ZawGyiျဖင့္ဖတ္ရန္

The Voice Myanmar ရဲ့ ပထမဆုံးအပိုင္း ထုတ္လႊင့္မွုမွာအစမွာထဲက ပရိသတ္ေတြအေနနဲ႔ ဘယ္သီခ်င္းဆိုၿပိဳင္ပြဲနဲ႔မွ မတူတဲ့ အရသာကို ထူးထူးျခားျခား ျမည္းစမ္းခံစားလိုက္ရပါတယ္။

အစီစဥ္ စ,စခ်င္းမွာပဲ The Voice Myanmar ရဲ့ နည္းျပမ်ားျဖစ္ၾကတဲ့ က်ားေပါက္၊ လင္းလင္း၊ နီနီခင္ေဇာ္နဲ႔ ရန္ရန္ခ်န္းတို႔ ေလးဦးစလုံး ကိုယ္ပိုင္သီခ်င္းတစ္ပုဒ္စီကို အတူတူ Non-stop ေဖ်ာ္ေျဖခဲ့ခ်ိန္မွာ လင္းလင္းက ဂီတာတီးခတ္ၿပီး က်ားေပါက္က ဒရမ္မာအျဖစ္ ပံပိုးေပးခဲ့ပါတယ္။

Super Red နဲ႔ နီနီခင္ေဇာ္က စတင္ခဲ့ၿပီး ရန္ရန္ခ်န္းရဲ့ ရက္ပ္စာသားေတြ ဝင္ခ်ိန္မွာေတာ့ ၾကက္သီးမ်ားေတာင္ထခဲ့ရပါတယ္။ သံစဥ္တီးလုံး တစ္ျဖည္းျဖည္း အေႏွးဘက္ကို ေရာက္လာၿပီး ေဟာ္လိုဂစ္တာကို ခပ္ၾကမ္းၾကမ္းေလး ကစားလိုက္တဲ့ ကိုလင္းလင္းရဲ့ သီခ်င္းအစမွာပဲ ပရိသတ္ေတြကပါ လိုက္ပါစီးေမ်ာ သီဆိုၾကပါတယ္။
က်ားေပါက္ရဲ့ အလွည့္မွာေတာ့ ဝမ္းတူးသရီး တိုင္ပင္ေခၚၿပီး သူရဲ့ပုံစံအတိုင္း လၽွပ္စစ္ဂစ္တာကို တီးခတ္လိုက္ခ်ိန္မွာ ပရိသတ္အားလုံး မတ္တပ္ရပ္ကာ အတူတူသီခ်င္းဆိုရင္း အားေပးၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

မတူညီတဲ့ ဂီတအမ်ိဳးအစားနယ္ပယ္မွာ အသီးသီးေအာင္ျမင္ေနတဲ့ အႏုပညာရွင္ ေလးဦးက ပရိသတ္နဲ႔အတူ တစ္သားထဲ Non-Stop ေဖ်ာ္ေျဖမွုက The Voice Myanmar ရဲ့ ေႏြးေထြးျခင္း စုစည္းျခင္းတို႔ကို ျပသလိုက္သလို ခံစားလိုက္ရပါတယ္။

ဒါေပမယ့္ ထူးျခားတဲ့အသံပိုင္ရွင္ကို ေရြးခ်ယ္တဲ့ Blind Audition အလွည့္မွာေတာ့ Coach ေတြဟာ အႏုပညာအသံအရည္အေသြးကို အၾကားအာ႐ုံတစ္ခုထဲနဲ႔သာ စူးစိုက္နားေထာင္ၿပီး ဘယ္ၿပိဳင္ပြဲဝင္ကိုမွ မ်က္ႏွာသာ မေပးပဲ တစ္သားထဲ ဆုံးျဖတ္ခဲ့ၾကတာကိုလည္း ရင္ခုန္စိတ္လွုပ္ရွားစရာ ေတြ႕ျမင္ခဲ့ရျပန္ပါတယ္။

နည္းျပေလးဦး Coach Chair ေပၚမွာ ေနရာယူၿပီး တစ္ဖက္လွည့္သြားခ်ိန္မွာ စင္ေနာက္က ရင္ခုန္မွုအျပည့္နဲ႔ ပထမဦးဆုံး ယွဥ္ၿပိဳင္ဖို႔ တက္လာသူကေတာ့ “ဘဝ” ဆိုတဲ့ လူငယ္ေလးျဖစ္ပါတယ္။

