ZawGyiျဖင့္ဖတ္ရန္
ရန္ကုန္ၿမိဳ႕သည္ စိမ္းလန္းၿပီး ေနခ်င့္စဖြယ္ စီးပြားေရး ၿမိဳ႕ေတာ္ျဖစ္ေၾကာင္း ရန္ကုန္တုိင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေျပာၾကားခ်က္သည္ လက္ေတြ႕ႏွင့္ ကင္းကြာေနေၾကာင္း တုိင္းလႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ႏွင့္ ရန္ကုန္ၿမိဳ႕ခံ ျပည္သူမ်ား က ေဝဖန္ေနၾကသည္။
ရန္ကုန္ၿမိဳ႕သည္ စိမ္းလန္းၿပီးေနခ်င့္စဖြယ္ စီးပြားေရးၿမိဳ႕ေတာ္ႀကီး ျဖစ္ၿပီးလူမ်ိဳးေပါင္းစံု ဘာသာေပါင္းစံု လုပ္ငန္းေပါင္းစံုႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေနသည့္ ျမန္မာႏိုင္ငံ၏ အႀကီးဆံုးၿမိဳ႕ေတာ္ႀကီးျဖစ္ေၾကာင္း လသာၿမိဳ႕နယ္၌ ယမန္ေန႔က် က်င္းပသည့္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ ဖြင့္ပြဲတြင္ ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

သို႔ေသာ္ ရန္ကုန္ၿမိဳ႕၏ လက္ရွိအေျခအေနသည္ ဝန္ႀကီး ခ်ဳပ္၏ ေျပာစကားႏွင့္ အလြန္ကြဲ လြဲေနေၾကာင္း လႊတ္ေတာ္ကိုယ္ စားလွယ္အခ်ိဳ႕ႏွင့္ ရန္ကုန္ၿမိဳ႕ေန ျပည္သူမ်ားက ေျပာသည္။ ထို႔အ ျပင္ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ တြင္ ဝန္ႀကီးခ်ဳပ္၏ ေျပာၾကား ခ်က္ႏွင့္ပတ္သက္၍ ေဝဖန္ေရးသားမႈမ်ားရွိသည္။

‘‘ေတာ္ေတာ္ႀကီးကို ေအာက္ေျခနဲ႔လည္း အရမ္းလြဲေနတယ္။ လက္ေတြ႕မွာ ဟုတ္မေနဘူးဆို တာ လူတုိင္းလည္း သိတယ္။ ဝန္ႀကီးခ်ဳပ္တစ္ေယာက္က ဒီလို ဗရြတ္ရႊတ္တ ေလွ်ာက္ေျပာေန တာကို ျပည္သူေတြက ရယ္ေန လိမ့္မယ္’’ဟု လူငယ္ႏွင့္ လူမႈသဟဇာတျဖစ္ေရးစင္တာမွ ကိုသက္ေဆြဝင္းက ေဝဖန္သည္။

ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း သည္ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားကိုလည္း အထက္ပါအတိုင္း မၾကာခဏေျပာေလ့ရွိၿပီး ယခုမွ သာ ျပည္သူလူထုက သတိျပဳမိ၍ ေဝဖန္မႈမ်ား ထြက္ေပၚလာျခင္း ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသ ႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ဆုိသည္။

‘‘ရန္ကုန္တစ္ၿမိဳ႕လံုးမေျပာ နဲ႔ စိမ္းလန္းတဲ့ ေနရာျဖစ္သင့္တဲ့ ကြၽန္ေတာ့္ မဲဆႏၵနယ္ထဲက ျပည္ သူ႔ရင္ျပင္မွာေတာင္ သစ္ပင္ေတြ ခုတ္ေနလုိ႔ လႊတ္ေတာ္မွာ ခဏ ခဏေထာက္ျပေနရတယ္’’ဟု ဒဂံု ၿမိဳ႕နယ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။

