ZawGyiျဖင့္ဖတ္ရန္

ေဘာက္ခ်ာအေဟာင္း ဒါမွမဟုတ္ လက္ေဆာင္ ျဖတ္ပုိင္းအေဟာင္းကို ေတြ႔တာက နည္းနည္းေတာ့ ေပ်ာ္စရာေကာင္းေပမယ့္ အဲဒီ ေဘာက္ခ်ာက ေန႔စြဲကုန္ဆံုးသြားၿပီး သံုးလုိ႔မရေတာ့ဘူး ဆုိတာကေတာ့ စိတ္ပ်က္စရာအျပင္ ဘာမွ မရွိပါဘူး။

လူအမ်ားစုက ေပါင္ ၂၀ ေလာက္ ဆံုး႐ံႈးရင္ စိတ္ပ်က္တတ္ၾကေပမယ့္ အမ်ိဳးသားတေယာက္ ေဒၚလာ ၄၀၀ တန္ေၾကးရွိတဲ့ သူ႔ရဲ႕ ေလယာဥ္လက္မွတ္အေဟာင္းကို အိပ္ရာေအာက္က ေတြ႔ခဲ့ပါတယ္။

အေမရိကန္ႏုိင္ငံ ေျမာက္ကယ္႐ိုလုိင္းနားျပည္နယ္က ဂြ်န္ေဝါ့ကာဆုိတဲ့ အမ်ိဳးသား တေယာက္က ၁၉၉၉ ခုႏွစ္ ဇန္နဝါရီလမွာ သူ႔ ေယာက္ဖရဲ႕ မဂၤလာပြဲကုိ သြားဖုိ႔ ေလယာဥ္လတ္မွတ္ တေစာင္ ဝယ္ခဲ့ပါတယ္။ ဒါေပမယ့္ သူ ဒီမဂၤလာေဆာင္ကို မတက္ေရာက္ႏုိင္ခဲ့လုိ႔ ေလယာဥ္ လက္မွတ္ကို မသံုးခဲ့ရဘူးလုိ႔ ဒဗလ်ဴအက္ဖ္အမ္ဝိုင္-၂ တီဗီြသတင္းဌာနက ေျပာပါတယ္။

သူက ေလယာဥ္လက္မွတ္ရဲ႕ တန္ဖုိးေငြကို ျပန္ထုတ္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ေလယာဥ္ကုမၸဏီက လတ္မွတ္အတြက္ ေငြျပန္မထုတ္ေပးႏုိင္ဘူး၊ ဒါေပမယ့္ ေနာက္တခ်ိန္မွာ ဒီတန္ဖုိးအတုိင္း ေလယာဥ္ စီးလုိ႔ရတယ္လုိ႔ အေၾကာင္းျပန္ခဲ့တာပါ။

သူက အဲဒီအခ်ိန္တုန္းက ခရီးထြက္ဖုိ႔ အစီအစဥ္မရွိလုိ႔ ကုမၸဏီရဲ႕ အေၾကာင္းျပန္စာကို လံုၿခံဳတဲ့ တေနရာမွာ သိမ္းထားၿပီး အဲဒါေတြအားလံုးကို ေမ့သြားခဲ့တယ္လုိ႔ ဆုိပါတယ္။

သိပ္မၾကာခင္အခ်ိန္က သူအိပ္ရာကို ရွင္းလင္းခ်ိန္ စာရြက္စာတမ္းအျပည့္နဲ႔ ဘူးေဟာင္းတခုကို ရွာေတြ႔ခဲ့ၿပီး ေလယာဥ္လက္မွတ္ကို ေတြ႔ခဲ့သလုိ ကုမၸဏီရဲ႕ျပန္စာကိုေတာ့ ဘူးရဲ႕ေအာက္ေျခမွာ ေတြ႔ခဲ့တယ္လို႔ ဆုိပါတယ္။

