ZawGyiျဖင့္ဖတ္ရန္

Idol ေတြဟာ ပရိတ္သတ္ေတြကို အလိုရွိၾကေပမယ့္ သူတို႔ဟာ ပရိတ္သတ္ေတြ သူတိ္ု႔ကိုယ္ပိုင္ဘ၀ေတြ ေမ့သြားေလာက္ေအာင္ အားေပးတာမ်ိးကိုေတာ့မျဖစ္ေစခ်င္ၾကပါဘူး။ Idol ေတြကိုခ်စ္တာဟာ ေကာင္းမြန္တဲ့ယဥ္ေက်းမႈတစ္ခုျဖစ္ျပီး Idol နဲ႔ fan ဆိုတာခြဲျခားလို႔လည္းမရပါဘူး။ ေန႔စဥ္လုပ္ေဆာင္တာ၀န္ေတြျပီးရင္ Idol ေတြရဲ႕ပံုေတြ၊ ေဖ်ာ္ေျဖမႈေတြ၊ MTV ေတြကို တစ္ေနကုန္ထိုင္ၾကည့္ႏိုင္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကို ရုန္းမထြက္ႏို္င္ေအာင္ စြဲေဆာင္မႈမ်ိုး Idol ေတြမွာရွိပါတယ္။ းဒါေပမယ့္လည္း တစ္ခါတစ္ေလမွာ Idol ေတြဟာ ကၽြန္ေတာ္တုိ႔ထက္ ပိုျပီး သိတတ္ပါတယ္။ သူတို႔ရဲ႕အၾကံဥာဏ္ေၾကာင့္ပဲ Idol ေတြဟာ သူတို႕ရဲ႕ပရိတ္သတ္ေတြကို သူ႔တို႔အတြက္အခ်ိန္ေတြအမ်ားၾကီးမျဖဳန္းေစခ်င္ ၾကပဲနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ ဘ၀ေတြေမ႔ေလာက္ေအာင္ သူတို႔အေပၚပံုအပ္ထားတယ္ဆိုတာ သိခြင့္ရခဲ့ပါတယ္။

Changmin (DBSK)

DBSK ရဲ႕အငယ္ဆံုးေလးျဖစ္သူဟာဆိုရင္ သူ႔ရဲ႕သမိုင္း၀င္ စကားလို႔ေခၚတြင္ႏိုင္ေလာက္တဲ့ “မင္း စာမၾကိုးစားဘူးဆိုရင္ ငါ့ပရိတ္သတ္ျဖစ္လာဖို႔ အေႏွာင့္အယွက္လာမေပးနဲ႔။ ” ဆိုတဲ့စကားနဲ႔ နာမည္ၾကီးသူပါ။ ကိုရီးယားအႏုပညာရဲ႕ ျပင္းထန္တဲ့အရွိန္အဟုန္ဟာဆိုရင္ ရုတ္ခ်ည္းဆိုသလိုျမင့္တက္လာခဲ့ျပီး ပရိတ္သတ္ေတြ ေတာ္ေတာ္မ်ားမ်ားက စာေပသင္ၾကားေရးမွာ အာရံုမစိုက္ႏိုင္ေတာ့ပဲ သူတို႔ Idol သြားရာေနာက္ တေကာက္ေကာက္လိုက္၊ သူတို႔သတင္းေတြအခ်ိန္ျပည့္နားစြင့္ေနတာမ်ိုးေတြျဖစ္လာပါတယ္။ ဒါေပမယ့္လည္း Cassiopeias ေတြ (DBSK ရဲ႕ပရိတ္သတ္ကိုေခၚတြင္တဲ့နာမည္) ေတြက ေတာ့ Changmin ရဲ႕စကားေတြေၾကာင့္ သူတို႔ရဲ႕ ကိုယ္ပိုင္ ဘ၀ကိုလည္း ပစ္ပယ္မထား၀ံ့ရဲခဲ့ၾကပါဘူး။

