ZawGyiျဖင့္ဖတ္ရန္

ဦးကုိနီက အသတ္ခံရၿပီး ၎မွာအ ႀကိမ္ႀကိမ္လုပ္ၾကံခံေနရဟု ဦးကိုနီ အသတ္ခံရမႈႏွင့္ပတ္သက္ၿပီး တရားစြဲခံထားရသည့္ ေဇယ်ာၿဖိဳးက ေျပာၾကားသည္။

အမ်ဳိးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္ (NLD)ပါတီ(ဗဟုိ) ဥပေဒအေထာက္အကူျပဳအဖဲြ႕၀င္ တရားလႊတ္ေတာ္ေရွ႕ေန ဦးကုိနီလုပ္ၾကံခံရမႈႏွင့္ ပတ္သက္၍ ပုဒ္မသီးသီးျဖင့္ စြဲခ်က္တင္ခံထားရသည့္ ၾကည္လင္း၊ ေအာင္၀င္းေဇာ္၊ ေဇယ်ာၿဖိဳး၊ ေအာင္၀င္းထြန္းတုိ႔ကုိ ေဖေဖာ္၀ါရီ ၁၆ ရက္က ရန္ကုန္ေျမာက္ပုိင္းခ႐ုိင္ တရား႐ုံးတြင္ ႐ုံးထုတ္စဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဦးကုိနီက အသတ္ခံရတယ္။ ကြၽန္ေတာ္က အႀကိမ္ႀကိမ္လုပ္ၾကံခံေနရတယ္။ ဘုမသိဘမသိနဲ႔ ေနာက္ကြယ္က တရားခံဆုိၿပီးေတာ႔ စြပ္စြဲခံေနရတယ္။ အခုလည္း ဘာအေထာက္အထားမွ မရွိဘဲနဲ႔ ကြၽန္ေတာ္႔ကုိ စြဲခ်က္တင္တယ္။ မီဒီယာေတြကုိ အမွန္

တရားကုိ ေဖာ္ထုတ္ေပးပါလုိ႔ပဲ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ ကြၽန္ေတာ့္ကုိ သက္ေသထြက္ရမယ္ဆုိၿပီးေတာ႔ ေခၚသြားခဲ့တာပါ” ဟု အမႈမစစ္ေဆးခင္ အ၀င္ႏွင့္ အမႈစစ္ေဆးၿပီး အထြက္တြင္ ေဇယ်ာၿဖိဳးက ေျပာၾကားသည္။

အမႈမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၁၂ (ျပစ္မႈက်ဴးလြန္သူကုိ လက္သင့္ခံျခင္း) ျဖင့္ စြဲခ်က္တင္ခံထားရသူ ေအာင္၀င္းထြန္းက အာမခံေလွ်ာက္ထားသျဖင့္ အာမခံေပး/မေပးကုိ လာမည့္႐ုံးခ်ိန္းတြင္ အမႈစစ္တရား႐ုံးက အမိန္႔ခ်မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔တြင္ ရာႀကီးအမႈအမွတ္ ၄၅/၂၀၁၇(လူသတ္မႈအမႈတြဲ) မွ ျပန္ေခၚသက္ေသမ်ားျဖစ္သည့္ ဒုရဲမွဴးမုိးႏုိင္၊ ရဲအုပ္ေအးမင္းသူ၊ ဒုရဲအုပ္ေအာင္ေက်ာ္ထြန္း၊ ရဲတပ္သားႏုိင္ေဇာ္၊ ရဲတပ္သား သက္အာကာစုိးတုိ႔ ငါးဦးကုိ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

“ဒီေန႔မွာ ရာၾကီး ၄၅/ ၂၀၁၇ အမႈက တရားခံတစ္ဦးျဖစ္တဲ့ ေအာင္၀င္းထြန္းက ေနၿပီးေတာ့ တရား႐ုံးေတာ္ကုိ အာမခံေလွ်ာက္ ထားတာရွိပါတယ္။ ဒီအာမခံနဲ႔ပတ္သက္ၿပီးေတာ့ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ အက်ဥ္းၾကားနာပါတယ္။ ဒီအာမခံနဲ႔ပတ္သက္ၿပီးေတာ႔ ခြင့္ျပဳသင့္ မသင့္ကုိ အထူးခုံ႐ုံးက လာမယ့္ ႐ုံးခ်ိန္း ၾကာသာပေတးေန႔မွာ အမိန္႔ခ်မွတ္သြားမယ္လုိ႔ သိရွိရပါတယ္” ဟု ရန္ကုန္ေျမာက္ပုိင္းခ႐ုိင္တရား႐ုံး သတင္းျပန္ၾကားေရး အရာရွိ ဒုတိယခ႐ုိင္တရားသူႀကီး ဦးရဲလြင္က ေျပာၾကားသည္။

