ZawGyiျဖင့္ဖတ္ရန္
ဒီဘက္ေခတ္မွာ တစ္ကိုယ္တည္းခရီးသြားၾကတဲ့ပံုစံကို ပိုၾကိဳက္ႏွစ္သက္လာသူေတြမ်ားျပားလာျပီျဖစ္ပါတယ္။ စြန္႔စားရတာကို ႏွစ္သက္သူေတြအဖို႔ေတာ့ တစ္ကိုယ္တည္း ခရီးထြက္ၾကည့္တာဟာ တကယ့္ကိုစိန္ေခၚမႈတစ္ရပ္ပါ။ တစ္ကယ္လို႔သာ တစ္ေယာက္ထဲခရီးထြက္ဖို႔ အေတြးရွိရင္ေတာ့ ၾကိဳတင္သိထားသင့္တာေလးေတြ ရွိပါတယ္။

၁။ ကိုယ့္ခြန္အားကို ခ်င့္ခ်ိန္ပါ

သင္ဟာ ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ဆက္သြယ္လို႔မလြယ္ကူတဲ့ေနရာေရာက္သြားရင္ ကိုယ္ဟာ ဘယ္လိုေနထိုင္ႏိုင္မလဲ ၾကိဳေတြးထားပါ။ ေရာက္ရွိရာေဒသရဲ႕ ပတ္ဝန္းက်င္က လူူေတြဆီကေန စံုစမ္းေမးျမန္းဖို႔ကို တံု႔ဆိုင္းမေနပါနဲ႔။

၂။ အိပ္ဖို႔ေနရာ စီစဥ္ပါ

အိမ္ေတြဆီက အခန္းငွားတာမ်ိဳး အသိမိတ္ေဆြတစ္ေယာက္ေယာက္ရဲ႕ အိမ္ေတြမွာ ခဏငွားေနတာမ်ိဳးေတြက ေဒသခံလူေတြနဲ႔ ပိုမိုဆက္သြယ္ႏို္င္ေအာင္ ကူညီေပးမွာပါ။ တစ္ေယာက္တည္း ခရီးသြားလာသူတစ္ေယာက္အေနနဲ႔ ေရြးခ်ယ္စရာေတာ့ မ်ားပါတယ္။ ဒီအခ်က္ကို ၾကိဳတင္စဥ္းစားထားသင့္တဲ့ အခ်က္ေတြထဲထည့္ထားပါ။

၃။ မေၾကာက္ပါနဲ႔

အခ်ိန္အၾကာၾကီး တစ္ေယာက္တည္း သြားလာလႈပ္ရွားရမွာ ေၾကာက္တဲ့စိတ္ကို ေခါင္းထဲက ႏွင္ထုတ္ထားလိုက္ပါ။ လမ္းခရီးတစ္ေလွ်ာက္ ကို္ယ့္ကိုယ္ကိုယ္အေဖာ္ျပဳရင္းနဲ႔ကိုယ့္ကိုကိုယ္ ပိုခ်စ္တတ္လာပါလိမ့္မယ္။ လမ္းခရီးမွာ မိတ္ေဆြအသစ္ေတြေတာင္ ရခ်င္ရလာႏိုင္ပါေသးတယ္။

၄။ ဓာတ္ပံုမ်ားမ်ားရိုက္ပါ

ေရာက္ရွိရာေဒသတိုင္းမွာ ဓာတ္ပံုမွတ္တမ္းတင္ဖို႔ မေမ့ခဲ့သင့္ပါဘူး။ ေနရာေဒသတိုင္းရဲ႕ အလွအပေတြအျပင္ ကြဲျပားတဲ့ရႈေထာင့္ေနရာေတြကေန ရွုခင္းေတြကို ခံစားျပီး ဓာတ္ပံုမ်ားမ်ားသာရိုက္ယူဖို႔ မေမ့ပါနဲ႔။

