ZawGyiျဖင့္ဖတ္ရန္
ၿပီးခဲ့တဲ့ သီတင္းပတ္မွာပဲ စတင္ ႐ုံတင္ခဲ့တဲ့ Universal ႐ုပ္ရွင္ထုတ္လုပ္ေရးရဲ႕ “Fifty Shades Freed” ႐ုပ္ရွင္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းရဲ႕ ေျမာက္အေမရိက ႐ုံဝင္ေငြစာရင္းမွာ ထိပ္ပိုင္းေနရာ ရယူႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

နာမည္ေက်ာ္ အခ်စ္ဒရာမာ ႐ုပ္ရွင္စီးရီးရဲ႕ တတိယေျမာက္နဲ႔ ေနာက္ဆုံးအပိုင္းဆက္ျဖစ္တဲ့ အဲဒီ႐ုပ္ရွင္ဟာ စာေရးဆရာ E.L. James ရဲ႕ နာမည္တူ ဝတၳဳကို အေျခခံထားတာျဖစ္ၿပီး ခန႔္မွန္းေခ် ေဒၚလာ ၃၈ ဒႆမ ၈ သန္းရဲ႕႐ုံဝင္ေငြ စာရင္းမွာ နံပါတ္တစ္ ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ပထမဆုံးနဲ႔ ဒုတိယေျမာက္ ႐ုပ္ရွင္တို႔ဟာ ပထမဆုံးသီတင္းပတ္ကုန္ပိုင္းမွာတင္ ေဒၚလာ ၈၅ ဒႆမ ၂ သန္းနဲ႔ ၄၆ ဒႆမ ၆ သန္း အသီးသီးစီ ရခဲ့တာေၾကာင့္ အဲဒီ႐ုပ္ရွင္စီးရီးတြဲထဲမွာေတာ့ ႐ုံဝင္ေငြ က်ဆင္းေနခဲ့တာကို ေတြ႕ရပါတယ္။

ဒါေပမယ့္ အဲဒီအေရအတြက္ဟာ တကမာၻလုံးမွာ ႐ုံဝင္ေငြ ေဒၚလာ ၁ ဘီလီယံရရွိေစဖို႔အတြက္ တြန္းအားေပးဖို႔ လုံေလာက္ေနျပန္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “Fifty Shades of Grey” ႐ုပ္ရွင္ဟာ ႐ုံဝင္ေငြစံခ်ိန္ ေတာ္ေတာ္မ်ားမ်ားကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီးေတာ့ ကမာၻတဝန္းမွာ ေဒၚလာ ၅၇၁ သန္း ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ျဖန႔္ခ်ိခဲ့တဲ့ ဒုတိယေျမာက္႐ုပ္ရွင္ “Fifty Shades Darker” ကေတာ့ ကမာၻတဝန္းမွာ ႐ုံဝင္ေငြ ေဒၚလာ ၃၈၁ သန္း ရရွိခဲ့ပါတယ္။

Universal ႐ုပ္ရွင္စတူဒီယိုအေနနဲ႔ မၾကာခင္ က်ေရာက္ေတာ့မယ့္ “ခ်စ္သူမ်ားေန႔”မွာေတာ့ ႐ုံဝင္ေငြ ေကာင္းလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး လာမယ့္သီတင္းပတ္မွာ စတင္ျပသမယ့္ Marvel ရဲ႕ “Black Panther” ႐ုပ္ရွင္နဲ႔လည္း ထိပ္တိုက္ ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းမွာ အသစ္႐ုံတင္ျပသခဲ့တဲ့ ႐ုပ္ရွင္ေတြကေတာ့ Sony ႐ုပ္ရွင္ထုတ္လုပ္ေရးရဲ႕ “Peter Rabbit” ႐ုပ္ရွင္နဲ႔ ဒါ႐ိုက္တာႀကီး Clint Eastwood ရဲ႕ “The 15:17 to Paris” ႐ုပ္ရွင္တို႔ပဲ ျဖစ္ပါတယ္။

READ  ၂၁ရာစုရုပ္ရွင္ေလာကထဲက ျကယ္ေျကြတပြင့္ (သို့) ရုပ္ရွင္ေလာကသားမ်ား အတြက္စဥ္းစားစရာမ်ားခ်န္ခဲ့သူ