ဦးကုိနီလုပ္ၾကံခံရမႈႏွင့္ ပတ္သက္၍ တရားစြဲခံထားရသူမ်ားကုိ အမႈစစ္တရား႐ုံးက ေဖေဖာ္၀ါရီ ၉ ရက္တြင္ စြဲခ်က္တင္ခဲ့သည္။

ထုိသို႔စြဲခ်က္တင္ရာ၌ ရာႀကီးအမႈအ မွတ္ ၄၅/၂၀၁၇ (လူသတ္မႈအမႈတြဲ) မွ ၾကည္လင္းကုိ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ (၁)(ခ) /၃၄ ၊ ၃၀၂ (၂) ျဖင့္လည္းေကာင္း၊ ေအာင္၀င္းေဇာ္ကုိ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ (၁)(ခ)/၃၄ ျဖင့္လည္းေကာင္း၊ ေဇယ်ာၿဖိဳး ကုိ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ (၁)(ခ)/၃၄ ျဖင့္လည္းေကာင္း၊ ေအာင္၀င္းထြန္းကုိ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၁၂ ျဖင့္လည္းေကာင္း စြဲခ်က္တင္ခဲ့ျခင္း ျဖစ္သည္။

ထို႔ျပင္ ရာဇသတ္ႀကီးအမႈအမွတ္ ၄၆/၂၀၁၇ (လက္နက္မႈအမႈတြဲ) မွ ၾကည္လင္းႏွင့္ ေအာင္၀င္းေဇာ္တုိ႔ကုိ လက္နက္ဥပေဒပုဒ္မ ၁၉ (ဃ) (စ)တုိ႔ျဖင့္ စြဲခ်က္တင္ခဲ့သည္။

စြဲခ်က္တင္ခံထားရသူမ်ားကမူ ၎တို႔တြင္ အျပစ္မရွိေၾကာင္း ျငင္းဆုိခဲ့ၾကသည္။ ဦးကုိနီသည္ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီ ၂၉ ရက္ ညေန ၄ နာရီ ၅၅ မိနစ္ခန္႔တြင္ ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္၌ ၎၏ ေနအိမ္သို႔ျပန္ရန္ ေလဆိပ္ Terminal-1 ေရွ႕ ပလက္ေဖာင္း၌ ေျမးျဖစ္သူကုိခ်ီ၍ ရပ္ေနစဥ္ ေသနတ္သမားၾကည္လင္းက ၉ မမ ပစၥတုိျဖင့္ ေနာက္မွကပ္၍ ဦးေခါင္းအား အနီးကပ္ ပစ္ခတ္လုပ္ၾကံခဲ့သျဖင့္ ဦးေခါင္းဒဏ္ရာျဖင့္ လုပ္ၾကံခံရသည့္ေနရာတြင္ ဦးကုိနီမွာ ေသဆုံးခဲ့သည္။

ဦးကုိနီကုိလုပ္ၾကံသည့္ ေသနတ္သမား ၾကည္လင္းအား ေလဆိပ္တြင္ အငွားယာဥ္ေမာင္းႏွင္ေသာ ျပည္သူမ်ားက ခဲမ်ားျဖင့္ ပစ္ခတ္ကာ လုိက္လံဖမ္းဆီးစဥ္ အငွားယာဥ္ေမာင္းႏွင္သူ ဦးေန၀င္းမွာ ၾကည္လင္းျပန္လည္ပစ္ခတ္သည့္ က်ည္ဆန္ထိမွန္ကာ ေသဆုံးခဲ႔သည္။ လုပ္ၾကံသူ ၾကည္လင္းကုိလည္း ဖမ္းဆီးရမိခဲ့သည္။

Unicodeဖြင့်ဖတ်ရန်

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ ရုံးထုတ်မြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)
ဦးကိုနီက အသတ်ခံရပြီး ၎င်းမှာအ ကြိမ်ကြိမ်လုပ်ကြံခံနေရဟု ဦးကိုနီ အသတ်ခံရမှုနှင့်ပတ်သက်ပြီး တရားစွဲခံထားရသည့် ဇေယျာဖြိုးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ(ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ပုဒ်မသီးသီးဖြင့် စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဦးကိုနီက အသတ်ခံရတယ်။ ကျွန်တော်က အကြိမ်ကြိမ်လုပ်ကြံခံနေရတယ်။ ဘုမသိဘမသိနဲ့ နောက်ကွယ်က တရားခံဆိုပြီးတော့ စွပ်စွဲခံနေရတယ်။ အခုလည်း ဘာအထောက်အထားမှ မရှိဘဲနဲ့ ကျွန်တော့်ကို စွဲချက်တင်တယ်။ မီဒီယာတွေကို အမှန်

