ZawGyiျဖင့္ဖတ္ရန္

အာရပ္ေစာ္ဘြားမ်ားနိုင္ငံ UAE က ဒီဇိုင္းပညာရွင္ျဖစ္တဲ့ Dabbie Wingham ဆိုသူ အမ်ိဳးသမီးဟာ မဂၤလာပြဲေတြအတြက္ ဒီဇိုင္းေတြ ဖန္တီးေပးတဲ့ ဒီဇိုင္နာတစ္ေယာက္ျဖစ္ၿပီး သူမရဲ့ ဖန္တီးမွုတိုင္းက ေဒၚလာသန္းနဲ႔ခ်ီ ကုန္က်တာမ်ိဳးေတြပဲ ျဖစ္ပါတယ္။

သူမရဲ့တီထြင္မွုေတြထဲမွာ ေဒၚလာ ၁၆ သန္းတန္ ဖိနပ္၊ ေဒၚလာ ၄.၈ သန္းတန္ စိန္အနက္နဲ႔ စီခ်ယ္ထားတဲ့ ဝတ္စုံတို႔ကို တီထြင္ဖန္တီးခဲ့ၿပီး ယခုေနာက္ဆုံး ဖန္တီးလိုက္တာကေတာ့ “Lulwa” လို႔ အမည္ေပးထားတဲ့ အာရပ္သတိုသမီး ႐ုပ္တုပဲျဖစ္ပါတယ္။

ဒီ႐ုပ္တုတစ္ခုလုံးဟာ ၁၂၀ ကီလိုအေလးခ်ိန္ရွိတဲ့ မဂၤလာပြဲကိတ္မုန႔္ျဖစ္ၿပီး ေဒၚလာ ၁ သန္းကုန္က်ပါတယ္။ “Lulwa” ဆိုတာကေတာ့ အာရပ္လို “ပုလဲ” လို႔ အဓိပၸါယ္ရပါတယ္။ အ႐ုပ္ရဲ့ အဝတ္အစားေတြကို သၾကားေပ်ာ့ေပ်ာ့ေလးေတြနဲ႔ ဖန္တီးထားၿပီး ေရျမဳတ္အလႊာေလးမ်ား၊ ေခ်ာ့ကလက္ ၂၅ ကီလိုနဲ႔ သၾကား ကီလို ၅၀ ဝန္က်င္နဲ႔ ဖန္တီးျပဳလုပ္ထားတာျဖစ္ပါတယ္။

ကိတ္မုန႔္ေလးသာျဖစ္ေပမယ့္ အသက္ဝင္လြန္းတဲ့ ပုလဲသတို႔သမီးကိတ္မုန႔္ကို သယ္မဖို႔ဆိုရင္ အနည္းဆုံး လူေျခာက္ေယာက္ေလာက္လိုပါတယ္။ ဒီအ႐ုပ္ေလးကို ဘယ္သူကမွ ကိတ္မုန႔္လို႔ မထင္ၾကဘူးလို႔ဆိုပါတယ္။ အာရပ္ယဥ္ေက်းမွု ပုံစံေတြနဲ႔ ထုံမႊမ္းထားတဲ့ “ပုလဲသတို႔သမီး” က ျမင္ရသူတိုင္း စြဲမက္စရာေကာင္းတဲ့ သတို႔သမီးအစစ္လို႔ေတာင္ ထင္မွားေလာက္ပါတယ္။

https://www.instagram.com/explore/locations/213107825/raffles-dubai/

Unicodeဖြင့်ဖတ်ရန်
အာရပ်စော်ဘွားများနိုင်ငံ UAE က ဒီဇိုင်းပညာရှင်ဖြစ်တဲ့ Dabbie Wingham ဆိုသူ အမျိုးသမီးဟာ မင်္ဂလာပွဲတွေအတွက် ဒီဇိုင်းတွေ ဖန်တီးပေးတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဖန်တီးမှုတိုင်းက ဒေါ်လာသန်းနဲ့ချီ ကုန်ကျတာမျိုးတွေပဲ ဖြစ်ပါတယ်။

သူမရဲ့တီထွင်မှုတွေထဲမှာ ဒေါ်လာ ၁၆ သန်းတန် ဖိနပ်၊ ဒေါ်လာ ၄.၈ သန်းတန် စိန်အနက်နဲ့ စီချယ်ထားတဲ့ ဝတ်စုံတို့ကို တီထွင်ဖန်တီးခဲ့ပြီး ယခုနောက်ဆုံး ဖန်တီးလိုက်တာကတော့ “Lulwa” လို့ အမည်ပေးထားတဲ့ အာရပ်သတိုသမီး ရုပ်တုပဲဖြစ်ပါတယ်။

ဒီရုပ်တုတစ်ခုလုံးဟာ ၁၂၀ ကီလိုအလေးချိန်ရှိတဲ့ မင်္ဂလာပွဲကိတ်မုန့်ဖြစ်ပြီး ဒေါ်လာ ၁ သန်းကုန်ကျပါတယ်။ “Lulwa” ဆိုတာကတော့ အာရပ်လို “ပုလဲ” လို့ အဓိပ္ပါယ်ရပါတယ်။ အရုပ်ရဲ့ အဝတ်အစားတွေကို သကြားပျော့ပျော့လေးတွေနဲ့ ဖန်တီးထားပြီး ရေမြုတ်အလွှာလေးများ၊ ချော့ကလက် ၂၅ ကီလိုနဲ့ သကြား ကီလို ၅၀ ဝန်ကျင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

ကိတ်မုန့်လေးသာဖြစ်ပေမယ့် အသက်ဝင်လွန်းတဲ့ ပုလဲသတို့သမီးကိတ်မုန့်ကို သယ်မဖို့ဆိုရင် အနည်းဆုံး လူခြောက်ယောက်လောက်လိုပါတယ်။ ဒီအရုပ်လေးကို ဘယ်သူကမှ ကိတ်မုန့်လို့ မထင်ကြဘူးလို့ဆိုပါတယ်။ အာရပ်ယဉ်ကျေးမှု ပုံစံတွေနဲ့ ထုံမွှမ်းထားတဲ့ “ပုလဲသတို့သမီး” က မြင်ရသူတိုင်း စွဲမက်စရာကောင်းတဲ့ သတို့သမီးအစစ်လို့တောင် ထင်မှားလောက်ပါတယ်။

Credit: POPOLAY

LEAVE A REPLY