ZawGyiျဖင့္ဖတ္ရန္
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီ ၁၁ ရက္က က်ပ္သိန္းေပါင္း ၂၅၀၀ ေလာက္ တန္ဖိုးရိွတဲ့ မူးယစ္ေဆးဝါးေတြကို ရဲတပ္ဖြဲ႔က ဖမ္းဆီးရမိခဲ့ပါတယ္။

ေရႊဘို-ေရဦး ကားလမ္းမွာ သတင္းအရ ေရႊဘိုခ႐ိုင္ရဲတပ္ဖြဲ႔က ကားေတြကို ရပ္တန္႔ေစၿပီး စစ္ေဆးေနစဥ္မွာ ရပ္မေပးဘဲထြက္ေျပးတဲ့ VIOG အမ်ိဳးစားယာဥ္က ဖမ္းမိခဲ့တာပါ။

“က်ေနာ္တို႔က သတင္းရထားလို႔ ျဖတ္လာတဲ့ ကားေတြကို စစ္ေဆးတာ။ အဲဒီကားက အရွိန္မ်ားတယ္။ ရပ္မေပးဘဲ ေမာင္းေျပးတာ။ က်ေနာ္တို႔လည္း ေနာက္က ကားတစီးနဲ႔ လိုက္သြားတယ္။ ၅ မိနစ္ေတာင္မၾကာဘူး အဲဒီကားလည္း ေထာ္လာဂ်ီကို ပြတ္တိုက္မိၿပီး ေရေျမာင္းထဲ ထိုးက်တာပဲ။ မသကၤာလို႔ ကားထဲ ရွာမွ ဒါေတြလာေတြ႔တာပဲ” လို႔ ေရႊဘိုခ႐ိုင္ရဲတပ္ဖြဲ႔႐ံုး ရဲအုပ္ခင္ေမာင္ဦးက ေျပာပါတယ္။

စစ္ေဆးရာမွာ ကားအတြင္းရိွ ဂ်က္ဖာ ၂ ဖာထဲက ဘိန္းျဖဴေတြထည့္ထားတဲ့ ဆပ္ျပာခြက္ ၂၄၂ ခြက္ကို ေတြ႔ရိွရၿပီး တန္ဖိုးတြက္ခ်က္ရာမွာ ဘိန္းျဖဴစုစုေပါင္း ၂၄၈၇ ဂရမ္ေလာက္ ေလာက္ရွိၿပီး ေငြက်ပ္သိန္းေပါင္း ၂၄၈၇ သိန္း တန္ဖိုးရိွတယ္လို႔ သိရပါတယ္။

ေရႊဘိုၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးေတြတင္ေဆာင္လာတဲ့ ကေလးၿမိဳ႕ေန က်င္ဇတြန္း နဲ႔ တြန္းဇံၿမိဳ႕နယ္ေန လန္ခန္႔ဆူမ္တို႔ ၂ ဦးကို မူးယစ္ေဆးဝါးသံုးစြဲမႈ ဥပေဒပုဒ္မ ၁၅၊ မူးယစ္ႏွင့္ စိတ္ကိုေျပာင္းလဲေစႏုိင္တဲ့ ေဆးဝါးမ်ားအက္ဥပေဒပုဒ္မ ၁၉ (က)၊ မူးယစ္ေရာင္းခ်ရာမွာ ပူးေပါင္းႀကံစည္မႈ ပုဒ္မ ၂၁ တုိ႔နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်က ကျပ်သိန်းပေါင်း ၂၅၀၀ လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

READ  လူမိုက္​ လူရမ္​းကား မ်ားကို သတိထား

ရွှေဘို-ရေဦး ကားလမ်းမှာ သတင်းအရ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့က ကားတွေကို ရပ်တန့်စေပြီး စစ်ဆေးနေစဉ်မှာ ရပ်မပေးဘဲထွက်ပြေးတဲ့ VIOG အမျိုးစားယာဉ်က ဖမ်းမိခဲ့တာပါ။

“ကျနော်တို့က သတင်းရထားလို့ ဖြတ်လာတဲ့ ကားတွေကို စစ်ဆေးတာ။ အဲဒီကားက အရှိန်များတယ်။ ရပ်မပေးဘဲ မောင်းပြေးတာ။ ကျနော်တို့လည်း နောက်က ကားတစီးနဲ့ လိုက်သွားတယ်။ ၅ မိနစ်တောင်မကြာဘူး အဲဒီကားလည်း ထော်လာဂျီကို ပွတ်တိုက်မိပြီး ရေမြောင်းထဲ ထိုးကျတာပဲ။ မသင်္ကာလို့ ကားထဲ ရှာမှ ဒါတွေလာတွေ့တာပဲ” လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံး ရဲအုပ်ခင်မောင်ဦးက ပြောပါတယ်။

စစ်ဆေးရာမှာ ကားအတွင်းရှိ ဂျက်ဖာ ၂ ဖာထဲက ဘိန်းဖြူတွေထည့်ထားတဲ့ ဆပ်ပြာခွက် ၂၄၂ ခွက်ကို တွေ့ရှိရပြီး တန်ဖိုးတွက်ချက်ရာမှာ ဘိန်းဖြူစုစုပေါင်း ၂၄၈၇ ဂရမ်လောက် လောက်ရှိပြီး ငွေကျပ်သိန်းပေါင်း ၂၄၈၇ သိန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့ ကလေးမြို့နေ ကျင်ဇတွန်း နဲ့ တွန်းဇံမြို့နယ်နေ လန်ခန့်ဆူမ်တို့ ၂ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှု ဥပဒေပုဒ်မ ၁၅၊ မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဆေးဝါးများအက်ဥပဒေပုဒ်မ ၁၉ (က)၊ မူးယစ်ရောင်းချရာမှာ ပူးပေါင်းကြံစည်မှု ပုဒ်မ ၂၁ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ရန္နိုင္စိုး
Credit: DVB

LEAVE A REPLY