‘‘ရန္ကုန္မွာ အမွန္အတိုင္း ေျပာရရင္ ပန္းၿခံေတြေတာ့ ေတာ္ ေတာ္သိသိသာသာ ေျပာင္းလဲၿပီး စိမ္းလန္းလာပါတယ္။ ႐ံုးသြား ရင္းနဲ႔ ျဖတ္သြားတဲ့လမ္းေပၚက ပန္းၿခံတိုင္း အရင္လုိမဟုတ္ဘဲ စိမ္းစိမ္းလန္းလန္းနဲ႔ ေတြ႕ရပါ တယ္။ က်န္တာေတာ့ အရမ္း မေတြ႕မိေသးဘူးလို႔ ထင္တယ္’’ ဟု ေတာင္ဒဂံုၿမိဳ႕နယ္ေန အမ်ိဳး သားတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္ ေသာ ျပည္သူလူထုအတြက္ တန္း တူညီမွ်သည့္ အခြင့္အေရးမ်ား ရွိေနေၾကာင္း ယေန႔က်င္းပသည့္ ႏွစ္သစ္ကူးပြဲေတာ္က သက္ေသခံ ေနသည္ဟု ဦးၿဖိဳးမင္းသိန္းက အထက္ပါ တ႐ုတ္ႏွစ္သစ္ကူးပြဲ ေတာ္ဖြင့္ပြဲ၌ ဆက္လက္ေျပာ ၾကားသည္။

တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ ဖြင့္ပြဲသို႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္း သိန္းႏွင့္ တုိင္းအစိုးရအဖြဲ႕ ဝန္ႀကီး မ်ား၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္သံအ မတ္ႀကီးႏွင့္ ဇနီးတုိ႔ အပါအဝင္ ဖိတ္ၾကားထားသူမ်ား တက္ ေရာက္ခဲ့သည္။

ယမန္ႏွစ္ကလည္း တ႐ုတ္ ႏွစ္သစ္ကူးပြဲေတာ္ကို လသာၿမိဳ႕ နယ္၌ ပထမဆံုးအႀကိမ္ က်င္းပ ရာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ တုိင္းအစိုးရအဖြဲ႕ဝင္မ်ား၊ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား တက္ ေရာက္ခဲ့သည္။ ထိုသို႔ က်င္းပႏုိင္ ျခင္းသည္ ျမန္မာႏုိင္ငံရွိ တ႐ုတ္ ႏြယ္ဖြားမ်ား၏ သမုိင္းႏွင့္ တ႐ုတ္ -ျမန္မာ ဆက္ဆံေရးသမိုင္းတြင္ အေရးပါေသာ မွတ္တမ္းတစ္ခု ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္သံအမတ္ႀကီး ဟုန္လ်န္က ေျပာသည္။

၂၀၁၈ ေဖေဖာ္ဝါရီ ၁၆ ရက္ကစ၍ ေခြးႏွစ္သို႔ ေရာက္ရွိမည္ျဖစ္ၿပီး ၂၀၁၉ ေဖေဖာ္ဝါရီ ၄ ရက္ တြင္ ကုန္ဆံုးမည္ျဖစ္သည္။
Unicodeဖြင့်ဖတ်ရန်
ရန်ကုန်မြို့သည် စိမ်းလန်းပြီး နေချင့်စဖွယ် စီးပွားရေး မြို့တော်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားချက်သည် လက်တွေ့နှင့် ကင်းကွာနေကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ရန်ကုန်မြို့ခံ ပြည်သူများ က ဝေဖန်နေကြသည်။
ရန်ကုန်မြို့သည် စိမ်းလန်းပြီးနေချင့်စဖွယ် စီးပွားရေးမြို့တော်ကြီး ဖြစ်ပြီးလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လုပ်ငန်းပေါင်းစုံနှင့် ဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်ကြီးဖြစ်ကြောင်း လသာမြို့နယ်၌ ယမန်နေ့ကျ ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က ပြောကြားသည်။

