ZawGyiျဖင့္ဖတ္ရန္

သမားေတာ္တစ္ဦးက လူနာမွားယြင္းၿပီး ဦးေႏွာက္ခြဲစိတ္မႈျပဳလုပ္ခဲ့မိတဲ့အတြက္ ကင္ညာေဆး႐ံုတစ္႐ံုက အရာရွိႏွစ္ဦးကို ခြင့္ေပးနားေစခဲ့ပါတယ္။ဆရာဝန္ေတြက သည္ခြဲစိတ္မႈရဲ႕အေၾကာင္းအရင္းျဖစ္တဲ့ ေသြးခဲတစ္ခုကို ရွာေဖြလို႔မရႏိုင္ျဖစ္ၿပီး ဦးေခါင္းခြံကိုဖြင့္ကာ နာရီအေတာ္ၾကာခြဲစိတ္ၿပီးကာမွ မွားယြင္းမႈကိုဝန္ထမ္းေတြက သတိျပဳမိခဲ့ပါတယ္။လူနာကို အမွတ္အသားျပဳလုပ္ထားတဲ့ကတ္ျပား ေရာသြားေရာကေန ၿပီးခဲ့တဲ့အပတ္က သည္မွားယြင္းမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဦးေႏွာက္ခြဲစိတ္ဆရာဝန္၊ သူနာျပဳႏွစ္ဦးနဲ႔ ေမ့ေဆးဆရာဝန္တစ္ဦး အလုပ္ကဆိုင္းငံ့ျခင္းခံခဲ့ရပါတယ္။ လြဲမွားခြဲစိတ္ခံခဲ့ရတဲ့ လူနာကေတာ့ ျပန္လည္ေကာင္းမြန္လာပါၿပီလို႔ အရာရွိေတြက ေျပာပါတယ္။
ေဆး႐ံုရဲ႕ စီအီးအိုျဖစ္သူ လီလီကို ေရာ့စ္ကေျပာရာမွာ ေဆး႐ံုအေနနဲ႔ ‘လြဲမွားခံရတဲ့လူနာရဲ႕ က်န္းမာေရးနဲ႔ေဘးကင္းလံုၿခံဳေရးကိုေသခ်ာေစဖို႔ လုပ္ႏိုင္တာအားလံုးကိုျပဳလုပ္ထားေပးၿပီး ဒီျဖစ္ရပ္နဲ႔ပတ္သက္ ၿပီး အရမ္းကိုေနာင္တရမိတယ္၊ ဒီလူနာျပန္လည္ေကာင္းမြန္လာၿပီး တိုးတက္မႈေကာင္းစြာရွိတာကို ျပည္ေတြကိုအသိေပးရတဲ့အတြက္ ကြ်န္ေတာ္တို႔ဝမ္းသာတယ္လို႔ ေျပာခဲ့ပါတယ္။ ကိုေရာ့စ္အေနနဲ႔လည္း စံုစမ္းစစ္ေဆးေနစဥ္အတြင္းမွာ သည္ေဆး႐ံုရဲ႕ေဆးဝါးကုသမႈပိုင္းဒါ႐ိုက္တာနဲ႔အတူခြင့္ရက္ေပးုျခင္းခံထားရပါတယ္။

သည္ခြဲစိတ္မႈနဲ႔ ပတ္သက္ၿပီး အေသး စိတ္ျပန္ေျပာျပတဲ့ဆရာဝန္ေတြ အဆိုအရ သည္လူနာကစိတ္႐ႈပ္ေထြးေနၿပီး ေကာင္းေကာင္းမြန္မြန္ဆက္ဆံေျပာဆိုမႈ မလုပ္ႏိုင္ေသးဘူးလို႔ ေျပာခဲ့ပါတယ္။ ဦးေခါင္းခြံဖြင့္ၿပီးခြဲစိတ္ေနစဥ္အတြင္းမွာ ဆရာဝန္ေတြက ဦးေႏွာက္ကိုခြဲစိတ္ႏိုင္ဖို႔အတြက္ ဦးေခါင္းခြံရဲ႕အ႐ိုးျပားတစ္ခုကို ယာယီဖယ္ထုတ္ထားၿပီး ခြဲစိတ္ဆရာဝန္ေတြက ေသြးခဲကိုရွာမေတြ႕ခဲ့ပါဘူး။