Changmin ဟာဆိုရင္ သူ႔ပရိတ္သတ္ေတြကုိ ခပ္မာမာန့ဲ ထပ္ခါထပ္ခါသတိေပးေနရင္းနဲ႔လည္း အမ်ားၾကီးဂရုစိုက္ေနခဲ့ပါတယ္။ “ပရိတ္သတ္ေတြဟာ အဆိုေတာ္ေတြရဲ႕ေအာင္ျမင္မႈေတြ ေဖာ္ေဆာင္ေပးတယ္ဆိုတာကို ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္လည္း သူတို႔ရဲ႕ကိုယ္ပုိင္ဘ၀ေတြရွိပါတယ္။ မင္းတို႔ရဲ႕ အိမ္မက္ေတြ/ေအာင္ျမင္မႈေတြအေပၚ လက္မေလ်ွာ့လိုက္ပါနဲ႔။ ကၽြန္ေတာ္တို႔ကို မခ်စ္ခင္မွာ ေက်းဇူးျပုျပီး ေပ်ာ္ရႊင္လွပတဲ့ ဘ၀ထဲမွာေနၾကပါ။ မင္းတို႔ကို ကၽြန္ေတာ္တာ၀န္မယူႏိုင္ပါဘူး။ ေလာဘၾကီးတယ္လို႔ေျပာေကာင္းေျပာႏိုင္ေပမယ့္ ကၽြန္ေတာ္ေျပာတဲ့အရာေတြကုိ ကၽြန္ေတာ့္ပရိတ္သတ္ေတြ လုပ္ႏိုင္တယ္ ဆိုတာျမင္ခ်င္ပါတယ္။ ” လို႔ သတိတရ ေလးေလးနက္နက္မွာၾကားသြားခဲ့ပါတယ္။

တစ္ခါတစ္ေလမွာေတာ့ ပရိတ္သတ္ေတြဟာ Changmin ရင္ထဲကလာတဲ့ စကားလံုးလွလွေလးေတြကိုလည္းၾကားႏိုင္ပါေသးတယ္။ “ကၽြန္္ေတာ္တို႔ ေနၾကာပန္းကို မလိုအပ္ဘူး။ ကၽြန္ေတာ္တို႔ကို ေပ်ာ္ေအာင္လုပ္ေပးဖို႔မစဥ္းစားခင္မွာ မင္းတို႔ ဘ၀အတြက္အရင္စဥ္းစားပါ။ ” လို႔ မွာၾကားခဲ့ပါတယ္။ “ကၽြန္ေတ္ာတို႔အတြက္ ရာသီဥတု ဆိုးရြားလွတဲ့အခ်ိန္မွာ စိတ္အားထက္သန္စြာနဲ႔ အၾကာၾကီးေစာင့္ေပးလို႔ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္လညး္ ေနာက္တစ္ေခါက္က်ရင္ အိမ္ကေနပဲ TV ကေနအားေပးျပီး ေႏြးေႏြးေထြးေထြးေနပါ။ ” လို႔မွာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ Cassiopeia ေတြဟာ DBSK ပရိတ္သတ္ျဖစ္ရတာကို အျမဲဂုဏ္ယူေလ့ရွိပါတယ္။

HeeChul (Super Junior)

သူ႔ရဲ႕ ကုမၸဏီကိုလည္းမေၾကာက္တဲ့ Hee Chul ဟာဆိုရင္ သူမွန္တယ္လို႔ ယံုၾကည္တဲ့အရာကိုေျပာတတ္တဲ့သူပါ။ သူဟာတကယ္ကို ထူးဆန္းျပီး မွန္ရာကိုေျပာတတ္တဲ့ လူတစ္ေယာက္ျဖစ္ျပီး ပရိတ္သတ္ေတြဟာ သူ႔ကိုမေလးစားပဲ မေနႏိုင္ပါဘူး။

