ZawGyiျဖင့္ဖတ္ရန္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ေရႊဘိုၿမိဳ႕ေပၚတြင္ GPS တပ္ဆင္ထားေသာ ဆိုင္ကယ္ခိုးမိရာမွ ဆိုင္ကယ္ ၁၂ စီး ခိုးယူထားေသာ တရားခံ ၅ ဦးအား ေဖာ္ထုတ္ ဖမ္းဆီးရမိ ခဲ့ေၾကာင္း ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ေရႊဘိုၿမိဳ႕ အမွတ္ ၁၀ ရပ္ကြက္ရွိ “ေမတၱာရွင္”အေဆာင္မွ GPS တပ္ဆင္ထားေသာ ၃၂ယ/၇၂၂၁၉ နံပါတ္ပါ Click (အနီေရာင္) ဆိုင္ကယ္ႏွင့္ FZ ဆိုင္ကယ္ ၂ စီးမွာ ေဖေဖာ္၀ါရီ ၉ ရက္ေန႔ နံနက္ ၄ နာရီခန္႔က ခိုးယူခံရေၾကာင္း သတင္းရရွိသျဖင့္ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးျမင့္ေမာင္၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္ႏွင့္ တပ္ဖြဲ႔၀င္မ်ားသည္ အခင္းျဖစ္ေနရာသို႔
သြားေရာက္ စစ္ေဆးခဲ့ပါသည္။

အဆိုပါ ခုိးယူသြားေသာ Click ဆိုင္ကယ္တြင္ တပ္ဆင္ထားသည့္ GPS စနစ္ေၾကာင့္္ တန္႔ဆည္ၿမိဳ႕နယ္ဘက္သို႔ ေျခရာခံမိသျဖင့္ တန္႔ဆည္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးသန္းေဇာ္ဦးတို႔အဖြဲ႔ႏွင့္ ခ်ိတ္ဆက္ ပူးေပါင္းၿပီး ေက်ာ္မ်ိဳးဦး ၂၂ ႏွစ္ (ဘ)ဦး၀င္းႏြယ္ ေမတၱာၿမိဳင္ရပ္ကြက္ တန္႔ဆည္ၿမိဳ႕ေနသူႏွင့္ ရာေသာ္ ၂၁ (ဘ)ဦးသန္း၀င္း ၾကြက္ကၽြန္းေက်းရြာ ဟသၤာတၿမိဳ႕နယ္ ဧရာ၀တီတိုင္းေနသူတို႔ ၂ ဦး ခိုးယူၿပီး ဆိုင္ကယ္အား လက္ခံထားရွိေသာ သန္းမင္း ၄၁ ႏွစ္ (ဘ)ဦးသိန္းေမာင္ ေခ်ာင္းဆံုေက်းရြာ တန္႔ဆည္ၿမိဳ႕နယ္ေနသူတို႔ ၃ ဦးအား ဖမ္းဆီးစစ္ေဆးခဲ့ပါသည္။

၎တုိ႔ႏွင့္အတူခုိးယူေသာ ေက်ာ္ေက်ာ္(ခ) ေက်ာ္ႀကီး ၂၄ ႏွစ္ (ဘ)ဦးတင္ေရႊ မီးခြက္ေဈးရပ္ကြက္ လႈိင္သာယာၿမိဳ႕နယ္ေနသူႏွင့္ စိုးေဇာ္ထြဋ္(ခ)အရွည္ႀကီး ၃၅ ႏွစ္ (ဘ)ဦးျမႀကီးညိဳ အမွတ္ (၁) ရပ္ကြက္ လႈိင္သာယာၿမိဳ႕နယ္ေနသူတို႔ ၂ ဦးအား ေရႊဘိုၿမိဳ႕ အမွတ္ (၁၀) ျမေတာင္ရပ္ကြက္ရွိ ဦးၿဖိဳးဇင္ ေနအိမ္တြင္ရွိေနစဥ္ မႏၱေလးၿမိဳ႔မွ ခိုးယူလာေသာ CZI အနီီီီီီီီီီီီီီီီီီီီီီေရာင္ဆိုင္ကယ္ ၁ စီး ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည္။