ဒိုင္ေလးဦးေနရာက ခံစားၾကည့္မယ္ဆိုရင္ အေတာ္ေလး ရင္ခုန္စရာေကာင္းပါတယ္။ သီခ်င္းတီးလုံးက လာေနၿပီ ယွဥ္ၿပိဳင္မယ့္သူက အမ်ိဳးသားလား၊ အမ်ိဳးသမီးလား၊ ျဖဴသလားမဲသလား၊ ႐ုပ္ရွည္ေရာ ဘယ္လိုရွိမလဲ လုံးဝမသိရ​ေသးပါဘူး။

“ဘဝ” က ‘ကိုယ္ေစာင့္နတ္’ ဆိုတဲ့ သီခ်င္းနဲ႔ သီဆိုယွဥ္ၿပိဳင္ခဲ့ပါတယ္။ လုံးဝထူးျခားတဲ့ သီဆိုဟန္ေၾကာင့္ သီခ်င္းပထမအပိုဒ္မွာပဲ ခလုပ္ႏွိပ္ၿပီး ၿပိဳင္ပြဲဝင္ဘက္ကို ပထမဦးဆုံး လွည့္လာသူက ‘က်ားေပါက္’ ျဖစ္ပါတယ္။
အဲဒီေနာက္မွာ ‘နီနီခင္ေဇာ္’ က ထပ္မံလွည့္လာခဲ့ျပန္ပါတယ္။ သီခ်င္းက ၿပီးဆုံးေနပါၿပီ အဲဒီေနာက္ဆုံးအခ်ိန္ေလးမွာပဲ အမိအရ ခလုပ္ႏွိပ္ၿပီး လွည့္လာသူက ‘ရန္ရန္ခ်န္း’ ျဖစ္ပါတယ္။

နည္းၿပ သုံးေယာက္က ၿပိဳင္ပြဲဝင္ “ဘဝ” ကို သူတို႔ရဲ့ အဖြဲ႕ထဲေရာက္ေအာင္ ဘယ္လိုေတြလုၾကမလဲ.. “ဘဝ” ကေရာ ‘က်ားေပါက္’ ‘နီနီခင္ေဇာ္’ ‘ရန္ရန္ခ်မ္း’ တို႔ သုံးေယာက္ထဲက ဘယ္တစ္ေယာက္ဆီကို သြားမလဲ ဆိုတာ မၾကည့္ရေသးသူေတြ ရင္ခုန္ေစခ်င္လို႔ ေျပာမျပေတာ့ဘူးေနာ္..။

The Voice Myanmar ရဲ့ ပထမဦးဆုံး သီဆိုယွဥ္ၿပိဳင္တဲ့ေန႔မွာ ၿပိဳင္ပြဲဝင္ ၉ ဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ ဘယ္ၿပိဳင္ပြဲဝင္ေတြက ေရြးခ်ယ္ခံရၿပီး ဘယ္သူေတြက ပထမဆုံးေန႔မွာပဲ အိမ္ျပန္သြားရမလဲ..? နည္းျပေတြကေရာ သူတို႔သေဘာက်တဲ့ ၿပိဳင္ပြဲဝင္ေတြကို အၿပိဳင္အဆိုင္ ဘယ္လိုလုၾကမလဲဆိုတာ တစ္ကယ္ ရင္ခုန္စရာေကာင္းပါတယ္။

ဒုတိယေျမာက္ ၿပိဳင္ပြဲဝင္ Christina BLY ျဖစ္ပါတယ္၊ ငယ္စဥ္ထဲက International School တက္ခဲ့တဲ့သူမ အတန္းႀကီးလာတဲ့အခ်ိန္ မိသားစုစီးပြားေရးေၾကာင့္ ပညာေရး တစ္ပိုင္းတစ္စနဲ႔ ေက်ာင္းထြက္ခဲ့ရသူပါ။
သူမရဲ့ အိမ္မက္က The Voice Myanmar ကေန Winner ျဖစ္ခဲ့ရင္ ပညာေရးအသက္ဆက္နိုင္မယ္လို႔ ေမၽွာ္လင့္ထားပါတယ္။ Blind Audition မွာ “Wrecking Ball” ဆိုတဲ့ သီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ပါတယ္။
Christina BLY ရဲ့ အိမ္မက္ေတြ တစ္ကယ္ျဖစ္လာပါ့မလား..?

