်တယ်။ တော်တော်ကို ချစ်တာ။ ချစ်လွန်းလို့ သားလေး လုပ်ချင်တာ မှန်သမျှ ချွေးမလေးလည်း စိတ်ချမ်းသားအောင်၊ သူတို့ မျက်နှာပျက်ရမယ့်ဟာမျိုး ကျွန်မတို့ မလုပ်ပါဘူး” လို့ ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမက ပြောပါတယ်။
ဦးတင်မောင်ညွန့်နဲ့ ဒေါ်တင်နွယ်အေး တို့ဟာ ဂိုးလ်ဒင်းမွန်း ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ ယခုမင်္ဂလာပွဲအတွက် အင်မတန်ဂုဏ်ယူ ပျော်ရွှင်နေကြတာကိုလည်း အင်တာဗျူးတွေမှာ တွေ့ရပါတယ်။
Photos©Shwe Htut Tin
share [email protected]pannpwint