ZawGyiဖြင့်ဖတ်ရန်

“ကားလမ်းပေါ်မှာ ဖြစ်တာ မဟုတ်ဘူး၊ ရွာထဲမှာ ဖြစ်တာ”ဟု ၄င်းကပြောသည်၊၊
ဖြစ်စဉ်အသေးစိတ်ကိုမှု မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၄င်းကဆိုသည်၊၊


Unicodeဖြင့်ဖတ်ရန်
နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်၊၊

ကံပြားလမ်းပေါ်ရှိ သရက်တောအုပ်စု ၊စည်ပင်သာကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး အမြန်လမ်းနှင့် ခုနှစ်မိုင်ကျော်ကွာဝေးကြောင်း ဥတ္တရသီရိမြို့နယ်မှူး ရဲမှူးစိန်ဝင်းက ပြောသည်၊၊
“ကားလမ်းပေါ်မှာ ဖြစ်တာ မဟုတ်ဘူး၊ ရွာထဲမှာ ဖြစ်တာ”ဟု ၎င်းကပြောသည်၊၊
ဖြစ်စဉ်အသေးစိတ်ကိုမှု မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်၊၊

နပြည်တော်တွင် ယနေ့ ဖေဖော်ဝါရီ ၁၃ရက် မွန်းလွဲပိုင်း၌ နိုင်ငံ့ခေါင်းဆောင်များအားလုံးတက်ရောက်မည့် NCA စာချုပ်လက်မှတ်ထိုးပွဲကို ကျင်းပနေ၍ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့်တိုက်ဆိုင်နေသည် ။

သို့သော် လတ်မှတ်ရေးထိုးသည့်နေရာနှင့် ဗုံးပေါက်ကွဲမှု ဖြစ်သည့် နေရာသည် ခုနှစ်မိုင်ကျော်ခန့် ကွာဝေးကြောင်း သိရသည်။
Credit:7Day

READ  ဖမ်းဆီးခံ ကျောင်းသားတချို့ ကျန်းမာရေး ဆိုးရွား

LEAVE A REPLY