ZawGyiျဖင့္ဖတ္ရန္

ေသာၾကာေန႔ ေဖ်ာင္ခ်န္း အိုလံပစ္ဖြင့္ပြဲအခမ္းအနားမွာ လႈပ္လႈပ္ ခတ္ခတ္ျဖစ္ေစခဲ့တဲ့ ေဒၚနယ္ထရမ့္ပံုစံ တူသူနဲ႔ ကင္မ္ဂ်ံဳအန္းပံုစံတူသူတို႔က ပြဲစီစဥ္သူေတြရဲ႕ ေႏြးေထြးတဲ့ ဂ႐ုစိုက္မႈေတြအတြက္ ေက်းဇူးတင္စကားေျပာခဲ့ၾက ပါတယ္။

လံုၿခံဳေရးေတြ ေရာက္မလာခင္မွာ စာနယ္ဇင္းအဖြဲ႕ေတြေနရာကို သည္ရန္ သူေတာ္“ကမၻာ့ေခါင္းေဆာင္ႏွစ္ေယာက္” ဝင္ေရာက္လာခ်ိန္မွာ အားလံုး လႈပ္လႈပ္ ရွားရွား ျဖစ္သြားခဲ့ပါတယ္။
ဒါေပမဲ့ ေဟာင္းဝပ္အိတ္ခ်္အမည္ရ ကင္မ္ရဲ႕ ပံုစံဖမ္းသူကေတာ့ သူတို႔ပဲြၾကည့္စင္ကေန ဆြဲထုတ္မခံခဲ့ရဘဲ အေစာင့္အ ေရွာက္နဲ႔ သူတို႔ရဲ႕ထိုင္ခံုေနရာမွန္ေတြကိုသာ ျပန္ပို႔ေဆာင္ျခင္းခံခဲ့ရတယ္လို႔ ဆိုပါ တယ္။“ကြ်န္ေတာ္တို႔က ကစားသမားေတြကိုႏႈတ္ဆက္ဖို႔အတြက္ မီဒီယာေတြရွိတဲ့ ေနရာကေန ပုန္းကြယ္သြားဖို႔ ႀကိဳးစားခဲ့ တယ္˘လို႔ သူက စေနေန႔ကေျပာခဲ့ပါတယ္။

“သူတို႔ကြ်န္ေတာ္တို႔ကို ေမာင္းမထုတ္ ပါဘူး၊ ကြ်န္ေတာ္တို႔မွာ လက္မွတ္ေတြရွိတယ္၊ သတင္းေထာက္အုပ္စုတစ္စုက ကြ်န္ေတာ္တို႔ေနာက္ လိုက္ခဲ့တဲ့အတြက္ လံုၿခံဳေရးေတြက ကြ်န္ေတာ္တို႔ကို အျပင္ ကိုေခၚထုတ္ခဲ့တာေၾကာင့္ ကိုယ့္ေနရာဆီ ျပန္ေရာက္ခဲ့တယ္˘လို႔ ကင္မ္အတုက ထပ္ ေျပာခဲ့ပါတယ္။

“သူတို႔က အရမ္းကို ပညာရွင္ပီသျပီး သူတို႔အလုပ္ကို လုပ္ခဲ့တာပါ၊ ကြ်န္ေတာ္ တို႔ကို အေျခြအရံေတြေတာင္ ထည့္ေပး လိုက္ေသးတယ္၊ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ က အစစ္ေတြနဲ႔တူၿပီး ဒါကပဲ႐ုတ္႐ုတ္သဲသဲ ပိုျဖစ္သြားခဲ့ေသးတာ”
ျပည္တြင္းက ပြဲစီစဥ္သူေတြက ပံုမွန္ လပ္ထံုးလုပ္နည္းေတ∑ကို လိုက္နာခဲ့ တယ္လို႔ ခိုင္ခိုင္မာမာေျပာဆိုခဲ့ပါတယ္။