ခြဲစိတ္ေနစဥ္အတြင္းမွာ လူနာရဲ႕အမွတ္အသားကတ္ကို သံုးႀကိမ္ေခၚယူအတည္ျပဳခဲ့ၿပီး အားလံုးက ခြဲစိတ္ဆရာဝန္ေတြဆီမွာ လူနာမွန္တယ္လို႔ပဲ ေဖာ္ျပခဲ့ပါတယ္။ အတိုင္ပင္ခံဆရာဝန္ႀကီးကိုေခၚယူၿပီး ေနာက္ ဆရာဝန္ေတြက လူနာကိုျပန္ခ်ဳပ္ေပးၿပီး ျပန္လည္သံုးသပ္ဖို႔ စမ္းသပ္ခ်က္ေတြေဆာင္ရြက္ဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။

ႏိုင္႐ိုဘီမွာရွိတဲ့ ကင္ညာတာေနရွင္နယ္ေဆး႐ံုက လုပ္ေဖာ္ကိုင္ဖက္ေတြက ဦးေႏွာက္ခြဲစိတ္ဆရာဝန္တစ္ဦးနဲ႕ေဆးဝန္ထမ္းသံုးဦးကို တာဝန္ရပ္ဆိုင္းခဲ့မႈအတြက္ စိတ္မသက္မသာျဖစ္ခဲ့ၾကပါတယ္။ ခြဲ စိတ္ဖို႔ျပင္ဆင္ေပးတဲ့ သူနာျပဳေတြက လူနာႏွစ္ဦးကိုမွားယြင္းၿပီး တံဆိပ္တပ္ေပးခဲ့တာေၾကာင့္ အမွားက်ဴးလြန္သူက သူတို႔သာျဖစ္တယ္လို႔ သူတို႔က ေျပာၾကပါတယ္။

ကြ်န္ေတာ္တို႔ရဲ႕ သူငယ္ခ်င္းမွာ အခ်ိဳ႕ေသာခြဲစိတ္မႈအားနည္းခ်က္ေတြ သက္ေသအျဖစ္ရွိေနေပမဲ့ ဒီခြဲစိတ္မႈမွာလူနာမွားယြင္းမႈဟာ အဓိကအားျဖင့္ လူနာေဆာင္ကဝန္ထမ္းေတြက လူနာမွားျပီးတံဆိပ္ တပ္မႈေၾကာင့္ျဖစ္သြားခဲ့တာလို႔ ကြ်န္ေတာ္တို႔ ယံုၾကည္တယ္လို႔ဆရာ ဝန္အုပ္စုတစ္စုကထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာခဲ့ပါတယ္။

ေမသက္
[ref: UPI, Mar 2, 2018.]
Unicodeဖြင့်ဖတ်ရန်
သမားတော်တစ်ဦးက လူနာမှားယွင်းပြီး ဦးနှောက်ခွဲစိတ်မှုပြုလုပ်ခဲ့မိတဲ့အတွက် ကင်ညာဆေးရုံတစ်ရုံက အရာရှိနှစ်ဦးကို ခွင့်ပေးနားစေခဲ့ပါတယ်။ဆရာဝန်တွေက သည်ခွဲစိတ်မှုရဲ့အကြောင်းအရင်းဖြစ်တဲ့ သွေးခဲတစ်ခုကို ရှာဖွေလို့မရနိုင်ဖြစ်ပြီး ဦးခေါင်းခွံကိုဖွင့်ကာ နာရီအတော်ကြာခွဲစိတ်ပြီးကာမှ မှားယွင်းမှုကိုဝန်ထမ်းတွေက သတိပြုမိခဲ့ပါတယ်။လူနာကို အမှတ်အသားပြုလုပ်ထားတဲ့ကတ်ပြား ရောသွားရောကနေ ပြီးခဲ့တဲ့အပတ်က သည်မှားယွင်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဦးနှောက်ခွဲစိတ်ဆရာဝန်၊ သူနာပြုနှစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး အလုပ်ကဆိုင်းငံ့ခြင်းခံခဲ့ရပါတယ်။ လွဲမှားခွဲစိတ်ခံခဲ့ရတဲ့ လူနာကတော့ ပြန်လည်ကောင်းမွန်လာပါပြီလို့ အရာရှိတွေက ပြောပါတယ်။
ဆေးရုံရဲ့ စီအီးအိုဖြစ်သူ လီလီကို ရော့စ်ကပြောရာမှာ ဆေးရုံအနေနဲ့ ‘လွဲမှားခံရတဲ့လူနာရဲ့ ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးကိုသေချာစေဖို့ လုပ်နိုင်တာအားလုံးကိုပြုလုပ်ထားပေးပြီး ဒီဖြစ်ရပ်နဲ့ပတ်သက် ပြီး အရမ်းကိုနောင်တရမိတယ်၊ ဒီလူနာပြန်လည်ကောင်းမွန်လာပြီး တိုးတက်မှုကောင်းစွာရှိတာကို ပြည်တွေကိုအသိပေးရတဲ့အတွက် ကျွန်တော်တို့ဝမ်းသာတယ်လို့ ပြောခဲ့ပါတယ်။ ကိုရော့စ်အနေနဲ့လည်း စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ သည်ဆေးရုံရဲ့ဆေးဝါးကုသမှုပိုင်းဒါရိုက်တာနဲ့အတူခွင့်ရက်ပေးုခြင်းခံထားရပါတယ်။