တရားကို ဖော်ထုတ်ပေးပါလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော့်ကို သက်သေထွက်ရမယ်ဆိုပြီးတော့ ခေါ်သွားခဲ့တာပါ” ဟု အမှုမစစ်ဆေးခင် အဝင်နှင့် အမှုစစ်ဆေးပြီး အထွက်တွင် ဇေယျာဖြိုးက ပြောကြားသည်။

အမှုမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ (ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခြင်း) ဖြင့် စွဲချက်တင်ခံထားရသူ အောင်ဝင်းထွန်းက အာမခံလျှောက်ထားသဖြင့် အာမခံပေး/မပေးကို လာမည့်ရုံးချိန်းတွင် အမှုစစ်တရားရုံးက အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနေ့တွင် ရာကြီးအမှုအမှတ် ၄၅/၂၀၁၇(လူသတ်မှုအမှုတွဲ) မှ ပြန်ခေါ်သက်သေများဖြစ်သည့် ဒုရဲမှူးမိုးနိုင်၊ ရဲအုပ်အေးမင်းသူ၊ ဒုရဲအုပ်အောင်ကျော်ထွန်း၊ ရဲတပ်သားနိုင်ဇော်၊ ရဲတပ်သား သက်အာကာစိုးတို့ ငါးဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့မှာ ရာကြီး ၄၅/ ၂၀၁၇ အမှုက တရားခံတစ်ဦးဖြစ်တဲ့ အောင်ဝင်းထွန်းက နေပြီးတော့ တရားရုံးတော်ကို အာမခံလျှောက် ထားတာရှိပါတယ်။ ဒီအာမခံနဲ့ပတ်သက်ပြီးတော့ နှစ်ဖက်လျှောက်လဲချက် အကျဉ်းကြားနာပါတယ်။ ဒီအာမခံနဲ့ပတ်သက်ပြီးတော့ ခွင့်ပြုသင့် မသင့်ကို အထူးခုံရုံးက လာမယ့် ရုံးချိန်း ကြာသာပတေးနေ့မှာ အမိန့်ချမှတ်သွားမယ်လို့ သိရှိရပါတယ်” ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူများကို အမှုစစ်တရားရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် စွဲချက်တင်ခဲ့သည်။

ထိုသို့စွဲချက်တင်ရာ၌ ရာကြီးအမှုအ မှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ) မှ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ) /၃၄ ၊ ၃၀၂ (၂) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုး ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရာဇသတ်ကြီးအမှုအမှတ် ၄၆/၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) (စ)တို့ဖြင့် စွဲချက်တင်ခဲ့သည်။

စွဲချက်တင်ခံထားရသူများကမူ ၎င်းတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၎င်း၏ နေအိမ်သို့ပြန်ရန် လေဆိပ် Terminal-1 ရှေ့ ပလက်ဖောင်း၌ မြေးဖြစ်သူကိုချီ၍ ရပ်နေစဉ် သေနတ်သမားကြည်လင်းက ၉ မမ ပစ္စတိုဖြင့် နောက်မှကပ်၍ ဦးခေါင်းအား အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သဖြင့် ဦးခေါင်းဒဏ်ရာဖြင့် လုပ်ကြံခံရသည့်နေရာတွင် ဦးကိုနီမှာ သေဆုံးခဲ့သည်။

ဦးကိုနီကိုလုပ်ကြံသည့် သေနတ်သမား ကြည်လင်းအား လေဆိပ်တွင် အငှားယာဉ်မောင်းနှင်သော ပြည်သူများက ခဲများဖြင့် ပစ်ခတ်ကာ လိုက်လံဖမ်းဆီးစဉ် အငှားယာဉ်မောင်းနှင်သူ ဦးနေဝင်းမှာ ကြည်လင်းပြန်လည်ပစ်ခတ်သည့် ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့သည်။ လုပ်ကြံသူ ကြည်လင်းကိုလည်း ဖမ်းဆီးရမိခဲ့သည်။

Credit; Elevel