“သူတို႔ရဲ႕ ဝတ္စံုေတြနဲ႔ပတ္သက္ၿပီး ျပႆနာမရွိခဲ့သလို သူတို႔က မီဒီယာေတ∑ ရဲ႕ထိုင္ခံုေတြဆီကိုလဲ ပံုမွန္လက္မွတ္တစ္ ခုနဲ႔ ဝင္ေရာက္ခဲ့ပါတယ္”၊ “ကြ်န္ေတာ္တို႔က မီဒီယာထိုင္ခံုေတြဆီကို မွားယြင္းေရာက္ ရွိလာတဲ့သူေတြကိုသာ လမ္းညႊန္ေပးခဲ့ တာပါ”

သူနဲ႔ ထရမ့္ပံုစံတူ ဒန္းနစ္အလန္တို႔ ဟာ အျပာေရာင္နဲ႔ အျဖဴေရာင္ ေတာင္ ေျမာက္ကိုရီးယားေပါင္းစည္းအလံေတာ္ရဲ႕ အေနာက္မွာ ပါလာတဲ့ ကိုရီးယားႏွစ္ဖြဲ႕ အပါအဝင္ အားကစားသမားေတြနဲ႔ အ ျပန္အလွန္ႏႈတ္ဆက္ဖို႔ အနားကပ္လို႔ မရ ခဲ့ဘူးလို႔ ကင္မ္အတုက ဝန္ခံခဲ့ပါတယ္။

အေမရိကန္ ဒုသမၼတ မိုက္ပန္႔စ္နဲ႔ တကယ့္ ကင္မ္ရဲ႕ညီမျဖစ္သူ ကင္ယိုဂြ်န္ တို႔ တက္ေရာက္ခဲ့တဲ့ အထူးဧည့္သည္ ေနရာကိုေတာ့ သူတို႔ေတြ မသြားႏိုင္ခဲ့ပါဘူး။
ဒါေပမဲ့ သည္အေယာင္ေဆာင္ ႏွစ္ ေယာက္ကို ပြဲၾကည့္ပရိသတ္ေတြကအံ့ဩဖြယ္ရာ ေႏြးေႏြးေထြးေထြး ႀကိဳဆိုခဲ့တယ္လို႔  ေဟာင္းဝပ္အဆိုအရ သိရပါတယ္။

“လူေတြက တကယ့္ကို ရယ္စရာ ေကာင္းတယ္လို႔ ကြ်န္ေတာ္တို႔ကို ေျပာခဲ့ တယ္”၊“လံုၿခံဳေရးဝန္ထမ္းေတြကေတာင္ ဆယ္ဖီတြဲ႐ိုက္ဖို႔ ေတာင္းဆိုခဲ့ေသးတယ္” လို႔ သူက ျပန္ေျပာျပပါတယ္။

ေမသက္[ref: AFP, Feb 10 , 2018.]
Unicodeဖြင့်ဖတ်ရန်
သောကြာနေ့ ဖျောင်ချန်း အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ လှုပ်လှုပ် ခတ်ခတ်ဖြစ်စေခဲ့တဲ့ ဒေါ်နယ်ထရမ့်ပုံစံ တူသူနဲ့ ကင်မ်ဂျုံအန်းပုံစံတူသူတို့က ပွဲစီစဉ်သူတွေရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုတွေအတွက် ကျေးဇူးတင်စကားပြောခဲ့ကြ ပါတယ်။

လုံခြုံရေးတွေ ရောက်မလာခင်မှာ စာနယ်ဇင်းအဖွဲ့တွေနေရာကို သည်ရန် သူတော်“ကမ္ဘာ့ခေါင်းဆောင်နှစ်ယောက်” ဝင်ရောက်လာချိန်မှာ အားလုံး လှုပ်လှုပ် ရှားရှား ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဟောင်းဝပ်အိတ်ချ်အမည်ရ ကင်မ်ရဲ့ ပုံစံဖမ်းသူကတော့ သူတို့ပွဲကြည့်စင်ကနေ ဆွဲထုတ်မခံခဲ့ရဘဲ အစောင့်အ ရှောက်နဲ့ သူတို့ရဲ့ထိုင်ခုံနေရာမှန်တွေကိုသာ ပြန်ပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ ဆိုပါ တယ်။“ကျွန်တော်တို့က ကစားသမားတွေကိုနှုတ်ဆက်ဖို့အတွက် မီဒီယာတွေရှိတဲ့ နေရာကနေ ပုန်းကွယ်သွားဖို့ ကြိုးစားခဲ့ တယ်˘လို့ သူက စနေနေ့ကပြောခဲ့ပါတယ်။

