ZawGyiျဖင့္ဖတ္ရန္

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲစြဲ Kpop အဆုိေတာ္ေတြျဖစ္ၾကတဲ့ CNBlue အဖြဲ႕ဝင္ Lee Jung shin နဲ႔ AOA အဖြဲ႕ဝင္ Seol Hyun တုိ႔ကေတာ့ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ ညက ျမန္မာႏုိင္ငံကုိ ေရာက္လာၿပီလုိ႔ သိရပါတယ္။ သူတုိ႔ေရာက္လာတဲ့ အခ်ိန္မွာလည္း ျမန္မာႏုိင္ငံက Kpop ပရိသတ္ေတြက အားပါးတရသြားေရာက္ႀကိဳဆုိၾကတယ္လုိ႔ သိရပါတယ္။

နာမည္ေက်ာ္ေတာင္ကုိရီးယားအဆုိေတာ္ေတြျဖစ္ၾကတဲ့ Jung shin နဲ႔ Seol Hyun တုိ႔ကေတာ့ ျမန္မာႏုိင္ငံကုိ ” က​ေလာမွာ႐ွိတဲ့ FNC love school အတြက္​လုပ္​အား​ေပးလာတာဆို​ေတာ့ က​ေလာက္ိုသြားၾကမွာပါ’ လုိ႔ KPop For Myanmar ” KFM” Page Admin က Duwun Media ကုိေျပာျပခဲ့ပါတယ္။ ဒါေပမဲ့ သူတုိ႔ရဲ႕ အေသးစိတ္အစီအစဥ္ေတြကိုေတာ့ လူသိရွင္ၾကားဖြင့္ေျပာျပထားျခင္း မရွိေသးပါဘူး။

CNBlue Myanmar Fan Page က Admin ေတြကလည္း ကေလာမွာရွိတဲ့ CNBlue Myanmar Fan ေလးေတြအတြက္ ” ကေလာခ၇ီးစဥ္က secret schedule မို႔ ဘာမွ ႀကိဳအသိမေပးပါဘူး. ေလယာဥ္နဲ႔ သြားမလား ကားနဲ႔သြားမလား မေသခ်ာတဲ့အတြက္ ျဖစ္ႏိုင္၇င္ ကေလာက ေက်ာင္းမွာသာ သြားေစာင့္ေနပါ” လို႔ ဆုိၿပီး Page ကေနတဆင့္လည္းေၾကညာထားပါတယ္။

နာမည္ေက်ာ္ Kpop အဆုိေတာ္အဖြဲ႔ဝင္ေတြ ျဖစ္ၾကတဲ့ Jung Shin နဲ႔ Seol Hyun တုိ႔ကေတာ့ ျမန္မာျပည္ခရီးစဥ္ေရာက္လာမယ္ ဆုိကတည္း က သူတုိ႔ကုိ ခ်စ္တဲ့ပရိသတ္ေလးေတြရဲ႕ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ေစာင့္ေမွ်ာ္မႈေတြကုိ ရရွိခဲ့တာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ညက ေလဆိပ္ကုိေရာက္တဲ့အခ်ိန္မွာလည္း ထင္မွတ္မထားေလာက္တဲ့ ပရိသတ္မ်ားစြာတုိ႔ရဲ႕ ႀကိဳဆုိမႈေတြေၾကာင့္ အေပ်ာ္ႀကီးေပ်ာ္ ေနခဲ့ၾကပုံပါပဲ။
Unicodeဖြင့်ဖတ်ရန်
နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ Kpop အဆိုတော်တွေဖြစ်ကြတဲ့ CNBlue အဖွဲ့ဝင် Lee Jung shin နဲ့ AOA အဖွဲ့ဝင် Seol Hyun တို့ကတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညက မြန်မာနိုင်ငံကို ရောက်လာပြီလို့ သိရပါတယ်။ သူတို့ရောက်လာတဲ့ အချိန်မှာလည်း မြန်မာနိုင်ငံက Kpop ပရိသတ်တွေက အားပါးတရသွားရောက်ကြိုဆိုကြတယ်လို့ သိရပါတယ်။

 

နာမည်ကျော်တောင်ကိုရီးယားအဆိုတော်တွေဖြစ်ကြတဲ့ Jung shin နဲ့ Seol Hyun တို့ကတော့ မြန်မာနိုင်ငံကို ” ကလောမှာရှိတဲ့ FNC love school အတွက်လုပ်အားပေးလာတာဆိုတော့ ကလောကိုသွားကြမှာပါ’ လို့ KPop For Myanmar ” KFM” Page Admin က Duwun Media ကိုပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသေးစိတ်အစီအစဉ်တွေကိုတော့ လူသိရှင်ကြားဖွင့်ပြောပြထားခြင်း မရှိသေးပါဘူး။

 

CNBlue Myanmar Fan Page က Admin တွေကလည်း ကလောမှာရှိတဲ့ CNBlue Myanmar Fan လေးတွေအတွက် ” ကလောခရီးစဉ်က secret schedule မို့ ဘာမှ ကြိုအသိမပေးပါဘူး. လေယာဉ်နဲ့ သွားမလား ကားနဲ့သွားမလား မသေချာတဲ့အတွက် ဖြစ်နိုင်၇င် ကလောက ကျောင်းမှာသာ သွားစောင့်နေပါ” လို့ ဆိုပြီး Page ကနေတဆင့်လည်းကြေညာထားပါတယ်။

နာမည်ကျော် Kpop အဆိုတော်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Jung Shin နဲ့ Seol Hyun တို့ကတော့ မြန်မာပြည်ခရီးစဉ်ရောက်လာမယ် ဆိုကတည်း က သူတို့ကို ချစ်တဲ့ပရိသတ်လေးတွေရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ စောင့်မျှော်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက လေဆိပ်ကိုရောက်တဲ့အချိန်မှာလည်း ထင်မှတ်မထားလောက်တဲ့ ပရိသတ်များစွာတို့ရဲ့ ကြိုဆိုမှုတွေကြောင့် အပျော်ကြီးပျော် နေခဲ့ကြပုံပါပဲ။
Photo: Jung Shin Myanmar Fan Page & Seol Hyun Myanmar Fan Page
CreditL Duwun