ZawGyiဖြင့်ဖတ်ရန်




Unicodeဖြင့်ဖတ်ရန်
စင်ကာပူရဲ့ ဆင်းပို့စ်စာပို့သမား တစ် ယောက်ဟာ ကွန်ဒိုမီနီယံတစ်ခုမှာ စာတွေနဲ့ တိုက်ရိုက် မေးလ်တစ်စောင်ကို လွှင့် ပစ်ခဲ့ကြောင်းတွေ့ရပြီးနောက် သူ့ကိုအလုပ်က ဖြုတ်ခဲ့ကြောင်းဆင်းပို့စ် ပြောခွင့်ရသူတစ်ဦးကထုတ်ပြန်ပါတယ်။

ဆင်းပို့စ်ဟာ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင် တစ်ခုနဲ့ပတ်သက်ပြီး ချန်နယ် နယူးစ်အေးရှားရဲ့ မေးမြန်းချက်ကို ဖြေ ကြားခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ သူက စာတွေကို အမှိုက်ပုံးထဲပစ်ခဲ့တယ်လို့ စာပို့သမားက ပြောနေပါတယ်။
သူဟာ ပင်ပန်းနေပြီး ကောင်းကောင်း မွန်မွန် ဆက်ဆံမခံရတာကြောင့်လို့လည်း တိုင်တန်းပါတယ်။

READ  ရှစ်တန်းအောင် သူတွေ အာဆီယံ ပညာသင်ဆု လျှောက်ထားနိုင်

သည်ဖြစ်ရပ်ဟာ ကွန်ဒိုမီနီယံတစ်ခုမှာ ဗုဒ္ဓဟူးနေ့ က ဖြစ်ခဲ့ကြောင်း အတည်ပြု တဲ့ ဆင်းပို့စ်က ကုမဏီဟာ သည်ကိစ္စကို သည်းမခံဘူးလို့ ဆိုပါတယ်။
“ဒီကိစ္စကို ကုမဏီက လက်မခံပါဘူး၊ အဲဒီနောက် ပိုင်း သူ့ကို အလုပ်က ထုတ်လိုက်ပါပြီ”လို့ ပြောခွင်ရ သူက ဆိုပါတယ်။

“ဆင်းပို့စ်အနေနဲ့ ဒီကိစ္စကို ကျွန်တော် တို့သိအောင် လုပ်ပေးတဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်၊ ဒါ့အ ပြင် ဝန်ဆောင်မှု ပျက်ကွက်ခဲ့ရတဲ့ အဆိုပါကွန်ဒိုက လူတွေကိုလဲ ကျွန်တော် တောင်းပန်ချင်ပါတယ်”

“ကျွန်တော်တို့ စာတွေကို ပြန်ရအောင် ယူပြီး ရောက်အောင် ပြန်ပို့ပေးမှာပါ”လို့ သူက ဆိုပါတယ။

စုျပည့္စံု [ref:CNA.Feb 10 , 2018.]
Credit: Kumudra

 

LEAVE A REPLY