ZawGyiျဖင့္ဖတ္ရန္

ဆိပ္ျဖဴၿမိဳ႕ရွိ ေရႊဆိုင္တစ္ဆုိင္တြင္ ေရႊထည္မ်ားအား ျပခိုင္းၿပီး ၇၉ က်ပ္သား ခန္႔ရွိ ေရႊထည္ပစၥည္းမ်ား ခိုးယူသြားေသာ အမ်ဳိးသမီးသုံးဦးအား ေဖေဖာ္ဝါရီ ၁၁ ရက္က အမႈဖြင့္ခဲ့ေၾကာင္း ဆိပ္ျဖဴၿမိဳ႕မရဲစခန္းမွ သိရ သည္။

ျဖစ္စဥ္မွာ ဆိပ္ျဖဴၿမိဳ႕ ရြာသစ္ရပ္ကြက္ေန ေဒၚေလး ေလးမြန္(၃၄ ႏွစ္)သည္ ေဖေဖာ္ဝါရီ ၁၁ ရက္ နံနက္ ၇ နာရီက ပတၱျမားေစ်းအတြင္းရွိ ေရႊဆိုင္အား ဖြင့္လွစ္ ေရာင္းခ်ေနစဥ္ နံနက္ ၈ နာရီခန္႔တြင္ အမ်ဳိးသမီး ႏွစ္ဦးေရာက္ ရွိလာၿပီး ေရႊဆြဲသီးျပေပးရန္ ေျပာဆိုသျဖင့္ ျပသေပးေနစဥ္ အမ်ဳိးသမီး တစ္ဦး ထပ္မံေရာက္ရွိလာၿပီး နားဆြဲျပသေပးရန္ ေျပာဆိုသျဖင့္ ျပသေပး ခဲ့ၿပီးေနာက္ အဆုိပါအမ်ဳိးသမီးမွာ ေရႊဆိုင္အတြင္းမွ ထြက္သြား ခဲ့ေၾကာင္း။

ထုိ႔ေနာက္ က်န္ရွိသည့္ အမ်ဳိးသမီးႏွစ္ဦးကလည္း ေစ်း မတတ္ႏိုင္ေၾကာင္းေျပာ ဆိုၿပီး ေရႊဆိုင္အတြင္းမွ ျပန္လည္ ထြက္သြား ခဲ့ၿပီးေနာက္ ဗီ႐ို႐ႈိးေက့အတြင္းမွ ကာလတန္ဖုိး ေငြက်ပ္ ၇ဝ၈ သိန္းခန္႔ရွိ ေရႊဆြဲႀကိဳး ၁၈၉ ကုံးခန္႔ (အေလးခ်ိန္ ၇၉ က်ပ္သားခန္႔) ထည့္ထားေသာ ပလတ္စတစ္ဘူးမွာ ေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ေၾကာင္း တရားလို၏ တိုင္ၾကားခ်က္ အရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရႊထည္ပစၥည္းမ်ားအား ခိုးယူသြားေသာ အမည္မသိ အမ်ဳိးသမီးသုံးဦးအား အေရးယူေပးရန္ ေဒၚေလးေလးမြန္က တရားလိုျပဳ တိုင္ၾကားခဲ့၍ ဆိပ္ျဖဴၿမိဳ႕မရဲစခန္းက အမႈဖြင့္စုံစမ္းေန ေၾကာင္း သိရသည္။
Unicodeဖြင့်ဖတ်ရန်
ဆိပ်ဖြူမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေထည်များအား ပြခိုင်းပြီး ၇၉ ကျပ်သား ခန့်ရှိ ရွှေထည်ပစ္စည်းများ ခိုးယူသွားသော အမျိုးသမီးသုံးဦးအား ဖေဖော်ဝါရီ ၁၁ ရက်က အမှုဖွင့်ခဲ့ကြောင်း ဆိပ်ဖြူမြို့မရဲစခန်းမှ သိရ သည်။

READ  ေရး-သံျဖဴဇရပ္ကားလမ္းမွာ ယာဥ္တိမ္းေမွာက္ ကုိရင္ ၂ ပါးေသဆုံး၊ ကုိရင္ ၁၄ ပါး ဒဏ္ရာရ

ဖြစ်စဉ်မှာ ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်နေ ဒေါ်လေး လေးမွန်(၃၄ နှစ်)သည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီက ပတ္တမြားဈေးအတွင်းရှိ ရွှေဆိုင်အား ဖွင့်လှစ် ရောင်းချနေစဉ် နံနက် ၈ နာရီခန့်တွင် အမျိုးသမီး နှစ်ဦးရောက် ရှိလာပြီး ရွှေဆွဲသီးပြပေးရန် ပြောဆိုသဖြင့် ပြသပေးနေစဉ် အမျိုးသမီး တစ်ဦး ထပ်မံရောက်ရှိလာပြီး နားဆွဲပြသပေးရန် ပြောဆိုသဖြင့် ပြသပေး ခဲ့ပြီးနောက် အဆိုပါအမျိုးသမီးမှာ ရွှေဆိုင်အတွင်းမှ ထွက်သွား ခဲ့ကြောင်း။

ထို့နောက် ကျန်ရှိသည့် အမျိုးသမီးနှစ်ဦးကလည်း ဈေး မတတ်နိုင်ကြောင်းပြော ဆိုပြီး ရွှေဆိုင်အတွင်းမှ ပြန်လည် ထွက်သွား ခဲ့ပြီးနောက် ဗီရိုရှိုးကေ့အတွင်းမှ ကာလတန်ဖိုး ငွေကျပ် ၇ဝ၈ သိန်းခန့်ရှိ ရွှေဆွဲကြိုး ၁၈၉ ကုံးခန့် (အလေးချိန် ၇၉ ကျပ်သားခန့်) ထည့်ထားသော ပလတ်စတစ်ဘူးမှာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက် အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေထည်ပစ္စည်းများအား ခိုးယူသွားသော အမည်မသိ အမျိုးသမီးသုံးဦးအား အရေးယူပေးရန် ဒေါ်လေးလေးမွန်က တရားလိုပြု တိုင်ကြားခဲ့၍ ဆိပ်ဖြူမြို့မရဲစခန်းက အမှုဖွင့်စုံစမ်းနေ ကြောင်း သိရသည်။
ေက်ာ္ေဇယ်
Credit; MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

 

LEAVE A REPLY