တစ္ခါတုန္းက ပရိတ္သတ္ေတြနဲ႔ စကားေျပာခဲ့တုန္းက SuJu ေၾကာင့္ ပရိတ္သတ္တစ္ေယာက္က သူ႔ရဲ႕ပညာေရးကိုလ်စ္လ်ဴရွဳခဲ့တဲ့ ျဖစ္ႏိုင္ေျခတစ္ခုကို စိတ္ကူးယဥ္ေျပာခဲ့ျပီး “မင္းအေမ ဆူတယ္၊ အျပစ္ေပးတယ္ ဟုတ္လား။ ဒါဆိုရင္ ဆိုးရြားတဲ့ ေက်ာင္းReport Card နဲ႔ မီတာေဘလ္စာရြက္ ကိုျဖဲလိုက္။” လုိ႔ ခပ္ေငါက္ေငါက္ေျပာခဲ့ဖူးပါတယ္။ အဲ့ဒီေကာင္မေလးကို ပညာေရးကို ဦးစားေပးဖို႔အၾကံေပးခဲ့ျပီး သူမဟာ ေက်ာင္းစာေမးပြဲရလဒ္ေတြေကာင္းလာတဲ့အခါ သူမရဲ႕ Idol ကို စိတ္အားထက္သန္စြာနဲ႔ တရား၀င္အားေပးခြင့္ရသြားခဲ့ပါေတာ့တယ္။

Kai (EXO)

EXO အဖြဲ႔ထဲက အငယ္ဆံုးတစ္ဦးျဖစ္ေပမယ့္ သူဟာ လူ႔က်င့္၀တ္ကိုအျမဲနားလည္သူပါ။ သူတို႔ရဲ႕ဘ၀မွာ ေအာင္ျမင္မႈေတြရေအာင္ ပရိတ္သတ္ေတြကို ၾကိုးၾကိုးစားစား စာေလ့လာဖို႔အျမဲသတိေပးေနခဲ့ပါတယ္။ “စာကို ေကာင္းေကာင္းမေလ့လာဘူးဆိုရင္ ငါတို႔ေနာက္ကို လိုုက္ဖို႔လည္း မစဥ္းစားနဲ႔။ အခုမွာ EXO က မင္းတို႔အတြက္ ကမာၻၾကီးျဖစ္ေနေပမယ့္ ေနာက္ႏွစ္ေပါင္းမ်ားစြာမွာ မင္းတို႕ေနာင္တရေနလိမ့္မယ္။ ” လို႔ အမွန္တရားကို သတိေပးခဲ့ပါတယ္။

မင္းက ၁၂တန္းေက်ာင္းသူမဟုတ္လား။ မင္းဘ၀ရဲ႕အေရးၾကီးဆံုးအခ်ိန္ျဖစ္ေကာင္းျဖစ္ေနလိမ့္မယ္။ ဒါေၾကာင့္ ငါတို႔ကို အာရံုစိုက္မယ့္အစား သင္ၾကားေရးကိုသာ အာရံုစိုက္ပါ။ မင္းေကာ၊ ငါေကာ မင္းရဲ႕ေအာင္ျမင္မႈအေပၚ ဂုဏ္ယူႏိုင္တဲ့အနာဂတ္မွာ ျပန္ဆံုေတြ႔ၾကမယ္။” လို႔ အေလးအနက္ထားျပီးေျပာၾကားခဲ့ပါတယ္။ ဒါမွ တကယ့္ Idol လို႔ တျခားသူေတြအျမင္မွာလည္း ဂုဏ္ယူႏိုင္ေအာင္၊ ကိုယ့္ Idol က ကိုယ့္ေၾကာင့္ လက္မေထာင္ႏိုင္ေအာင္ၾကိုးစားၾကပါေနာ္။

Jin (BTS)

