ZawGyiဖြင့်ဖတ်ရန်
တောင်ကိုရီးယား နိုင်ငံသား အယောက် ၁၃၀၀ နီးပါးဟာ မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ တောင်၊ မြောက်ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။




ကင်ဂျုံအန်းရဲ့ညီမ ကင်ယိုဂျွန်းက သမ္မတ မွန်းဂျဲအင်းနဲ့ တွေ့ဆုံချိန်မှာ ကင်ဂျုံအန်းရဲ့ ဖိတ်ကြားစကားကို တောင်ကိုရီးယားသမ္မတကို ပြောခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်ရရှိရေး ရည်မှန်းချက် မစွန့်လွှတ်သေးသရွေ့ တောင်၊ မြောက် ကိုရီးယားခေါင်းဆောင်တွေ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို ဆန့်ကျင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
Unicodeဖြင့်ဖတ်ရန်
တောင်ကိုရီးယားနိုင်ငံသား အယောက် ၁၃၀၀ နီးပါးဟာ မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ တောင်၊ မြောက်ကိုရီးယား နှစ်နိုုင်ငံ ပေါင်းစည်းရေးအလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

ကိုရီးယားကျွန်းဆွယ် ပေါင်းစည်းရေးအလံဟာ ပြုံချန်း ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲမှာ တောင်နဲ့မြောက်ကိုရီးယား အားကစားသမားတွေ အတူတူ ချီတက်ရာမှာ သုံးခဲ့တဲ့ အလံလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ဆိုးလ်မြို့က ဒွန်ဒေမွန်း ဒီဇိုင်း ပလာဇာရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြတာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းကို ပြုံရမ်းမြို့တော်ဆီကို တရားဝင် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပြီးနောက်မှာ အခုဆန္ဒပြပွဲ ထွက်ပေါ်လာတာပါ။

ကင်ဂျုံအန်းရဲ့ညီမ ကင်ယိုဂျွန်းက သမ္မတ မွန်းဂျဲအင်းနဲ့ တွေ့ဆုံချိန်မှာ ကင်ဂျုံအန်းရဲ့ ဖိတ်ကြားစကားကိုု တောင်ကိုုရီးယားသမ္မတကို ပြောခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်ရရှိရေး ရည်မှန်းချက် မစွန့်လွှတ်သေးသရွေ့ တောင်၊ မြောက် ကိုုရီးယားခေါင်းဆောင်တွေ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို ဆန့်ကျင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
Credit: DVB

LEAVE A REPLY