အဆုိပါ ၅ ဦးအား ထပ္မံ စစ္ေဆးေပၚေပါက္ခ်က္အရ FZ (အနက္ေရာင္)ဆိုင္ကယ္ ၁စီး၊ FINO (ပန္စီနက္)ေရာင္ ဆိုင္ကယ္ ၁ စီး၊ HONDA Click (လိေမၼာ္/အနက္ေရာင္) ဆိုင္ကယ္ ၁ စီး၊ Click (ၾကက္ေသြးေရာင္)ဆိုင္ကယ္ ၁ စီး၊ SCOOPYI (နီ/နက္ေရာင္)ဆိုင္ကယ္ ၁စီး၊ SCOOPYI (နီ/ညိဳေရာင္) ဆိုင္ကယ္ ၁စီး၊ SCOOPYI (အနက္ေရာင္ဆိုင္ကယ္) ၁စီး၊
SCOOPYI (အျဖဴေရာင္)ဆိုင္ကယ္ ၁စီး၊ SCOOPYI (အျဖဴ/ေရႊေရာင္)ဆိုင္ကယ္ ၁စီး၊ စုစုေပါင္း ဆိုင္ကယ္ ၁၂ စီး ခိုးယူေရာင္းစားခဲ့ေၾကာင္း ထြက္ဆိုခဲ႔သျဖင့္ သက္ေသမ်ားႏွင့္အတူ လိုက္လံ သိမ္းဆည္းခဲ့သည္။

READ  အေလာင္းေတာ္ကႆဖ ဘုရားဖူးလာသည့္ ဒိုင္နာယာဥ္တိမ္းေမွာက္ၿပီး ႏွစ္ဦးေသဆံုးကာ ၂၂ ဦး ဒဏ္ရာျပင္းထန္စြာ ရရွိ

၎ျဖစ္စဥ္ႏွင့္ ပါတ္သက္၍ ဆိုင္ကယ္ ၁၂ စီး ခိုးယူခဲ့ေသာ ေက်ာ္မ်ိဳးဦး၊ ရာေသာ္၊ သန္းမင္း၊ ေက်ာ္ေက်ာ္(ခ) ေက်ာ္ႀကီးႏွင့္ စိုးေဇာ္ထြဋ္(ခ)အရွည္ႀကီး တို႔ ၅ ဦးအား ၿမိဳ႕မရဲစခန္းမွ (ပ) ၈၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ- ၃၈၀ ျဖင့္ အမႈဖြင့္ ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။
Unicodeဖြင့်ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်တွင် GPS တပ်ဆင်ထားသော ဆိုင်ကယ်ခိုးမိရာမှ ဆိုင်ကယ် ၁၂ စီး ခိုးယူထားသော တရားခံ ၅ ဦးအား ဖော်ထုတ် ဖမ်းဆီးရမိ ခဲ့ကြောင်း မြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့ အမှတ် ၁၀ ရပ်ကွက်ရှိ “မေတ္တာရှင်”အဆောင်မှ GPS တပ်ဆင်ထားသော ၃၂ယ/၇၂၂၁၉ နံပါတ်ပါ Click (အနီရောင်) ဆိုင်ကယ်နှင့် FZ ဆိုင်ကယ် ၂ စီးမှာ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၄ နာရီခန့်က ခိုးယူခံရကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်မောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော်နှင့် တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့
သွားရောက် စစ်ဆေးခဲ့ပါသည်။