ၿပိဳင္ပြဲဝင္ “ေစာ့ေစာ့” က ‘ခ်စ္ဦးေမ’ သီခ်င္းနဲ႔ ယွဥ္ၿပိဳင္အၿပီး စင္ေပၚထိတက္လာၿပီး တစ္ခါျပန္ဆိုခိုင္းတဲ့ လင္းလင္းရဲ့ အစာအေၾကမွုက ဘာမ်ားပါလိမ့္..?

သီခ်င္းဆိုၿပိဳင္ပြဲေတြဝင္ခဲ့ဖူးတဲ့ “စႏၵီ” က ယခင္အေတြ႕အၾကဳံေတြေပၚမွာ သင္ယူရင္း “Mama Oo” သီခ်င္းနဲ႔ ၿပိဳင္ပြဲဝင္ခဲ့ပါတယ္။ သူမကေရာ Coach ေတြရဲ့ စိတ္ႀကိဳက္ျဖစ္ပါ့မလား..?

ဟိုးအေဝ:ႀကီး ဖားကန႔္ၿမိဳ႕ကေန The Voice Myanmar ကို အေရာက္လာခဲ့သူက “Andrew” ျဖစ္ၿပီး ‘ျဖစ္တတ္ပါတယ္’ ဆိုတဲ့ သီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ အႏုပညာအရည္အေသြးကလြဲၿပီး ဘာကိုမွ စိတ္မဝင္စားတဲ့ နည္းျပေတြက ဘယ္လို ဆုံးျဖတ္မွာလဲ..?

ဘယ္သီခ်င္းဆိုၿပိဳင္ပြဲကိုမွ မဝင္ျဖစ္ခဲ့ေပမယ့္ နိုင္ငံတစ္ကာ The Voice အစီစဥ္ေတြကို ယုံၾကည္တာေၾကာင့္ The Voice Myanmar ကို လာၿပိဳင္တာပါဆိုတဲ့ “Julia Htay” က ‘သီခ်င္းလက္ေဆာင္’ နဲ႔ ယွဥ္ၿပိဳင္ခဲ့ပါတယ္ သူမ ကံေကာင္းနိုင္ပါ့မလား..?

အဆိုေတာ္တစ္ေယာက္ျဖစ္ဖို႔ အိမ္မက္ရွိေနတဲ့ “ထူးေအာင္ကို” က သူငယ္ခ်င္းေတြရဲ့ ယုံၾကည္အားေပးမွုေတြနဲ႔အတူ The Voice Myanmar စင္ျမင့္ထက္မွာ “All By Myself” သီးခ်င္းနဲ႔ ရဲရင့္ခဲ့ေပမယ့္ Coach ေတြရဲ့ အဆုံးျဖတ္ကသာ အေရးအႀကီးဆုံးျဖစ္လို႔ အေျဖကဘာျဖစ္လာမလဲ..?

သီခ်င္းဆိုတဲ့ အဖြဲ႕ေလးဖြဲ႕ထားၿပီး အေတြ႕အၾကဳံရွိေပမယ့္ စိတ္အရမ္းလွုပ္ရွားေနတယ္ဆိုတဲ့ “သက္နိုးေဝ” က ‘လြင့္ေနၿပီ’ ဆိုတဲ့ သီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ေဖ့စ္ဘြခ္မွာ ျပန္လည္သီဆိုတဲ့ ကာဗာသီခ်င္းေတြ တင္ထားၿပီး အားေပးၾကတဲ့သူေတြရွိႏွင့္ၿပီးသား “ႏွင္းအိေျႏၵရွင္” က သူ႔ရဲ့ အရည္အခ်င္းကို The Voice Myanmar မွာ စစ္ေဆးၾကည့္တာပါလို႔ ဆိုပါတယ္။ “Think Of Me” နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ “ႏွင္းအိေျႏၵရွင္” တစ္ေယာက္ ျဖတ္ေက်ာ္နိုင္ပါ့မလား..?