အသက္ငယ္ငယ္နဲ႔ အႏုပညာေလာကထဲ ၀င္ေရာက္လာခဲ့တဲ့ BTS အဖြဲ႔၀င္ေတြဟာဆိုရင္ ေလာကၾကီးအေၾကာင္းအမ်ားၾကီးမသိေသးေပမယ့္ အံ့အားသင့္ဖြယ္ေကာင္းတဲ့ အကိုၾကီး Jin တစ္ေယာက္လံုးရွိေနပါတယ္။ ခ်ိုသာျပီး ေလးနက္တဲ့ Jin ဟာဆိုရင္ အဖြဲ႔၀င္ေတြကို လည္းအျမဲဆံုးမတတ္ပါတယ္။ တစ္ခါတုန္းက အျပင္မွာ ပရိတ္သတ္ေတြ႔ဆံုပြဲရွိတုန္းက “ေက်ာင္းဖြင့္ရက္ၾကီးကို ဘာလို႔လာတာလဲ။ Jungkook ထက္ေတာင္ ငယ္မယ္ဆိုရင္ ျပန္ေတာ့…သြား..အရမ္းေနာက္က်ေနျပီ။” လုိ႔ ေက်ာင္းေျပးျပီး သူတို႔ကို လာေတြ႔ခဲ့တဲ့ ပရိတ္သတ္ကို ဆူုပူခဲ့ပါတယ္။ ပရိတ္သတ္ေတြနဲ႔ ေတြ႔ဆံုဖို႔ ပြဲလုပ္ခဲ့တယ္ဆိုခါမွ အိမ္ျပန္ခိုင္းတဲ့ Idol ဒီကမာၻေပၚမွာရွိပါသလား။ သူကေတာ့ သူတို႔ေၾကာင့္ ပရိတ္သတ္ေတြ အတန္းခ်ိန္ မပ်က္ေစခ်င္ခဲ့ပါဘူး။ သူတို႔ ပရိတ္သတ္ေတြကို တျခားသူေတြ ၾကည့္ျပီး ဂုဏ္ယူႏိုင္ေလာက္တဲ့ လူမ်ိုးေတြျဖစ္ေစခ်င္တာပါ။

BTS ရဲ႕ album: “Love yourself: Her album မွာဆိုရင္ သူတို႔ပရိတ္သတ္ေတြအတြက္ ရည္ညြန္းထားခဲ့တဲ့ သီခ်င္း “Pied Piper” ဆိုတဲ့သီခ်င္း ပါ၀င္ခဲ့ပါတယ္။ အဲ့ဒီသီခ်င္းမွ တစ္ဆင့္ သူတို႔ ပရိတ္သတ္ေတြကို သူတို႔ေပးခ်င္တဲ့ Message ကိုေပးခဲ့ပါတယ္။ “ထပ္ျပီး ၾကည့္မေနနဲ႔ေတာ့။ စာၾကိုးစားေတာ့။ မင္းရဲ႕ သူေဌးေတြနဲ႔ မိဘေတြေတာ့ မင္းတို႔ကို မုန္းေတာ့မွာပဲ။ ‘ ဆိုတဲ့စာသားမ်ိုးေတြပါ၀င္ပါတယ္။ Idol ေတြဟာ သူတို႔ကို စိတ္အားထက္သန္စြာနဲ႔ အားေပးေပမယ့္ ကိုယ့္ကိုယ္ကို ၾကည့္ဖို႔ေမ့ေလ်ာ့တာမ်ိုးေတာ့မျဖစ္ေစခ်င္ပါဘူးေနာ္။ ဒါေၾကာင့္ သူတို႔ကိုခ်စ္ရင္ သူတို႔ေကာ၊ မိဘေတြေကာ၊ လူတိုင္း ဂုဏ္ယူႏိုင္တဲ့သူမ်ိုးျဖစ္ေအာင္ၾကိုးစားၾကပါလို႔ ေျပာၾကားခ်င္ပါတယ္။

Unicodeဖြင့်ဖတ်ရန်
Idol တွေဟာ ပရိတ်သတ်တွေကို အလိုရှိကြပေမယ့် သူတို့ဟာ ပရိတ်သတ်တွေ သူတို့ကိုယ်ပိုင်ဘဝတွေ မေ့သွားလောက်အောင် အားပေးတာမျိးကိုတော့မဖြစ်စေချင်ကြပါဘူး။ Idol တွေကိုချစ်တာဟာ ကောင်းမွန်တဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး Idol နဲ့ fan ဆိုတာခွဲခြားလို့လည်းမရပါဘူး။ နေ့စဉ်လုပ်ဆောင်တာဝန်တွေပြီးရင် Idol တွေရဲ့ပုံတွေ၊ ဖျော်ဖြေမှုတွေ၊ MTV တွေကို တစ်နေကုန်ထိုင်ကြည့်နိုင်ပါတယ်။ လူတော်တော်များများကို ရုန်းမထွက်နိုင်အောင် စွဲဆောင်မှုမျိုး Idol တွေမှာရှိပါတယ်။ းဒါပေမယ့်လည်း တစ်ခါတစ်လေမှာ Idol တွေဟာ ကျွန်တော်တို့ထက် ပိုပြီး သိတတ်ပါတယ်။ သူတို့ရဲ့အကြံဉာဏ်ကြောင့်ပဲ Idol တွေဟာ သူတို့ရဲ့ပရိတ်သတ်တွေကို သူ့တို့အတွက်အချိန်တွေအများကြီးမဖြုန်းစေချင် ကြပဲနဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေမေ့လောက်အောင် သူတို့အပေါ်ပုံအပ်ထားတယ်ဆိုတာ သိခွင့်ရခဲ့ပါတယ်။

