ZawGyiျဖင့္ဖတ္ရန္
နာမည္ႀကီးေနတဲ့ မင္းသမီး Chae Soo Bin နဲ႔ Yoo Seung Ho တို႔ရဲ႕ I’m Not a Robot ဇာတ္လမ္းတြဲထဲက မီးဖိုေခ်ာင္ အနမ္းဇာတ္၀င္ခန္းဟာ မင္းသား Yoo Seung Ho ရဲ႕ စိတ္ကူးကို အေျခခံခဲ့ကာ ရုိက္ကူးျဖစ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Yonhap သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ “ကၽြန္ေတာ့္အသက္အရြယ္နဲ႔ လိုက္ဖက္ညီတဲ့ အခ်စ္ဇာတ္လမ္းတစ္ခုကို သရုပ္ေဆာင္ႏုိင္တာေၾကာင့္ တကယ္ ေက်နပ္မိပါတယ္။ ၿပီးခဲ့တဲ့ ဒရာမာဇာတ္ကား Monarch: Owner of the Mask မွာတုန္းက ကိုယ့္ကိုယ္ကို ထိန္းညွိဖို႔ လုိခဲ့ေပမယ့္ ဒီဇာတ္ကားမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ပိုင္ႏုိင္စြာနဲ႔ သဘာ၀က်က် လုပ္ႏုိင္ခဲ့ပါတယ္” လို႔ I’m Not A Robot ဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။

ကိုရီးယားမွာ လူႀကိုက္မ်ား ေက်ာ္ၾကားေနတဲ့ ဇာတ္၀င္ခန္းတစ္ခုျဖစ္တဲ့ မင္းသမီး Chae Soo Bin နဲ႔ မီးဖိုေခ်ာင္ထဲက အနမ္းဇာတ္၀င္ခန္းနဲ႔ ပတ္သက္ၿပီး “ဒီဒရာမာထဲမွာက အနမ္းဇာတ္၀င္ခန္းေတြ အမ်ားႀကီး ပါတယ္။ မီးဖိုေခ်ာင္ထဲ အနမ္းဇာတ္၀င္ခန္းကေတာ့ ကၽြန္ေတာ့္ အုိင္ဒီယာပါ။ ရိုက္ၿပီးမွ အဲဒါနည္းနည္းေလး ျပင္းသြားတယ္ဆိုတာ သေဘာေပါက္လိုက္တယ္။ ကၽြန္ေတာ့္သူငယ္ခ်င္းေတြက အဲဒီဇာတ္၀င္ခန္းကို ၾကည့္ၿပီး ကၽြန္ေတာ့္ကို အနမ္းသူခိုးလို႔ ေခၚၾကတယ္”လို႔ Yoo Seung Ho က ေျပာပါတယ္။

Yoo Seung Ho နဲ႔ Chae Soo Bin တုိ႔ရဲ႕ အနမ္းဇာတ္၀င္ခန္းဟာ ကိုရီးယားၾကည့္ရႈသူေတြၾကားမွာ အထူးစိတ္၀င္စားမႈ ရရွိခဲ့ၿပီး Naver’s TVCast မွာလည္း ေရပန္းစားလို႔ေနပါတယ္။ ခံစားသက္၀င္မႈေကာင္းေကာင္းနဲ႔ သရုပ္ေဆာင္ထားတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ သရုပ္ေဆာင္ေကာင္းမႈေၾကာင့္ ၾကည့္တဲ့သူတိုင္းက သူတုိ႔ႏွစ္ေယာက္ကို သေဘာမက်ဘဲ မေနႏိုင္ဘူးလို႔လည္း ဆုိပါတယ္။

Unicodeဖြင့်ဖတ်ရန်

နာမည်ကြီးနေတဲ့ မင်းသမီး Chae Soo Bin နဲ့ Yoo Seung Ho တို့ရဲ့ I’m Not a Robot ဇာတ်လမ်းတွဲထဲက မီးဖိုချောင် အနမ်းဇာတ်ဝင်ခန်းဟာ မင်းသား Yoo Seung Ho ရဲ့ စိတ်ကူးကို အခြေခံခဲ့ကာ ရိုက်ကူးဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Yonhap သတင်းဌာနနဲ့ အင်တာဗျူးမှာ “ကျွန်တော့်အသက်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို သရုပ်ဆောင်နိုင်တာကြောင့် တကယ် ကျေနပ်မိပါတယ်။ ပြီးခဲ့တဲ့ ဒရာမာဇာတ်ကား Monarch: Owner of the Mask မှာတုန်းက ကိုယ့်ကိုယ်ကို ထိန်းညှိဖို့ လိုခဲ့ပေမယ့် ဒီဇာတ်ကားမှာတော့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်စွာနဲ့ သဘာဝကျကျ လုပ်နိုင်ခဲ့ပါတယ်” လို့ I’m Not A Robot ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ကိုရီးယားမှာ လူကြိုက်များ ကျော်ကြားနေတဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ မင်းသမီး Chae Soo Bin နဲ့ မီးဖိုချောင်ထဲက အနမ်းဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး “ဒီဒရာမာထဲမှာက အနမ်းဇာတ်ဝင်ခန်းတွေ အများကြီး ပါတယ်။ မီးဖိုချောင်ထဲ အနမ်းဇာတ်ဝင်ခန်းကတော့ ကျွန်တော့် အိုင်ဒီယာပါ။ ရိုက်ပြီးမှ အဲဒါနည်းနည်းလေး ပြင်းသွားတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေက အဲဒီဇာတ်ဝင်ခန်းကို ကြည့်ပြီး ကျွန်တော့်ကို အနမ်းသူခိုးလို့ ခေါ်ကြတယ်”လို့ Yoo Seung Ho က ပြောပါတယ်။

Yoo Seung Ho နဲ့ Chae Soo Bin တို့ရဲ့ အနမ်းဇာတ်ဝင်ခန်းဟာ ကိုရီးယားကြည့်ရှုသူတွေကြားမှာ အထူးစိတ်ဝင်စားမှု ရရှိခဲ့ပြီး Naver’s TVCast မှာလည်း ရေပန်းစားလို့နေပါတယ်။ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ သရုပ်ဆောင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ကြည့်တဲ့သူတိုင်းက သူတို့နှစ်ယောက်ကို သဘောမကျဘဲ မနေနိုင်ဘူးလို့လည်း ဆိုပါတယ်။

Myat Su Nyein
Ref : kstarlive
Credit: MOMOLAY