“သူတို့ကျွန်တော်တို့ကို မောင်းမထုတ် ပါဘူး၊ ကျွန်တော်တို့မှာ လက်မှတ်တွေရှိတယ်၊ သတင်းထောက်အုပ်စုတစ်စုက ကျွန်တော်တို့နောက် လိုက်ခဲ့တဲ့အတွက် လုံခြုံရေးတွေက ကျွန်တော်တို့ကို အပြင် ကိုခေါ်ထုတ်ခဲ့တာကြောင့် ကိုယ့်နေရာဆီ ပြန်ရောက်ခဲ့တယ်˘လို့ ကင်မ်အတုက ထပ် ပြောခဲ့ပါတယ်။

“သူတို့က အရမ်းကို ပညာရှင်ပီသပြီး သူတို့အလုပ်ကို လုပ်ခဲ့တာပါ၊ ကျွန်တော် တို့ကို အခြွေအရံတွေတောင် ထည့်ပေး လိုက်သေးတယ်၊ ဒါကြောင့် ကျွန်တော်တို့ က အစစ်တွေနဲ့တူပြီး ဒါကပဲရုတ်ရုတ်သဲသဲ ပိုဖြစ်သွားခဲ့သေးတာ”
ပြည်တွင်းက ပွဲစီစဉ်သူတွေက ပုံမှန် လပ်ထုံးလုပ်နည်းတေ∑ကို လိုက်နာခဲ့ တယ်လို့ ခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်။

“သူတို့ရဲ့ ဝတ်စုံတွေနဲ့ပတ်သက်ပြီး ပြဿနာမရှိခဲ့သလို သူတို့က မီဒီယာတေ∑ ရဲ့ထိုင်ခုံတွေဆီကိုလဲ ပုံမှန်လက်မှတ်တစ် ခုနဲ့ ဝင်ရောက်ခဲ့ပါတယ်”၊ “ကျွန်တော်တို့က မီဒီယာထိုင်ခုံတွေဆီကို မှားယွင်းရောက် ရှိလာတဲ့သူတွေကိုသာ လမ်းညွှန်ပေးခဲ့ တာပါ”

သူနဲ့ ထရမ့်ပုံစံတူ ဒန်းနစ်အလန်တို့ ဟာ အပြာရောင်နဲ့ အဖြူရောင် တောင် မြောက်ကိုရီးယားပေါင်းစည်းအလံတော်ရဲ့ အနောက်မှာ ပါလာတဲ့ ကိုရီးယားနှစ်ဖွဲ့ အပါအဝင် အားကစားသမားတွေနဲ့ အ ပြန်အလှန်နှုတ်ဆက်ဖို့ အနားကပ်လို့ မရ ခဲ့ဘူးလို့ ကင်မ်အတုက ဝန်ခံခဲ့ပါတယ်။

အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်နဲ့ တကယ့် ကင်မ်ရဲ့ညီမဖြစ်သူ ကင်ယိုဂျွန် တို့ တက်ရောက်ခဲ့တဲ့ အထူးဧည့်သည် နေရာကိုတော့ သူတို့တွေ မသွားနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ သည်အယောင်ဆောင် နှစ် ယောက်ကို ပွဲကြည့်ပရိသတ်တွေကအံ့ဩဖွယ်ရာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်လို့  ဟောင်းဝပ်အဆိုအရ သိရပါတယ်။

“လူတွေက တကယ့်ကို ရယ်စရာ ကောင်းတယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ တယ်”၊“လုံခြုံရေးဝန်ထမ်းတွေကတောင် ဆယ်ဖီတွဲရိုက်ဖို့ တောင်းဆိုခဲ့သေးတယ်” လို့ သူက ပြန်ပြောပြပါတယ်။
Credit Kumudra

LEAVE A REPLY