Changmin (DBSK)

DBSK ရဲ့အငယ်ဆုံးလေးဖြစ်သူဟာဆိုရင် သူ့ရဲ့သမိုင်းဝင် စကားလို့ခေါ်တွင်နိုင်လောက်တဲ့ “မင်း စာမကြိုးစားဘူးဆိုရင် ငါ့ပရိတ်သတ်ဖြစ်လာဖို့ အနှောင့်အယှက်လာမပေးနဲ့။ ” ဆိုတဲ့စကားနဲ့ နာမည်ကြီးသူပါ။ ကိုရီးယားအနုပညာရဲ့ ပြင်းထန်တဲ့အရှိန်အဟုန်ဟာဆိုရင် ရုတ်ချည်းဆိုသလိုမြင့်တက်လာခဲ့ပြီး ပရိတ်သတ်တွေ တော်တော်များများက စာပေသင်ကြားရေးမှာ အာရုံမစိုက်နိုင်တော့ပဲ သူတို့ Idol သွားရာနောက် တကောက်ကောက်လိုက်၊ သူတို့သတင်းတွေအချိန်ပြည့်နားစွင့်နေတာမျိုးတွေဖြစ်လာပါတယ်။ ဒါပေမယ့်လည်း Cassiopeias တွေ (DBSK ရဲ့ပရိတ်သတ်ကိုခေါ်တွင်တဲ့နာမည်) တွေက တော့ Changmin ရဲ့စကားတွေကြောင့် သူတို့ရဲ့ ကိုယ်ပိုင် ဘဝကိုလည်း ပစ်ပယ်မထားဝံ့ရဲခဲ့ကြပါဘူး။

Changmin ဟာဆိုရင် သူ့ပရိတ်သတ်တွေကို ခပ်မာမာနဲ့ ထပ်ခါထပ်ခါသတိပေးနေရင်းနဲ့လည်း အများကြီးဂရုစိုက်နေခဲ့ပါတယ်။ “ပရိတ်သတ်တွေဟာ အဆိုတော်တွေရဲ့အောင်မြင်မှုတွေ ဖော်ဆောင်ပေးတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေရှိပါတယ်။ မင်းတို့ရဲ့ အိမ်မက်တွေ/အောင်မြင်မှုတွေအပေါ် လက်မလျှော့လိုက်ပါနဲ့။ ကျွန်တော်တို့ကို မချစ်ခင်မှာ ကျေးဇူးပြုပြီး ပျော်ရွှင်လှပတဲ့ ဘဝထဲမှာနေကြပါ။ မင်းတို့ကို ကျွန်တော်တာဝန်မယူနိုင်ပါဘူး။ လောဘကြီးတယ်လို့ပြောကောင်းပြောနိုင်ပေမယ့် ကျွန်တော်ပြောတဲ့အရာတွေကို ကျွန်တော့်ပရိတ်သတ်တွေ လုပ်နိုင်တယ် ဆိုတာမြင်ချင်ပါတယ်။ ” လို့ သတိတရ လေးလေးနက်နက်မှာကြားသွားခဲ့ပါတယ်။