ဒီေန႔ယွဥ္ၿပိဳင္မွာေတာ့ ၿပိဳင္ပြဲဝင္ ၉ ဦး ပါဝင္ခဲ့ၿပီး တစ္ခ်ိဳ႕က Battle Round ကို ဆက္လက္ တက္လွမ္းနိုင္ၿပီး အခ်ိဳ႕ကေတာ့ အိမ္ျပန္သြားခဲ့ရပါတယ္။

ေနာက္တစ္ပတ္ တနဂၤေႏြ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ ေနာက္ထပ္ ဘယ္ၿပိဳင္ပြဲေတြကို နည္းျပေတြက ဘယ္လိုေရြးခ်ယ္မလဲ..? နည္းျပေတြကိုေရာ ၿပိဳင္ႁပြဝ၍္ေတြက ဘယ္လိုျပန္ေရြးခ်ယ္ၾကမလဲဆိုတာ MRTV 4 ကေန ည ၉ နာရီမွာ ေစာင့္ေမၽွာ္ၾကည့္ရွုၾကပါဦး။
Unicodeဖြင့်ဖတ်ရန်

The Voice Myanmar ရဲ့ ပထမဆုံးအပိုင်း ထုတ်လွှင့်မှုမှာအစမှာထဲက ပရိသတ်တွေအနေနဲ့ ဘယ်သီချင်းဆိုပြိုင်ပွဲနဲ့မှ မတူတဲ့ အရသာကို ထူးထူးခြားခြား မြည်းစမ်းခံစားလိုက်ရပါတယ်။

အစီစဉ် စ,စချင်းမှာပဲ The Voice Myanmar ရဲ့ နည်းပြများဖြစ်ကြတဲ့ ကျားပေါက်၊ လင်းလင်း၊ နီနီခင်ဇော်နဲ့ ရန်ရန်ချန်းတို့ လေးဦးစလုံး ကိုယ်ပိုင်သီချင်းတစ်ပုဒ်စီကို အတူတူ Non-stop ဖျော်ဖြေခဲ့ချိန်မှာ လင်းလင်းက ဂီတာတီးခတ်ပြီး ကျားပေါက်က ဒရမ်မာအဖြစ် ပံပိုးပေးခဲ့ပါတယ်။

Super Red နဲ့ နီနီခင်ဇော်က စတင်ခဲ့ပြီး ရန်ရန်ချန်းရဲ့ ရက်ပ်စာသားတွေ ဝင်ချိန်မှာတော့ ကြက်သီးများတောင်ထခဲ့ရပါတယ်။ သံစဉ်တီးလုံး တစ်ဖြည်းဖြည်း အနှေးဘက်ကို ရောက်လာပြီး ဟော်လိုဂစ်တာကို ခပ်ကြမ်းကြမ်းလေး ကစားလိုက်တဲ့ ကိုလင်းလင်းရဲ့ သီချင်းအစမှာပဲ ပရိသတ်တွေကပါ လိုက်ပါစီးမျော သီဆိုကြပါတယ်။
ကျားပေါက်ရဲ့ အလှည့်မှာတော့ ဝမ်းတူးသရီး တိုင်ပင်ခေါ်ပြီး သူရဲ့ပုံစံအတိုင်း လျှပ်စစ်ဂစ်တာကို တီးခတ်လိုက်ချိန်မှာ ပရိသတ်အားလုံး မတ်တပ်ရပ်ကာ အတူတူသီချင်းဆိုရင်း အားပေးကြတာကို မြင်တွေ့ခဲ့ရပါတယ်။

မတူညီတဲ့ ဂီတအမျိုးအစားနယ်ပယ်မှာ အသီးသီးအောင်မြင်နေတဲ့ အနုပညာရှင် လေးဦးက ပရိသတ်နဲ့အတူ တစ်သားထဲ Non-Stop ဖျော်ဖြေမှုက The Voice Myanmar ရဲ့ နွေးထွေးခြင်း စုစည်းခြင်းတို့ကို ပြသလိုက်သလို ခံစားလိုက်ရပါတယ်။

ဒါပေမယ့် ထူးခြားတဲ့အသံပိုင်ရှင်ကို ရွေးချယ်တဲ့ Blind Audition အလှည့်မှာတော့ Coach တွေဟာ အနုပညာအသံအရည်အသွေးကို အကြားအာရုံတစ်ခုထဲနဲ့သာ စူးစိုက်နားထောင်ပြီး ဘယ်ပြိုင်ပွဲဝင်ကိုမှ မျက်နှာသာ မပေးပဲ တစ်သားထဲ ဆုံးဖြတ်ခဲ့ကြတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ တွေ့မြင်ခဲ့ရပြန်ပါတယ်။

