ZawGyiဖြင့်ဖတ်ရန်





Unicodeဖြင့်ဖတ်ရန်

ပရိသတ်အချစ်တော် မင်းသမီး သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း မိသားစုအတွက် အချိန်အပြည့်ပေးတော့မယ်လို့ ဆုံးဖြတ်ကာ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပါတယ်။

ချစ်ရာကောင်းတဲ့ အမှုအရာတွေ၊ အသံဝဲ၀ဲလေးဖြစ်တဲ့ မင်းသမီး သဉ္ဇာနွယ်ဝင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို နောက်ထပ်မြင်တွေ့ရတော့မှာ မဟုတ်တော့လို့ တချို့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။ သဉ္ဇာနွယ်ဝင်း အလွမ်းပြေအတွက် နောက်ထပ်ထွက်ရှိလာမယ့် ဇာတ်ကား(၃)ကား ရှိနေသေးတယ်လို့ သိရပါတယ်။

သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ပြုပြီး တစ်လအကြာမှာ ကိုယ်ဝန်တန်းရသွားတဲ့အတွက် အနုပညာ အလုပ်တွေကို ရပ်ခဲ့ရပြီး ကလေးမွေးပြီးတဲ့အချိန်မှာလည်း မိသားစုအတွက် အချိန်ပေးခဲ့ရပါတယ်။ သူမကိုယ်ဝန်စရှိကတည်းက ကိုယ်ဝန်နဲ့ပတ်သက်ပြီး အပုတ်ချဝေဖန်တာတွေရှိနေခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်နေရင် မိသားစုကို အချိန်မပေးနိုင်မှာ စိုးတာကြောင့်လို့ဆိုပါတယ်။

သားလေးနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရတဲ့ သူမက မိသားစုအတွက် သူမရဲ့ဝါသနာနဲ့ ဘဝတစ်သက်တာ အချိန်တွေအားလုံးကို ပေးဆပ်လိုက်တာပဲဖြစ်ပါတယ်။ ကြည်နူးပျော်ရွှင်ဖို့ကောင်းတဲ့ သဉ္ဇာနွယ်ဝင်းရဲ့မိသားစုပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

source : Thinzar Nwewin (MC)

Credit: Myanmar Feed