အဆိုပါ ခိုးယူသွားသော Click ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPS စနစ်ကြောင့် တန့်ဆည်မြို့နယ်ဘက်သို့ ခြေရာခံမိသဖြင့် တန့်ဆည်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဇော်ဦးတို့အဖွဲ့နှင့် ချိတ်ဆက် ပူးပေါင်းပြီး ကျော်မျိုးဦး ၂၂ နှစ် (ဘ)ဦးဝင်းနွယ် မေတ္တာမြိုင်ရပ်ကွက် တန့်ဆည်မြို့နေသူနှင့် ရာသော် ၂၁ (ဘ)ဦးသန်းဝင်း ကြွက်ကျွန်းကျေးရွာ ဟင်္သာတမြို့နယ် ဧရာဝတီတိုင်းနေသူတို့ ၂ ဦး ခိုးယူပြီး ဆိုင်ကယ်အား လက်ခံထားရှိသော သန်းမင်း ၄၁ နှစ် (ဘ)ဦးသိန်းမောင် ချောင်းဆုံကျေးရွာ တန့်ဆည်မြို့နယ်နေသူတို့ ၃ ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

READ  ငါးရံ႕တေကာင္ရဲ႕ရင္ဖြင့္သံ အက္ေဆးေရးသူကို အသေရဖ်က္မႈျဖင့္ ဒဏ္ေငြ ခ်မွတ္ခံရ

၎င်းတို့နှင့်အတူခိုးယူသော ကျော်ကျော်(ခ) ကျော်ကြီး ၂၄ နှစ် (ဘ)ဦးတင်ရွှေ မီးခွက်ဈေးရပ်ကွက် လှိုင်သာယာမြို့နယ်နေသူနှင့် စိုးဇော်ထွဋ်(ခ)အရှည်ကြီး ၃၅ နှစ် (ဘ)ဦးမြကြီးညို အမှတ် (၁) ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူတို့ ၂ ဦးအား ရွှေဘိုမြို့ အမှတ် (၁၀) မြတောင်ရပ်ကွက်ရှိ ဦးဖြိုးဇင် နေအိမ်တွင်ရှိနေစဉ် မန္တလေးမြို့မှ ခိုးယူလာသော CZI အနီရောင်ဆိုင်ကယ် ၁ စီး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ၅ ဦးအား ထပ်မံ စစ်ဆေးပေါ်ပေါက်ချက်အရ FZ (အနက်ရောင်)ဆိုင်ကယ် ၁စီး၊ FINO (ပန်စီနက်)ရောင် ဆိုင်ကယ် ၁ စီး၊ HONDA Click (လိမ္မော်/အနက်ရောင်) ဆိုင်ကယ် ၁ စီး၊ Click (ကြက်သွေးရောင်)ဆိုင်ကယ် ၁ စီး၊ SCOOPYI (နီ/နက်ရောင်)ဆိုင်ကယ် ၁စီး၊ SCOOPYI (နီ/ညိုရောင်) ဆိုင်ကယ် ၁စီး၊ SCOOPYI (အနက်ရောင်ဆိုင်ကယ်) ၁စီး၊
SCOOPYI (အဖြူရောင်)ဆိုင်ကယ် ၁စီး၊ SCOOPYI (အဖြူ/ရွှေရောင်)ဆိုင်ကယ် ၁စီး၊ စုစုပေါင်း ဆိုင်ကယ် ၁၂ စီး ခိုးယူရောင်းစားခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် သက်သေများနှင့်အတူ လိုက်လံ သိမ်းဆည်းခဲ့သည်။

၎င်းဖြစ်စဉ်နှင့် ပါတ်သက်၍ ဆိုင်ကယ် ၁၂ စီး ခိုးယူခဲ့သော ကျော်မျိုးဦး၊ ရာသော်၊ သန်းမင်း၊ ကျော်ကျော်(ခ) ကျော်ကြီးနှင့် စိုးဇော်ထွဋ်(ခ)အရှည်ကြီး တို့ ၅ ဦးအား မြို့မရဲစခန်းမှ (ပ) ၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
Credit: Chit Sann

LEAVE A REPLY