နည်းပြလေးဦး Coach Chair ပေါ်မှာ နေရာယူပြီး တစ်ဖက်လှည့်သွားချိန်မှာ စင်နောက်က ရင်ခုန်မှုအပြည့်နဲ့ ပထမဦးဆုံး ယှဉ်ပြိုင်ဖို့ တက်လာသူကတော့ “ဘဝ” ဆိုတဲ့ လူငယ်လေးဖြစ်ပါတယ်။

ဒိုင်လေးဦးနေရာက ခံစားကြည့်မယ်ဆိုရင် အတော်လေး ရင်ခုန်စရာကောင်းပါတယ်။ သီချင်းတီးလုံးက လာနေပြီ ယှဉ်ပြိုင်မယ့်သူက အမျိုးသားလား၊ အမျိုးသမီးလား၊ ဖြူသလားမဲသလား၊ ရုပ်ရှည်ရော ဘယ်လိုရှိမလဲ လုံးဝမသိရသေးပါဘူး။

“ဘဝ” က ‘ကိုယ်စောင့်နတ်’ ဆိုတဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ လုံးဝထူးခြားတဲ့ သီဆိုဟန်ကြောင့် သီချင်းပထမအပိုဒ်မှာပဲ ခလုပ်နှိပ်ပြီး ပြိုင်ပွဲဝင်ဘက်ကို ပထမဦးဆုံး လှည့်လာသူက ‘ကျားပေါက်’ ဖြစ်ပါတယ်။
အဲဒီနောက်မှာ ‘နီနီခင်ဇော်’ က ထပ်မံလှည့်လာခဲ့ပြန်ပါတယ်။ သီချင်းက ပြီးဆုံးနေပါပြီ အဲဒီနောက်ဆုံးအချိန်လေးမှာပဲ အမိအရ ခလုပ်နှိပ်ပြီး လှည့်လာသူက ‘ရန်ရန်ချန်း’ ဖြစ်ပါတယ်။

နည်းပြ သုံးယောက်က ပြိုင်ပွဲဝင် “ဘဝ” ကို သူတို့ရဲ့ အဖွဲ့ထဲရောက်အောင် ဘယ်လိုတွေလုကြမလဲ.. “ဘဝ” ကရော ‘ကျားပေါက်’ ‘နီနီခင်ဇော်’ ‘ရန်ရန်ချမ်း’ တို့ သုံးယောက်ထဲက ဘယ်တစ်ယောက်ဆီကို သွားမလဲ ဆိုတာ မကြည့်ရသေးသူတွေ ရင်ခုန်စေချင်လို့ ပြောမပြတော့ဘူးနော်..။

The Voice Myanmar ရဲ့ ပထမဦးဆုံး သီဆိုယှဉ်ပြိုင်တဲ့နေ့မှာ ပြိုင်ပွဲဝင် ၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဘယ်ပြိုင်ပွဲဝင်တွေက ရွေးချယ်ခံရပြီး ဘယ်သူတွေက ပထမဆုံးနေ့မှာပဲ အိမ်ပြန်သွားရမလဲ..? နည်းပြတွေကရော သူတို့သဘောကျတဲ့ ပြိုင်ပွဲဝင်တွေကို အပြိုင်အဆိုင် ဘယ်လိုလုကြမလဲဆိုတာ တစ်ကယ် ရင်ခုန်စရာကောင်းပါတယ်။

ဒုတိယမြောက် ပြိုင်ပွဲဝင် Christina BLY ဖြစ်ပါတယ်၊ ငယ်စဉ်ထဲက International School တက်ခဲ့တဲ့သူမ အတန်းကြီးလာတဲ့အချိန် မိသားစုစီးပွားရေးကြောင့် ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရသူပါ။
သူမရဲ့ အိမ်မက်က The Voice Myanmar ကနေ Winner ဖြစ်ခဲ့ရင် ပညာရေးအသက်ဆက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Blind Audition မှာ “Wrecking Ball” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။
Christina BLY ရဲ့ အိမ်မက်တွေ တစ်ကယ်ဖြစ်လာပါ့မလား..?

