Zawgyi ဖြင့်ဖတ်ရန်



















Unicode ဖြင့်ဖတ်ရန်

Photo Model ဇာဇာထက်ဟာ Sexy Post တွေနဲ့ လူသိများထင်ရှားလာသူပါ ။

သူမဟာ မိသားစုကိစ္စနဲ့ ပါတ်သတ်ပြီး ဖွင့်ဟပြောလေ့သိပ်မရှိပေမယ့် သီတင်းကျွတ်လပြည့်နေ့ မောင်လေးဖြစ်သူတို့စုံတွဲ လာကန်တော့စဉ်မှာတော့

၀မ်းနည်းသွားဟန်ရှိပြီး … သူမရဲ့ခံစားချက်ကို အောက်ပါအတိုင်း ဖွင့်ဟလိုက်ပါတယ် ။

” သီတင်းကျွတ်လပြည့်နေ့မှာမောင်လေးကအမေမရှိတဲ့နောက်ပိုင်းအမကြီးအမိအရာဆိုတော့အမေ့

အစားကျွန်မကိုလာကန်တော့တာအမေ့ကိုသတိရသွားပြီး

ငိုချင်တရ်,ကျွန်မငိုလိုက်ရင်မောင်လေးစိတ်မကောင်းမှာစိုးလို့

မချိပြုံးလေးပြုံးပြခဲ့ပါတရ်,ကျွန်မဘယ်လောက်ပဲစိတ်ဓာတ်မာ

ကျောတရ်ပြောပြောဒါမျိုးလာကန်တော့တော့လဲအသည်းမမာနိုင်ပါဘူး,ဆယ်စုနှစ်တခုစာမကအဖေနဲ့အမေကွဲ/အမေမသေခင်အမေလေဖြတ်ပြီးထဲကမိသားစု

တာဝန်ကိုပခုံးပြောင်းလွှဲယူပြီးမနိုင်ဝန်ထမ်းမိသားစုညီအကို

မောင်နှမကွယ်ရာမျက်ရည်ကျခဲ့ရတဲ့ရက်တွေအများကြီးပါ

ဒါပေမဲ့ကျွန်မပျိုးထောင်ပြုစုခဲ့တဲ့မောင်လေးကအရွယ်ရောက်

လာလို့သူ့အလုပ်အကိုင်နဲ့သူ့အိမ်ထောင်နဲ့သူအဆင်ပြေနေတဲ့အချိန်မှာကျွန်မ

ဥယျာဉ်မှူးတစ်ယောက်အနေနဲ့ဝမ်းသာမိပါတရ်,အမေမသေ

ခင်အမေ့ကိုလူတန်းစေ့ထားနိုင်ခဲ့တဲ့အတွက်လည်းကျွန်မ

ပင်ပန်းရကျိုးနပ်ခဲ့တရ်,ကျွန်မမိသားစုအတွက်ကျွန်မက

အားလုံးနားခိုလို့ရမဲ့သစ်ပင်ကြီးတစ်ပင်ပဲအမြဲဖြစ်ချင်ခဲ့တာပါ

ကျွန်မတိုင်းပြည်အတွက်သူရဲကောင်းမဟုတ်ခဲ့ပေမဲ့ကျွန်မ

မိသားစုအတွက်တော့ကျွန်မသူရဲကောင်းတစ်ယောက်ပါ ” တဲ့ …

မိသားစုအတွက် ပင်ပင်ပန်းပန်း အလုပ်ကြိုးစား ရုန်းကန်ခဲ့တဲ့ ဇာဇာထက်အတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦး ပရိတ်သတ်ကြီးရေ …

သတင်းအရင်းမြစ် : Zar Zar Htet