သူက သူ႔ကံကုိ စမ္းခ်င္လုိ႔ ကုမၸဏီရဲ႕ ဝယ္သူေတြအတြက္ ဝန္ေဆာင္မႈေပးတဲ့ ေဟာ့လိုင္းကို ဖုန္္းေခၚလုိက္ပါတယ္။ သူ႔ကို ကုမၸဏီရဲ႕ ဌာန ေတာ္ေတာ္မ်ားဆီ လႊဲေပးေပမယ့္ ဒီလုိ လက္မွတ္အေဟာင္း တေစာင္အတြက္ ဘာလုပ္ေပးရမယ္ဆုိတာ ဘယ္သူမွ မသိၾကပါဘူး။

ဒါေၾကာင့္ သူက ကုမၸဏီရဲ႕ တီြတာအေကာင့္ေပၚမွာ စာေရးတင္ဖုိ႔ ဆံုးျဖတ္လုိက္ၿပီး စာေရးတင္ၿပီး ရက္အနည္းငယ္ အၾကာမွာပဲ အေၾကာင္းျပန္စာ ရခဲ့ပါတယ္။

ယူႏုိက္တက္ ေလေၾကာင္းလိုင္းရဲ႕ မူလေလယာဥ္ ကုမၸဏီက ၂၀၀၂ ခုႏွစ္မွာ ဆက္မလုပ္ေတာ့လုိ႔ အေႂကြးေတြအားလံုးနဲ႔ ေဘာက္ခ်ာေတြအားလံုးကို ရွင္းထားခဲ့ေၾကာင္း၊ ဒါေၾကာင့္ ဂြ်န္္႔ဆီမွာရွိတဲ့ ကုမၸဏီရဲ႕စာကုိ တာဝန္မခံေတာ့ေၾကာင္း သူ႔ကုိ ျပန္အေၾကာင္းျပန္ခဲ့ပါတယ္။ ဒါေပမယ့္ ဂြ်န္္႔ရဲ႕ျဖစ္ရပ္က ထူးဆန္းလြန္းလုိ႔ ဘာပဲျဖစ္ျဖစ္ လက္ရွိကုမၸဏီက ဒီလက္မွတ္အတြက္ လတ္မွတ္အစားျပန္ေပးဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။

ေငြေၾကး ေဖာင္းပြသြားလုိ႔ ခုအခ်ိန္မွာ ေဒၚလာ ၅၇၀ တန္ေၾကးရွိတဲ့ သူ႔ရဲ႕ ေလယာဥ္လတ္မွတ္အသစ္နဲ႔ ဘယ္ကုိ သြားရမလဲဆုိတာ ဂြ်န္က မဆံုးျဖတ္ရေသးဘူးလုိ႔ ဒဗလ်ဴအက္ဖ္အမ္ဝုိင္-၂ တီဗီြသတင္းဌာနကို ေျပာပါတယ္။

ဒါက ယေန႔ေခတ္ သံုးစြဲသူေတြအတြက္ ဝန္ေဆာင္မႈပဲလုိ႔ ေမရာသတင္းတပုဒ္မွာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ေဖာ္ျပထားပါတယ္။

Unicodeဖြင့်ဖတ်ရန်

ဘောက်ချာအဟောင်း ဒါမှမဟုတ် လက်ဆောင် ဖြတ်ပိုင်းအဟောင်းကို တွေ့တာက နည်းနည်းတော့ ပျော်စရာကောင်းပေမယ့် အဲဒီ ဘောက်ချာက နေ့စွဲကုန်ဆုံးသွားပြီး သုံးလို့မရတော့ဘူး ဆိုတာကတော့ စိတ်ပျက်စရာအပြင် ဘာမှ မရှိပါဘူး။

လူအများစုက ပေါင် ၂၀ လောက် ဆုံးရှုံးရင် စိတ်ပျက်တတ်ကြပေမယ့် အမျိုးသားတယောက် ဒေါ်လာ ၄၀၀ တန်ကြေးရှိတဲ့ သူ့ရဲ့ လေယာဉ်လက်မှတ်အဟောင်းကို အိပ်ရာအောက်က တွေ့ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က ဂျွန်ဝေါ့ကာဆိုတဲ့ အမျိုးသား တယောက်က ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှာ သူ့ ယောက်ဖရဲ့ မင်္ဂလာပွဲကို သွားဖို့ လေယာဉ်လတ်မှတ် တစောင် ဝယ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ဒီမင်္ဂလာဆောင်ကို မတက်ရောက်နိုင်ခဲ့လို့ လေယာဉ် လက်မှတ်ကို မသုံးခဲ့ရဘူးလို့ ဒဗလျူအက်ဖ်အမ်ဝိုင်-၂ တီဗွီသတင်းဌာနက ပြောပါတယ်။