၅။ မ်ားမ်ားစားပါ

အျမန္စာေတြအစား အရသာရွိတဲ့ ေဒသထြက္စားစရာေတြ မ်ားမ်ားသာ စမ္းသပ္စားေသာက္ၾကည့္ပါ။ တစ္ေယာက္တည္း အစားစာရလို႔လည္း ဘာမွအားမငယ္ေနပါနဲ႔။ ဆိုင္ထဲက ဝန္ထမ္းေတြ စားပြဲထိုးေတြက ကိုယ့္ကိုကူညီေပးဖို႔ ကိုယ္လိုတာမွာလို႔ရေအာင္ ေစာင့္ေပးေနတယ္ဆိုတာ မေမ့ပါနဲ႔။ အရသာသစ္ေတြကို စူးစမ္းခဲ့ပါ။

၆။ မိသားစုမိတ္ေဆြေတြနဲ႔ အဆက္သြယ္မျပတ္ပါေစနဲ႔

facebook တို႔ Twitterတို႔ Instagramတို႔လို လႈမႈကြန္ယက္ေတြကေန ကိုယ္ဘယ္ေတြသြားေနတယ္ဆိုတာ ကိုယ့္မိသားစုမိတ္ေဆြေတြသိေအာင္ ျပဳလုပ္ထားပါ။လမ္းခရီးမွာသင္တစ္ခုခုလိုအပ္လာရင္ သူတို႔ဆီက အၾကံဥာဏ္ေကာင္းေတြ ေတာင္းခံႏိုင္ပါတယ္။

၇။ လံုျခံဳမႈကို အျမဲသတိရွိေနပါေစ

တစ္ေယာက္တည္း ခရီးသြားျခင္းအတြက္ အေရးအၾကီးဆံုးအခ်က္​ပါပဲ။ ေပ်ာ္ရႊင္ရဖုိ႔အျပင္ ေဘးကင္းေနဖို႔ကလည္း ထည့္သြင္းစဥ္းစားရမွာပါ။ ခရီးစဥ္တစ္ေလ်ာက္လံုးမွာ ႏိုးႏိုးၾကားၾကားေနပါ။ ညဘက္ေတြမွာ ပိုသတိရွိပါ။ သတိထားဖို႔လိုပါတယ္။
Unicodeဖြင့်ဖတ်ရန်
ဒီဘက်ခေတ်မှာ တစ်ကိုယ်တည်းခရီးသွားကြတဲ့ပုံစံကို ပိုကြိုက်နှစ်သက်လာသူတွေ

များပြားလာပြီဖြစ်ပါတယ်။ စွန့်စားရတာကို နှစ်သက်သူတွေအဖို့တော့ တစ်ကိုယ်တည်း ခရီးထွက်ကြည့်တာဟာ တကယ့်ကိုစိန်ခေါ်မှုတစ်ရပ်ပါ။ တစ်ကယ်လို့သာ တစ်ယောက်ထဲခရီးထွက်ဖို့ အတွေးရှိရင်တော့ ကြိုတင်သိထားသင့်တာလေးတွေ ရှိပါတယ်။

၁။ ကိုယ့်ခွန်အားကို ချင့်ချိန်ပါ

သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆက်သွယ်လို့မလွယ်ကူတဲ့နေရာရောက်သွားရင် ကိုယ်ဟာ ဘယ်လိုနေထိုင်နိုင်မလဲ ကြိုတွေးထားပါ။ ရောက်ရှိရာဒေသရဲ့ ပတ်ဝန်းကျင်က လူူတွေဆီကနေ စုံစမ်းမေးမြန်းဖို့ကို တုံ့ဆိုင်းမနေပါနဲ့။

