ZawGyiျဖင့္ဖတ္ရန္

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန FDA မွ ဒုႀကီးၾကပ္ေရးမွဴး မေရႊရည္ဝင္းကို အဓမၼျပဳက်င္႔ သတ္ျဖတ္ခဲ႔ၿပီး ပစၥည္းလုယူသည့္ တကၠဆီယဥ္ေမာင္းမ်ဳိးေဇာ္ဦးသည္ ေရွ႕ေနမငွားႏိုင္သျဖင့္ အစိုးရေရွ႕ေနျဖင့္ အမႈကို ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ယင္းအမႈကို ကိုင္တြယ္ေနသည့္ ရဲအရာရွိထံမွ သိရွိရသည္။

မ်ိဳးေဇာ္ဦးအား ေဖေဖာ္ဝါရီ ၂၂ ရက္ နံနက္ ၁၀ နာရီေက်ာ္က အေရွ႕ပိုင္းခရိုင္တရားရံုးတြင္ ရံုးထုတ္ခဲ့ရာမွ ေရွ႕ေန မငွားႏုိင္သည့္ အေၾကာင္းကို သိရသည္။

“သူက ေရွ႕ေနမငွားႏိုင္လို႔ရံုးေတာ္ကို တင္ျပတဲ့အတြက္ ေနာက္အပတ္ရံုးခ်ိန္းမွာ အစိုးရေရွ႕ေနငွားၿပီး အမႈကို စစ္ေဆးသြားမယ္။”ဟု ယင္းအမႈမွ မႈခင္းမွတ္တမ္း တာဝန္ခံ ရဲအုပ္ မ်ိဳးထက္ခိုင္က ေျပာသည္။

အဆိုပါ အမႈ ေဖေဖာ္ဝါရီ ၂၂ ရက္ရံုးခ်ိန္းတြင္ မုဒိန္းမႈမွန္သမွ် ေသဒဏ္ေပးေရးေတာင္းဆိုသည့္ လူပ္ရွားေန သည့္ ျမန္မာအမ်ိဳးသမီးေစာင့္ေရွာက္ေရးအဖြဲ႔မွလည္း မုဒိမ္းမႈမ်ားကို ထိထိေရာက္ေရာက္အျပစ္ေပးဟူသည့္ လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝျခင္းႏွင့္ မုဒိန္းမႈက်ဴးလြန္ခဲ့သည့္ မ်ိဳးေဇာ္ဦးကို ပတ္ဝန္းက်င္ ရပ္ကြက္မ်ားမွ အမ်ိဳးသမီးမ်ားလာေရာက္ၾကည့္ရႈၾကေၾကာင္း သိရသည္။
“ဝတ္စားဆင္ယဥ္မႈေၾကာင့္ မုဒိမ္းမႈျဖစ္ရတယ္ဆိုတာကို လက္မခံဘူး။” ဟု ျမန္မာအမ်ိဳးသမီးေစာင့္ေရွာက္ေရး အဖြဲ႔ဝင္တစ္ဦး ကေျပာသည္။

တကၠဆီယဥ္ေမာင္မ်ဳိးေဇာ္ဦး၏ ကားကို ဇန္ဝါရီ ၂၁ ရက္က ေရြရည္ဝင္းမွ ငွားစီးရာမွ အဓမၼျပဳက်င့္သတ္ျဖတ္ခဲ႔ ၿပီး ဖုန္းႏွင္႔ လက္ဝတ္လက္စာမ်ားကို ယူ၍ အေလာင္းအား ငမိုးရိပ္ေခ်ာင္းကူးတံတားေဘးတြင္ စြန္႔ပစ္ခဲ့ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သည့္ မ်ိဳးေဇာ္ဦအား အမႈအမွတ္ ၅၉/ ၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ /၃၇၆/၃၇၇/၃၉၄ မုဒိမ္းမႈ၊ ဓမၼတာႏွင့္ ဆန္႔က်င္သည့္ မုဒိမ္းမႈ၊ လုယက္မႈစသည့္ ပုဒ္မေလးခု တရားစြဲဆိုထားၿပီး ေဖေဖာ္ဝါရီ ၂၇ ရက္တြင္ ရံုးခ်ိန္း ထပ္မံခ်ိန္းဆိုလိုက္ေၾကာင္း သိရသည္။
Unicodeဖြင့်ဖတ်ရန်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး ပစ္စည်းလုယူသည့် တက္ကဆီယဉ်မောင်းမျိုးဇော်ဦးသည် ရှေ့နေမငှားနိုင်သဖြင့် အစိုးရရှေ့နေဖြင့် အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအမှုကို ကိုင်တွယ်နေသည့် ရဲအရာရှိထံမှ သိရှိရသည်။

မျိုးဇော်ဦးအား ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီကျော်က အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ရာမှ ရှေ့နေ မငှားနိုင်သည့် အကြောင်းကို သိရသည်။

“သူက ရှေ့နေမငှားနိုင်လို့ရုံးတော်ကို တင်ပြတဲ့အတွက် နောက်အပတ်ရုံးချိန်းမှာ အစိုးရရှေ့နေငှားပြီး အမှုကို စစ်ဆေးသွားမယ်။”ဟု ယင်းအမှုမှ မှုခင်းမှတ်တမ်း တာဝန်ခံ ရဲအုပ် မျိုးထက်ခိုင်က ပြောသည်။

အဆိုပါ အမှု ဖေဖော်ဝါရီ ၂၂ ရက်ရုံးချိန်းတွင် မုဒိန်းမှုမှန်သမျှ သေဒဏ်ပေးရေးတောင်းဆိုသည့် လူပ်ရှားနေ သည့် မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့မှလည်း မုဒိမ်းမှုများကို ထိထိရောက်ရောက်အပြစ်ပေးဟူသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မုဒိန်းမှုကျူးလွန်ခဲ့သည့် မျိုးဇော်ဦးကို ပတ်ဝန်းကျင် ရပ်ကွက်များမှ အမျိုးသမီးများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
“ဝတ်စားဆင်ယဉ်မှုကြောင့် မုဒိမ်းမှုဖြစ်ရတယ်ဆိုတာကို လက်မခံဘူး။” ဟု မြန်မာအမျိုးသမီးစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦး ကပြောသည်။

တက္ကဆီယဉ်မောင်မျိုးဇော်ဦး၏ ကားကို ဇန်ဝါရီ ၂၁ ရက်က ရွေရည်ဝင်းမှ ငှားစီးရာမှ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ ပြီး ဖုန်းနှင့် လက်ဝတ်လက်စာများကို ယူ၍ အလောင်းအား ငမိုးရိပ်ချောင်းကူးတံတားဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သည့် မျိုးဇော်ဦအား အမှုအမှတ် ၅၉/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ /၃၇၆/၃၇၇/၃၉၄ မုဒိမ်းမှု၊ ဓမ္မတာနှင့် ဆန့်ကျင်သည့် မုဒိမ်းမှု၊ လုယက်မှုစသည့် ပုဒ်မလေးခု တရားစွဲဆိုထားပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။
Credit: ရတနာပုံ သတင္းစာ