ZawGyiဖြင့်ဖတ်ရန်



Unicodeဖြင့်ဖတ်ရန်

နာမည်ကျော် မင်းသမီးဟောင်းတစ်ဦးဖြစ်တဲ့ အကယ်ဒမီ နန္ဒာလှိုင်ကတော့ သူ့ရဲ့ ယောက်ျားဖြစ်သူ ဦးဇေသီဟလုပ်နေတဲ့ wlc လက်ဝှေ့ပြိုင်ပွဲနဲ့ပက်သက်ပြီး ယောက်ျားကိုပဲ သနားမိတဲ့အကြောင်း ပြောလာပါတယ်။ ဒီအကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကပဲ ရေးသားထားတာ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေ မလုပ်ဖြစ် ပွဲတွေမတက်ဖြစ်တော့တဲ့ နန္ဒာလှိုင်က စီးပွားရေးပဲ စောက်ချလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဇေကမ္ဘာဦးခင်ရွှေရဲ့ သားဖြစ်သူ ဇေသီဟနဲ့ အိမ်ထောင်ကျပြီး ပရိတ်သတ်တွေနဲ့ ဝေးခဲ့တာလည်း ဖြစ်ပါတယ်။ မနေ့ညကတော့ သူ့ရဲ့ ဖေ့စ်ဘွက်မှာ ယောကျာ်းကိုဘဲသနားတယ် ငွေအကုန်ခံ အပင်ပန်းခံ ပြီးတော့လဲစိတ်ချမ်းသာရတယ်မရှိဘူး စိတ်ညစ်နေရတာဘဲတွေ့နေရတယ် ဘာကြောင့်များအဲဒါကြီးကိုဖက်တွယ်နေရတာလဲ ဆိုပြီး ရေးသားထားပါတယ်။

သူမက ၁၉၉၈ ခုနှစ်က ရွှေနံ့သာစံအိမ် ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့နေရာမှ အကယ်ဒမီရရှိခဲ့သူ ဖြစ်ပါတယ်။ သူမအသက်က ခုတော့ ၄၃ နှစ်ကျော်ပါပြီ ခင်ပွန်းဖြစ်သူကတော့ ဒီနေ့ပဲ ၄၁ နှစ်ပြည့်တာလို့ သိရပါတယ်။ သမီးလေးသုံးယောက်ထွန်းကားထားပြီး မိသားစုဘဝကို ခိုင်ခိုင်မာမာ ဆက်သွားနေတာပဲဖြစ်ပါတယ်။

Credit: Pann Pwint