တစ်ခါတစ်လေမှာတော့ ပရိတ်သတ်တွေဟာ Changmin ရင်ထဲကလာတဲ့ စကားလုံးလှလှလေးတွေကိုလည်းကြားနိုင်ပါသေးတယ်။ “ကျွန်တော်တို့ နေကြာပန်းကို မလိုအပ်ဘူး။ ကျွန်တော်တို့ကို ပျော်အောင်လုပ်ပေးဖို့မစဉ်းစားခင်မှာ မင်းတို့ ဘဝအတွက်အရင်စဉ်းစားပါ။ ” လို့ မှာကြားခဲ့ပါတယ်။ “ကျွန်တေ်ာတို့အတွက် ရာသီဥတု ဆိုးရွားလှတဲ့အချိန်မှာ စိတ်အားထက်သန်စွာနဲ့ အကြာကြီးစောင့်ပေးလို့ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ခေါက်ကျရင် အိမ်ကနေပဲ TV ကနေအားပေးပြီး နွေးနွေးထွေးထွေးနေပါ။ ” လို့မှာကြားခဲ့ပါတယ်။ ဒါကြောင့် Cassiopeia တွေဟာ DBSK ပရိတ်သတ်ဖြစ်ရတာကို အမြဲဂုဏ်ယူလေ့ရှိပါတယ်။

HeeChul (Super Junior)

သူ့ရဲ့ ကုမ္ပဏီကိုလည်းမကြောက်တဲ့ Hee Chul ဟာဆိုရင် သူမှန်တယ်လို့ ယုံကြည်တဲ့အရာကိုပြောတတ်တဲ့သူပါ။ သူဟာတကယ်ကို ထူးဆန်းပြီး မှန်ရာကိုပြောတတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေဟာ သူ့ကိုမလေးစားပဲ မနေနိုင်ပါဘူး။

တစ်ခါတုန်းက ပရိတ်သတ်တွေနဲ့ စကားပြောခဲ့တုန်းက SuJu ကြောင့် ပရိတ်သတ်တစ်ယောက်က သူ့ရဲ့ပညာရေးကိုလျစ်လျူရှုခဲ့တဲ့ ဖြစ်နိုင်ခြေတစ်ခုကို စိတ်ကူးယဉ်ပြောခဲ့ပြီး “မင်းအမေ ဆူတယ်၊ အပြစ်ပေးတယ် ဟုတ်လား။ ဒါဆိုရင် ဆိုးရွားတဲ့ ကျောင်းReport Card နဲ့ မီတာဘေလ်စာရွက် ကိုဖြဲလိုက်။” လို့ ခပ်ငေါက်ငေါက်ပြောခဲ့ဖူးပါတယ်။ အဲ့ဒီကောင်မလေးကို ပညာရေးကို ဦးစားပေးဖို့အကြံပေးခဲ့ပြီး သူမဟာ ကျောင်းစာမေးပွဲရလဒ်တွေကောင်းလာတဲ့အခါ သူမရဲ့ Idol ကို စိတ်အားထက်သန်စွာနဲ့ တရားဝင်အားပေးခွင့်ရသွားခဲ့ပါတော့တယ်။

Kai (EXO)

EXO အဖွဲ့ထဲက အငယ်ဆုံးတစ်ဦးဖြစ်ပေမယ့် သူဟာ လူ့ကျင့်ဝတ်ကိုအမြဲနားလည်သူပါ။ သူတို့ရဲ့ဘဝမှာ အောင်မြင်မှုတွေရအောင် ပရိတ်သတ်တွေကို ကြိုးကြိုးစားစား စာလေ့လာဖို့အမြဲသတိပေးနေခဲ့ပါတယ်။ “စာကို ကောင်းကောင်းမလေ့လာဘူးဆိုရင် ငါတို့နောက်ကို လိုုက်ဖို့လည်း မစဉ်းစားနဲ့။ အခုမှာ EXO က မင်းတို့အတွက် ကမ္ဘာကြီးဖြစ်နေပေမယ့် နောက်နှစ်ပေါင်းများစွာမှာ မင်းတို့နောင်တရနေလိမ့်မယ်။ ” လို့ အမှန်တရားကို သတိပေးခဲ့ပါတယ်။