Rose Byrne နဲ႔ Domhnall Gleeson တို႔အျပင္ James Corden ရဲ႕ ေနာက္ခံအသံ သ႐ုပ္ေဆာင္မႈေတြနဲ႔ ဟာသဇာတ္ျမဴး ကာတြန္း႐ုပ္ရွင္ “Peter Rabbit” ဟာ ႐ုံဝင္ေငြ ေဒၚလာ ၂၅ သန္းနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဒါ႐ိုက္တာႀကီး Eastwood ရဲ႕ သည္းထိတ္ရင္ဖို “The 15:17 to Paris” ႐ုပ္ရွင္ကေတာ့ ႐ုံဝင္ေငြ ေဒၚလာ ၁၂ ဒႆမ ၆ သန္းနဲ႔ တတိယ ေနရာမွာ ရပ္တည္ေနတယ္လို႔ သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ စတင် ရုံတင်ခဲ့တဲ့ Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Fifty Shades Freed” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းနေရာ ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။

နာမည်ကျော် အချစ်ဒရာမာ ရုပ်ရှင်စီးရီးရဲ့ တတိယမြောက်နဲ့ နောက်ဆုံးအပိုင်းဆက်ဖြစ်တဲ့ အဲဒီရုပ်ရှင်ဟာ စာရေးဆရာ E.L. James ရဲ့ နာမည်တူ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီး ခန့်မှန်းချေ ဒေါ်လာ ၃၈ ဒဿမ ၈ သန်းရဲ့ရုံဝင်ငွေ စာရင်းမှာ နံပါတ်တစ် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပထမဆုံးနဲ့ ဒုတိယမြောက် ရုပ်ရှင်တို့ဟာ ပထမဆုံးသီတင်းပတ်ကုန်ပိုင်းမှာတင် ဒေါ်လာ ၈၅ ဒဿမ ၂ သန်းနဲ့ ၄၆ ဒဿမ ၆ သန်း အသီးသီးစီ ရခဲ့တာကြောင့် အဲဒီရုပ်ရှင်စီးရီးတွဲထဲမှာတော့ ရုံဝင်ငွေ ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။

READ  လတ္တေလာ လူႀကိဳက္မ်ားေနတဲ့ Descendants Of The Sun

ဒါပေမယ့် အဲဒီအရေအတွက်ဟာ တကမ္ဘာလုံးမှာ ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံရရှိစေဖို့အတွက် တွန်းအားပေးဖို့ လုံလောက်နေပြန်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Fifty Shades of Grey” ရုပ်ရှင်ဟာ ရုံဝင်ငွေစံချိန် တော်တော်များများကို ချိုးဖျက်နိုင်ခဲ့ပြီးတော့ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၅၇၁ သန်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဖြန့်ချိခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင် “Fifty Shades Darker” ကတော့ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၃၈၁ သန်း ရရှိခဲ့ပါတယ်။

Universal ရုပ်ရှင်စတူဒီယိုအနေနဲ့ မကြာခင် ကျရောက်တော့မယ့် “ချစ်သူများနေ့”မှာတော့ ရုံဝင်ငွေ ကောင်းလိမ့်မယ်လို့ မျှော်လင့်ထားပြီး လာမယ့်သီတင်းပတ်မှာ စတင်ပြသမယ့် Marvel ရဲ့ “Black Panther” ရုပ်ရှင်နဲ့လည်း ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အသစ်ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်တွေကတော့ Sony ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Peter Rabbit” ရုပ်ရှင်နဲ့ ဒါရိုက်တာကြီး Clint Eastwood ရဲ့ “The 15:17 to Paris” ရုပ်ရှင်တို့ပဲ ဖြစ်ပါတယ်။

Rose Byrne နဲ့ Domhnall Gleeson တို့အပြင် James Corden ရဲ့ နောက်ခံအသံ သရုပ်ဆောင်မှုတွေနဲ့ ဟာသဇာတ်မြူး ကာတွန်းရုပ်ရှင် “Peter Rabbit” ဟာ ရုံဝင်ငွေ ဒေါ်လာ ၂၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါရိုက်တာကြီး Eastwood ရဲ့ သည်းထိတ်ရင်ဖို “The 15:17 to Paris” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ဒေါ်လာ ၁၂ ဒဿမ ၆ သန်းနဲ့ တတိယ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

credit: burma.irrawaddy

LEAVE A REPLY