သည်ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး အသေး စိတ်ပြန်ပြောပြတဲ့ဆရာဝန်တွေ အဆိုအရ သည်လူနာကစိတ်ရှုပ်ထွေးနေပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပြောဆိုမှု မလုပ်နိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။ ဦးခေါင်းခွံဖွင့်ပြီးခွဲစိတ်နေစဉ်အတွင်းမှာ ဆရာဝန်တွေက ဦးနှောက်ကိုခွဲစိတ်နိုင်ဖို့အတွက် ဦးခေါင်းခွံရဲ့အရိုးပြားတစ်ခုကို ယာယီဖယ်ထုတ်ထားပြီး ခွဲစိတ်ဆရာဝန်တွေက သွေးခဲကိုရှာမတွေ့ခဲ့ပါဘူး။

ခွဲစိတ်နေစဉ်အတွင်းမှာ လူနာရဲ့အမှတ်အသားကတ်ကို သုံးကြိမ်ခေါ်ယူအတည်ပြုခဲ့ပြီး အားလုံးက ခွဲစိတ်ဆရာဝန်တွေဆီမှာ လူနာမှန်တယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။ အတိုင်ပင်ခံဆရာဝန်ကြီးကိုခေါ်ယူပြီး နောက် ဆရာဝန်တွေက လူနာကိုပြန်ချုပ်ပေးပြီး ပြန်လည်သုံးသပ်ဖို့ စမ်းသပ်ချက်တွေဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နိုင်ရိုဘီမှာရှိတဲ့ ကင်ညာတာနေရှင်နယ်ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေက ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ဆေးဝန်ထမ်းသုံးဦးကို တာဝန်ရပ်ဆိုင်းခဲ့မှုအတွက် စိတ်မသက်မသာဖြစ်ခဲ့ကြပါတယ်။ ခွဲ စိတ်ဖို့ပြင်ဆင်ပေးတဲ့ သူနာပြုတွေက လူနာနှစ်ဦးကိုမှားယွင်းပြီး တံဆိပ်တပ်ပေးခဲ့တာကြောင့် အမှားကျူးလွန်သူက သူတို့သာဖြစ်တယ်လို့ သူတို့က ပြောကြပါတယ်။

ကျွန်တော်တို့ရဲ့ သူငယ်ချင်းမှာ အချို့သောခွဲစိတ်မှုအားနည်းချက်တွေ သက်သေအဖြစ်ရှိနေပေမဲ့ ဒီခွဲစိတ်မှုမှာလူနာမှားယွင်းမှုဟာ အဓိကအားဖြင့် လူနာဆောင်ကဝန်ထမ်းတွေက လူနာမှားပြီးတံဆိပ် တပ်မှုကြောင့်ဖြစ်သွားခဲ့တာလို့ ကျွန်တော်တို့ ယုံကြည်တယ်လို့ဆရာ ဝန်အုပ်စုတစ်စုကထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။

မေသက်
[ref: UPI, Mar 2, 2018.]
Credit; Kumudra