သူက လေယာဉ်လက်မှတ်ရဲ့ တန်ဖိုးငွေကို ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ်ကုမ္ပဏီက လတ်မှတ်အတွက် ငွေပြန်မထုတ်ပေးနိုင်ဘူး၊ ဒါပေမယ့် နောက်တချိန်မှာ ဒီတန်ဖိုးအတိုင်း လေယာဉ် စီးလို့ရတယ်လို့ အကြောင်းပြန်ခဲ့တာပါ။

သူက အဲဒီအချိန်တုန်းက ခရီးထွက်ဖို့ အစီအစဉ်မရှိလို့ ကုမ္ပဏီရဲ့ အကြောင်းပြန်စာကို လုံခြုံတဲ့ တနေရာမှာ သိမ်းထားပြီး အဲဒါတွေအားလုံးကို မေ့သွားခဲ့တယ်လို့ ဆိုပါတယ်။

သိပ်မကြာခင်အချိန်က သူအိပ်ရာကို ရှင်းလင်းချိန် စာရွက်စာတမ်းအပြည့်နဲ့ ဘူးဟောင်းတခုကို ရှာတွေ့ခဲ့ပြီး လေယာဉ်လက်မှတ်ကို တွေ့ခဲ့သလို ကုမ္ပဏီရဲ့ပြန်စာကိုတော့ ဘူးရဲ့အောက်ခြေမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

သူက သူ့ကံကို စမ်းချင်လို့ ကုမ္ပဏီရဲ့ ဝယ်သူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ ဟော့လိုင်းကို ဖုန်းခေါ်လိုက်ပါတယ်။ သူ့ကို ကုမ္ပဏီရဲ့ ဌာန တော်တော်များဆီ လွှဲပေးပေမယ့် ဒီလို လက်မှတ်အဟောင်း တစောင်အတွက် ဘာလုပ်ပေးရမယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။

ဒါကြောင့် သူက ကုမ္ပဏီရဲ့ တွီတာအကောင့်ပေါ်မှာ စာရေးတင်ဖို့ ဆုံးဖြတ်လိုက်ပြီး စာရေးတင်ပြီး ရက်အနည်းငယ် အကြာမှာပဲ အကြောင်းပြန်စာ ရခဲ့ပါတယ်။

ယူနိုက်တက် လေကြောင်းလိုင်းရဲ့ မူလလေယာဉ် ကုမ္ပဏီက ၂၀၀၂ ခုနှစ်မှာ ဆက်မလုပ်တော့လို့ အကြွေးတွေအားလုံးနဲ့ ဘောက်ချာတွေအားလုံးကို ရှင်းထားခဲ့ကြောင်း၊ ဒါကြောင့် ဂျွန့််ဆီမှာရှိတဲ့ ကုမ္ပဏီရဲ့စာကို တာဝန်မခံတော့ကြောင်း သူ့ကို ပြန်အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဂျွန့််ရဲ့ဖြစ်ရပ်က ထူးဆန်းလွန်းလို့ ဘာပဲဖြစ်ဖြစ် လက်ရှိကုမ္ပဏီက ဒီလက်မှတ်အတွက် လတ်မှတ်အစားပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ငွေကြေး ဖောင်းပွသွားလို့ ခုအချိန်မှာ ဒေါ်လာ ၅၇၀ တန်ကြေးရှိတဲ့ သူ့ရဲ့ လေယာဉ်လတ်မှတ်အသစ်နဲ့ ဘယ်ကို သွားရမလဲဆိုတာ ဂျွန်က မဆုံးဖြတ်ရသေးဘူးလို့ ဒဗလျူအက်ဖ်အမ်ဝိုင်-၂ တီဗွီသတင်းဌာနကို ပြောပါတယ်။

ဒါက ယနေ့ခေတ် သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုပဲလို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖော်ပြထားပါတယ်။

Credit: DVB