သို့သော် ရန်ကုန်မြို့၏ လက်ရှိအခြေအနေသည် ဝန်ကြီး ချုပ်၏ ပြောစကားနှင့် အလွန်ကွဲ လွဲနေကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့နှင့် ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။ ထို့အ ပြင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် ဝန်ကြီးချုပ်၏ ပြောကြား ချက်နှင့်ပတ်သက်၍ ဝေဖန်ရေးသားမှုများရှိသည်။

‘‘တော်တော်ကြီးကို အောက်ခြေနဲ့လည်း အရမ်းလွဲနေတယ်။ လက်တွေ့မှာ ဟုတ်မနေဘူးဆို တာ လူတိုင်းလည်း သိတယ်။ ဝန်ကြီးချုပ်တစ်ယောက်က ဒီလို ဗရွတ်ရွှတ်တ လျှောက်ပြောနေ တာကို ပြည်သူတွေက ရယ်နေ လိမ့်မယ်’’ဟု လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာမှ ကိုသက်ဆွေဝင်းက ဝေဖန်သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် လွှတ်တော်ကိုယ်စားလှယ် များကိုလည်း အထက်ပါအတိုင်း မကြာခဏပြောလေ့ရှိပြီး ယခုမှ သာ ပြည်သူလူထုက သတိပြုမိ၍ ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

‘‘ရန်ကုန်တစ်မြို့လုံးမပြော နဲ့ စိမ်းလန်းတဲ့ နေရာဖြစ်သင့်တဲ့ ကျွန်တော့် မဲဆန္ဒနယ်ထဲက ပြည် သူ့ရင်ပြင်မှာတောင် သစ်ပင်တွေ ခုတ်နေလို့ လွှတ်တော်မှာ ခဏ ခဏထောက်ပြနေရတယ်’’ဟု ဒဂုံ မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

‘‘ရန်ကုန်မှာ အမှန်အတိုင်း ပြောရရင် ပန်းခြံတွေတော့ တော် တော်သိသိသာသာ ပြောင်းလဲပြီး စိမ်းလန်းလာပါတယ်။ ရုံးသွား ရင်းနဲ့ ဖြတ်သွားတဲ့လမ်းပေါ်က ပန်းခြံတိုင်း အရင်လိုမဟုတ်ဘဲ စိမ်းစိမ်းလန်းလန်းနဲ့ တွေ့ရပါ တယ်။ ကျန်တာတော့ အရမ်း မတွေ့မိသေးဘူးလို့ ထင်တယ်’’ ဟု တောင်ဒဂုံမြို့နယ်နေ အမျိုး သားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင် သော ပြည်သူလူထုအတွက် တန်း တူညီမျှသည့် အခွင့်အရေးများ ရှိနေကြောင်း ယနေ့ကျင်းပသည့် နှစ်သစ်ကူးပွဲတော်က သက်သေခံ နေသည်ဟု ဦးဖြိုးမင်းသိန်းက အထက်ပါ တရုတ်နှစ်သစ်ကူးပွဲ တော်ဖွင့်ပွဲ၌ ဆက်လက်ပြော ကြားသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအ မတ်ကြီးနှင့် ဇနီးတို့ အပါအဝင် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့သည်။

ယမန်နှစ်ကလည်း တရုတ် နှစ်သစ်ကူးပွဲတော်ကို လသာမြို့ နယ်၌ ပထမဆုံးအကြိမ် ကျင်းပ ရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ် တော်ကိုယ်စားလှယ်များ တက် ရောက်ခဲ့သည်။ ထိုသို့ ကျင်းပနိုင် ခြင်းသည် မြန်မာနိုင်ငံရှိ တရုတ် နွယ်ဖွားများ၏ သမိုင်းနှင့် တရုတ် -မြန်မာ ဆက်ဆံရေးသမိုင်းတွင် အရေးပါသော မှတ်တမ်းတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောသည်။

၂၀၁၈ ဖေဖော်ဝါရီ ၁၆ ရက်ကစ၍ ခွေးနှစ်သို့ ရောက်ရှိမည်ဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက် တွင် ကုန်ဆုံးမည်ဖြစ်သည်။
Credit: 7Day