ZawGyiဖြင့်ဖတ်ရန်




Unicodeဖြင့်ဖတ်ရန်

“ကျမဆေးကုသပေးနေသော အရိုးကင်ဆာရောဂါခံစားနေရသောသမီးလေးဆီ ဒီနေ့သွားရောက်ခဲ့ပါတယ်..သမီးလေးကအရင်ကဆံပင်အရှည်လေး.အခုကင်ဆာဆေးသွင်းနေရတော့ ဆံပင်တွေကျွတ်လို့ ကတုံးလေးတုံးထားရတယ်.ဒီသမီးလေးကမြစ်ကြီးနားကနေရန်ကုန်ကိုဆေးကုဖို့လှမ်းခေါ်ခဲ့တယ်.သမီးလေးကိုဆေးကုသစရိတ်.သူတို့မိသားစုနေစရိတ် စားစရိတ်အားလုံး ကျမထောက်ပံ့ပေးနေပါတယ်” ခိုင်နှင်းဝေက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သနားစရာ မိန်းကလေးဟာ ကင်ဆာကြောင့် ခြေတစ်ဖက်တောင် ဖြတ်လိုက်ရပြီလို့ သိရပါတယ်။”အခုကင်ဆာရောဂါကြောင့်ခြေထောက်တဖက်လဲဖြတ်လိုက်ရပြီ.အဆုတ်ထဲမှာလဲကင်ဆာဆဲလ်တွေပျံ့နှံ ့နေတယ်.ကျမရင်ထဲမကောင်းလိုက်တာ.ဒီနှစ် ၅ တန်းတက်ရမှာ မတက်လိုက်ရလို့စိတ်မကောင်းဖြစ်နေတဲ့သမီးလေးကို နေကောင်းရင်ကျောင်းဆက်တက်ရမယ်လို့ကျမအားပေးခဲ့ပေမဲ့ကျမရင်ထဲအားမရှိဘူးဖြစ်နေတာကိုသမီးလေးမရိပ်မိအောင်ကြိုးစားနေခဲ့တယ်.သမီးလေးနာမည်က နန်းဆုပြည့်ဝင်းတဲ့.မျက်နှာလေးကနန်းဆန်ပြီး ဆုတောင်းတွေပြည့်ပါစေသမီးလေးရယ်” လို့ ခိုင်နှင်းဝေက ဆက်ရေးထားပါတယ်။

ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရောက် ပါဝင်ကူညီဆောင်ရွက်ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ပရဟိတအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ သံန္တွိဋ္ဌာန်ချထားသူတစ်ဦးလည်း ဖြစ်ပါတယ်။
Share From LyHealth Care

READ  ဂျေလို က ချစ်သူ အသစ်နဲ့ တွဲရိုက်တဲ့ ဆယ်လ်ဖီ ပုံတင်ပြီးမှ ပြန်ဖျက်

Photos : ခိုင်နှင်းဝေ FB

 

LEAVE A REPLY