မင်းက ၁၂တန်းကျောင်းသူမဟုတ်လား။ မင်းဘဝရဲ့အရေးကြီးဆုံးအချိန်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါကြောင့် ငါတို့ကို အာရုံစိုက်မယ့်အစား သင်ကြားရေးကိုသာ အာရုံစိုက်ပါ။ မင်းကော၊ ငါကော မင်းရဲ့အောင်မြင်မှုအပေါ် ဂုဏ်ယူနိုင်တဲ့အနာဂတ်မှာ ပြန်ဆုံတွေ့ကြမယ်။” လို့ အလေးအနက်ထားပြီးပြောကြားခဲ့ပါတယ်။ ဒါမှ တကယ့် Idol လို့ တခြားသူတွေအမြင်မှာလည်း ဂုဏ်ယူနိုင်အောင်၊ ကိုယ့် Idol က ကိုယ့်ကြောင့် လက်မထောင်နိုင်အောင်ကြိုးစားကြပါနော်။

Jin (BTS)

အသက်ငယ်ငယ်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ BTS အဖွဲ့ဝင်တွေဟာဆိုရင် လောကကြီးအကြောင်းအများကြီးမသိသေးပေမယ့် အံ့အားသင့်ဖွယ်ကောင်းတဲ့ အကိုကြီး Jin တစ်ယောက်လုံးရှိနေပါတယ်။ ချိုသာပြီး လေးနက်တဲ့ Jin ဟာဆိုရင် အဖွဲ့ဝင်တွေကို လည်းအမြဲဆုံးမတတ်ပါတယ်။ တစ်ခါတုန်းက အပြင်မှာ ပရိတ်သတ်တွေ့ဆုံပွဲရှိတုန်းက “ကျောင်းဖွင့်ရက်ကြီးကို ဘာလို့လာတာလဲ။ Jungkook ထက်တောင် ငယ်မယ်ဆိုရင် ပြန်တော့…သွား..အရမ်းနောက်ကျနေပြီ။” လို့ ကျောင်းပြေးပြီး သူတို့ကို လာတွေ့ခဲ့တဲ့ ပရိတ်သတ်ကို ဆူုပူခဲ့ပါတယ်။ ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့ ပွဲလုပ်ခဲ့တယ်ဆိုခါမှ အိမ်ပြန်ခိုင်းတဲ့ Idol ဒီကမ္ဘာပေါ်မှာရှိပါသလား။ သူကတော့ သူတို့ကြောင့် ပရိတ်သတ်တွေ အတန်းချိန် မပျက်စေချင်ခဲ့ပါဘူး။ သူတို့ ပရိတ်သတ်တွေကို တခြားသူတွေ ကြည့်ပြီး ဂုဏ်ယူနိုင်လောက်တဲ့ လူမျိုးတွေဖြစ်စေချင်တာပါ။

BTS ရဲ့ album: “Love yourself: Her album မှာဆိုရင် သူတို့ပရိတ်သတ်တွေအတွက် ရည်ညွန်းထားခဲ့တဲ့ သီချင်း “Pied Piper” ဆိုတဲ့သီချင်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီသီချင်းမှ တစ်ဆင့် သူတို့ ပရိတ်သတ်တွေကို သူတို့ပေးချင်တဲ့ Message ကိုပေးခဲ့ပါတယ်။ “ထပ်ပြီး ကြည့်မနေနဲ့တော့။ စာကြိုးစားတော့။ မင်းရဲ့ သူဌေးတွေနဲ့ မိဘတွေတော့ မင်းတို့ကို မုန်းတော့မှာပဲ။ ‘ ဆိုတဲ့စာသားမျိုးတွေပါဝင်ပါတယ်။ Idol တွေဟာ သူတို့ကို စိတ်အားထက်သန်စွာနဲ့ အားပေးပေမယ့် ကိုယ့်ကိုယ်ကို ကြည့်ဖို့မေ့လျော့တာမျိုးတော့မဖြစ်စေချင်ပါဘူးနော်။ ဒါကြောင့် သူတို့ကိုချစ်ရင် သူတို့ကော၊ မိဘတွေကော၊ လူတိုင်း ဂုဏ်ယူနိုင်တဲ့သူမျိုးဖြစ်အောင်ကြိုးစားကြပါလို့ ပြောကြားချင်ပါတယ်။
Credit;G I G I (momolay )
Ref : Twitter

BTS (방탄소년단) – Pied Piper