ပြိုင်ပွဲဝင် “စော့စော့” က ‘ချစ်ဦးမေ’ သီချင်းနဲ့ ယှဉ်ပြိုင်အပြီး စင်ပေါ်ထိတက်လာပြီး တစ်ခါပြန်ဆိုခိုင်းတဲ့ လင်းလင်းရဲ့ အစာအကြေမှုက ဘာများပါလိမ့်..?

သီချင်းဆိုပြိုင်ပွဲတွေဝင်ခဲ့ဖူးတဲ့ “စန္ဒီ” က ယခင်အတွေ့အကြုံတွေပေါ်မှာ သင်ယူရင်း “Mama Oo” သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ သူမကရော Coach တွေရဲ့ စိတ်ကြိုက်ဖြစ်ပါ့မလား..?

ဟိုးအဝေ:ကြီး ဖားကန့်မြို့ကနေ The Voice Myanmar ကို အရောက်လာခဲ့သူက “Andrew” ဖြစ်ပြီး ‘ဖြစ်တတ်ပါတယ်’ ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အနုပညာအရည်အသွေးကလွဲပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ နည်းပြတွေက ဘယ်လို ဆုံးဖြတ်မှာလဲ..?

ဘယ်သီချင်းဆိုပြိုင်ပွဲကိုမှ မဝင်ဖြစ်ခဲ့ပေမယ့် နိုင်ငံတစ်ကာ The Voice အစီစဉ်တွေကို ယုံကြည်တာကြောင့် The Voice Myanmar ကို လာပြိုင်တာပါဆိုတဲ့ “Julia Htay” က ‘သီချင်းလက်ဆောင်’ နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ် သူမ ကံကောင်းနိုင်ပါ့မလား..?

အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိမ်မက်ရှိနေတဲ့ “ထူးအောင်ကို” က သူငယ်ချင်းတွေရဲ့ ယုံကြည်အားပေးမှုတွေနဲ့အတူ The Voice Myanmar စင်မြင့်ထက်မှာ “All By Myself” သီးချင်းနဲ့ ရဲရင့်ခဲ့ပေမယ့် Coach တွေရဲ့ အဆုံးဖြတ်ကသာ အရေးအကြီးဆုံးဖြစ်လို့ အဖြေကဘာဖြစ်လာမလဲ..?

သီချင်းဆိုတဲ့ အဖွဲ့လေးဖွဲ့ထားပြီး အတွေ့အကြုံရှိပေမယ့် စိတ်အရမ်းလှုပ်ရှားနေတယ်ဆိုတဲ့ “သက်နိုးဝေ” က ‘လွင့်နေပြီ’ ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

ဖေ့စ်ဘွခ်မှာ ပြန်လည်သီဆိုတဲ့ ကာဗာသီချင်းတွေ တင်ထားပြီး အားပေးကြတဲ့သူတွေရှိနှင့်ပြီးသား “နှင်းအိနြေ္ဒရှင်” က သူ့ရဲ့ အရည်အချင်းကို The Voice Myanmar မှာ စစ်ဆေးကြည့်တာပါလို့ ဆိုပါတယ်။ “Think Of Me” နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “နှင်းအိနြေ္ဒရှင်” တစ်ယောက် ဖြတ်ကျော်နိုင်ပါ့မလား..?

ဒီနေ့ယှဉ်ပြိုင်မှာတော့ ပြိုင်ပွဲဝင် ၉ ဦး ပါဝင်ခဲ့ပြီး တစ်ချို့က Battle Round ကို ဆက်လက် တက်လှမ်းနိုင်ပြီး အချို့ကတော့ အိမ်ပြန်သွားခဲ့ရပါတယ်။

နောက်တစ်ပတ် တနင်္ဂနွေ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ နောက်ထပ် ဘယ်ပြိုင်ပွဲတွေကို နည်းပြတွေက ဘယ်လိုရွေးချယ်မလဲ..? နည်းပြတွေကိုရော ပြိုင်ပြွဝ၍်တွေက ဘယ်လိုပြန်ရွေးချယ်ကြမလဲဆိုတာ MRTV 4 ကနေ ည ၉ နာရီမှာ စောင့်မျှော်ကြည့်ရှုကြပါဦး။

Credit :POPOLAY