ZawGyiျဖင့္ဖတ္ရန္
ႏိုင္ငံအလံ အသံုးမျပဳရတဲ့ ႐ုရွား ေရခဲျပင္ ေဟာ္ကီကစားသမားေတြဟာ ေနာက္ဆံုးဖုိင္နယ္ပြဲမွာ ဂ်ာမနီနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ၿပီး ေရႊတံဆိပ္ဆုကို ဆြတ္ခူးခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က ျပဳလုပ္တဲ့ ျပံဳခ်န္းအိုလံပစ္ ေနာက္ဆံုးေန႔ ေရခဲျပင္ေဟာ္ကီ ဖုိင္နယ္ပြဲမွာ ႐ုရွားအသင္းဟာ ဂ်ာမနီအသင္းကို ၄-၃ နဲ႔ အႏုိင္ရရိွခဲ့တာပါ။

အမွတ္ခ်င္းတူေနတဲ့ ႐ုရွားနဲ႔ ဂ်ာမနီတုိ႔ဟာ အခ်ိန္ပို ဆက္လက္ယွဥ္ၿပိဳင္ရာမွ ႐ုရွား ကစားသမား ကီရိီ႐ို-ကာပီေဇာ့ရဲ႕ အႏုိင္ရမွတ္နဲ႔ ေရႊတံဆိပ္ဆု ဆြတ္ခူးခဲ့တာပါ။

အခုပြဲဟာ အိုလံပစ္ အမ်ိဳးသားေရခဲျပင္ေဟာ္ကီ တံခြန္စုိက္ၿပိဳင္ပြဲ သမိုင္းမွာ အ့ံံၾသစရာ အေကာင္းဆံုး ဖုိင္နယ္ပြဲစဥ္ေတြထဲက တခု ျဖစ္ပါတယ္။

အခု အုိလံပစ္ၿပိဳင္ပြဲမွာ ႐ုရွားႏုိင္ငံ အလံနဲ႔ ႏုိင္ငံေတာ္သီခ်င္း သီဆိုမႈကို တားျမစ္ထားေပမယ့္ ေအာင္ပြဲခံ ႐ုရွားအားကစားသမားေတြဟာ အိုလံပစ္သီခ်ငး္ သီဆုိခ်ိန္မွာပဲ ႐ုရွား ႏိုင္ငံေတာ္သီခ်င္းကို ထပ္ၿပီးသီဆုိခဲ့တယ္လုိ႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ၿပံဳခ်နး္အုိလံပစ္ပိတ္ပြဲ အခမ္းအနားမွာ ႐ုရွားအလံလႊင့္ျခင္းကို ႏုိင္ငံတကာ အုိလံပစ္ေကာ္မတီက ေဖေဖာ္၀ါရီ ၂၅ ရက္ေန႔က တားျမစ္ခဲ့တာပါ။

ၿပံဳခ်န္း အိုလံပစ္ၿပိဳင္ပြဲအတြင္း ႐ုရွားအားကစားသမားႏွစ္ဦးဟာ တားျမစ္ေဆး စည္းကမ္း ခ်ိဳးေဖာက္ခဲ့တယ္လို႔ အိုလံပစ္ေကာ္မတီက ေျပာၾကားခဲ့ၿပီး ဒီအတြက္ ႐ုရွားအားကစား ကိုယ္စားလွယ္အဖြဲ႔ ပါဝင္ခြင့္ရဖို႔ ဆံုး႐ံႈးခဲ့တာ ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်
နိုင်ငံအလံ အသုံးမပြုရတဲ့ ရုရှားရေခဲပြင် ဟော်ကီကစားသမားတွေဟာ နောက်ဆုံးဖိုင်နယ်ပွဲမှာ ဂျာမနီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ပြုံချန်းအိုလံပစ် နောက်ဆုံးနေ့ ရေခဲပြင်ဟော်ကီ ဖိုင်နယ်ပွဲမှာ ရုရှားအသင်းဟာ ဂျာမနီအသင်းကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တာပါ။

အမှတ်ချင်းတူနေတဲ့ ရုရှားနဲ့ ဂျာမနီတို့ဟာ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာမှ ရုရှား ကစားသမား ကီရီရို-ကာပီဇော့ရဲ့ အနိုင်ရမှတ်နဲ့ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တာပါ။

အခုပွဲဟာ အိုလံပစ် အမျိုးသားရေခဲပြင်ဟော်ကီ တံခွန်စိုက်ပြိုင်ပွဲ သမိုင်းမှာ အံ့ံသြစရာ အကောင်းဆုံး ဖိုင်နယ်ပွဲစဉ်တွေထဲက တခု ဖြစ်ပါတယ်။

အခု အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနိုင်ငံ အလံနဲ့ နိုင်ငံတော်သီချင်း သီဆိုမှုကို တားမြစ်ထားပေမယ့် အောင်ပွဲခံ ရုရှားအားကစားသမားတွေဟာ အိုလံပစ်သီချင်း သီဆိုချိန်မှာပဲ ရုရှား နိုင်ငံတော်သီချင်းကို ထပ်ပြီးသီဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ပြုံချန်းအိုလံပစ်ပိတ်ပွဲ အခမ်းအနားမှာ ရုရှားအလံလွှင့်ခြင်းကို နိုင်ငံတကာ အိုလံပစ်ကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်နေ့က တားမြစ်ခဲ့တာပါ။

ပြုံချန်း အိုလံပစ်ပြိုင်ပွဲအတွင်း ရုရှားအားကစားသမားနှစ်ဦးဟာ တားမြစ်ဆေး စည်းကမ်း ချိုးဖောက်ခဲ့တယ်လို့ အိုလံပစ်ကော်မတီက ပြောကြားခဲ့ပြီး ဒီအတွက် ရုရှားအားကစား ကိုယ်စားလှယ်အဖွဲ့ ပါဝင်ခွင့်ရဖို့ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

Credit: DVB