ZawGyiျဖင့္ဖတ္ရန္

ေမာင္ေတာၿမိဳ႕နယ္၊ ရြက္ညိဳေတာင္ ေက်းရြာအနီး နတ္ျမစ္အတြင္း၌ ေဖေဖာ္ဝါရီလ ၁၂ ရက္က ဘဂၤလားေဒ့ရွ္ႏိုင္ငံသားတစ္ဦးထံမွ WY/Rေဆးျပားမ်ား ဖမ္းမိခဲ့သည္။

ေဖေဖာ္ဝါရီလ ၁၂ ရက္၊ နံနက္ ၈ နာရီ ၂၅ မိနစ္ခန္႔တြင္ မသကၤာဖြယ္ ေလွတစ္စင္း ေတြ႕ရွိသျဖင့္ သြားေရာက္ စစ္ေဆးရာ ေလွတြင္ပါလာေသာ ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ တကၠနာဖ္ၿမိဳ႕နယ္၊ ဂ်ာဒီပါရြာေန ေရွာင္႐ွဴးအာေလာင္(ဘ) အလီအား ဆာလာအိတ္ျဖင့္ ထုပ္ထားေသာ WY/R စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၉၅၄၉ဝ ျပား (ခန္႔မွန္းတန္ဖိုးေငြက်ပ္ သိန္းေပါင္း ၁၉ဝဝ ေက်ာ္) ႏွင့္ အတူ ဖမ္းဆီးရမိခဲ့သည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးမွ ထုတ္ျပန္သည္။

အဆိုပါ စိတ္ႂကြေဆးျပားမ်ားႏွင့္ ဖမ္းဆီးရမိသူအား ေမာင္ေတာၿမိဳ႕နယ္၊ မူးယစ္ တပ္ဖြဲ႕စုသို႔ လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၉ ရက္က နတ္ျမစ္အတြင္းရွိ ေလွတစ္စီးတြင္ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၈၇၇၅၀ ျပားခန္႔ (ခန္႔မွန္း တန္ဖုိးေငြက်ပ္သိန္းေပါင္း ၁၇၀၀ ေက်ာ္)တုိ႔ ႏွင့္အတူ ဘဂၤါလီ ၃ ဦးအား ဖမ္းဆီးမိခဲ့သည္။
Unicodeဖြင့်ဖတ်ရန်
မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးထံမှ WY/Rဆေးပြားများ ဖမ်းမိခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် သွားရောက် စစ်ဆေးရာ လှေတွင်ပါလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့နယ်၊ ဂျာဒီပါရွာနေ ရှောင်ရှူးအာလောင်(ဘ) အလီအား ဆာလာအိတ်ဖြင့် ထုပ်ထားသော WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၄၉ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၉ဝဝ ကျော်) နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

အဆိုပါ စိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးရမိသူအား မောင်တောမြို့နယ်၊ မူးယစ် တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က နတ်မြစ်အတွင်းရှိ လှေတစ်စီးတွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၅၀ ပြားခန့် (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၇၀၀ ကျော်)တို့ နှင့်အတူ ဘင်္ဂါလီ ၃ ဦးအား ဖမ်းဆီးမိခဲ့သည်။
Credit: Mizzima

LEAVE A REPLY