၂။ အိပ်ဖို့နေရာ စီစဉ်ပါ

အိမ်တွေဆီက အခန်းငှားတာမျိုး အသိမိတ်ဆွေတစ်ယောက်ယောက်ရဲ့ အိမ်တွေမှာ ခဏငှားနေတာမျိုးတွေက ဒေသခံလူတွေနဲ့ ပိုမိုဆက်သွယ်နိုင်အောင် ကူညီပေးမှာပါ။ တစ်ယောက်တည်း ခရီးသွားလာသူတစ်ယောက်အနေနဲ့ ရွေးချယ်စရာတော့ များပါတယ်။ ဒီအချက်ကို ကြိုတင်စဉ်းစားထားသင့်တဲ့ အချက်တွေထဲထည့်ထားပါ။

၃။ မကြောက်ပါနဲ့

အချိန်အကြာကြီး တစ်ယောက်တည်း သွားလာလှုပ်ရှားရမှာ ကြောက်တဲ့စိတ်ကို ခေါင်းထဲက နှင်ထုတ်ထားလိုက်ပါ။ လမ်းခရီးတစ်လျှောက် ကိုယ့်ကိုယ်ကိုယ်အဖော်ပြုရင်းနဲ့ကိုယ့်ကိုကိုယ် ပိုချစ်တတ်လာပါလိမ့်မယ်။ လမ်းခရီးမှာ မိတ်ဆွေအသစ်တွေတောင် ရချင်ရလာနိုင်ပါသေးတယ်။

၄။ ဓာတ်ပုံများများရိုက်ပါ

ရောက်ရှိရာဒေသတိုင်းမှာ ဓာတ်ပုံမှတ်တမ်းတင်ဖို့ မမေ့ခဲ့သင့်ပါဘူး။ နေရာဒေသတိုင်းရဲ့ အလှအပတွေအပြင် ကွဲပြားတဲ့ရှုထောင့်နေရာတွေကနေ ရှုခင်းတွေကို ခံစားပြီး ဓာတ်ပုံများများသာရိုက်ယူဖို့ မမေ့ပါနဲ့။

၅။ များများစားပါ

အမြန်စာတွေအစား အရသာရှိတဲ့ ဒေသထွက်စားစရာတွေ များများသာ စမ်းသပ်စားသောက်ကြည့်ပါ။ တစ်ယောက်တည်း အစားစာရလို့လည်း ဘာမှအားမငယ်နေပါနဲ့။ ဆိုင်ထဲက ဝန်ထမ်းတွေ စားပွဲထိုးတွေက ကိုယ့်ကိုကူညီပေးဖို့ ကိုယ်လိုတာမှာလို့ရအောင် စောင့်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့။ အရသာသစ်တွေကို စူးစမ်းခဲ့ပါ။

၆။ မိသားစုမိတ်ဆွေတွေနဲ့ အဆက်သွယ်မပြတ်ပါစေနဲ့

facebook တို့ Twitterတို့ Instagramတို့လို လှုမှုကွန်ယက်တွေကနေ ကိုယ်ဘယ်တွေသွားနေတယ်ဆိုတာ ကိုယ့်မိသားစုမိတ်ဆွေတွေသိအောင် ပြုလုပ်ထားပါ။လမ်းခရီးမှာသင်တစ်ခုခုလိုအပ်လာရင် သူတို့ဆီက အကြံဉာဏ်ကောင်းတွေ တောင်းခံနိုင်ပါတယ်။

၇။ လုံခြုံမှုကို အမြဲသတိရှိနေပါစေ

တစ်ယောက်တည်း ခရီးသွားခြင်းအတွက် အရေးအကြီးဆုံးအချက်ပါပဲ။ ပျော်ရွှင်ရဖို့အပြင် ဘေးကင်းနေဖို့ကလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ခရီးစဉ်တစ်လျောက်လုံးမှာ နိုးနိုးကြားကြားနေပါ။ ညဘက်တွေမှာ ပိုသတိရှိပါ။ သတိထားဖို့လိုပါတယ်။
Credit: Sophia(ရိုးရာေလး)
Ref: Roughguides: Top tips for surviving solo travel