Zawgyi ျဖင့္ဖတ္၇န္
TV ဇာတ္လမ္းေတြမွာ သရုပ္ေဆာင္လုပ္ရင္း ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈ ရလာတဲ႕ ေနအဥၨာလို႕ ေခၚတဲ႕ ျခဴး က လက္ရွိမွာ ေၾကာ္ျငာေတြ လက္ခံရိုက္ကူးေနသလို ဇာတ္ကားေတြမွာလည္း သရုပ္ေဆာင္ေနတယ္ လို႕ သိရပါတယ္။ အႏုပညာအလုပ္ေတြ ဆက္တိုက္လုပ္ရင္း ပရိသတ္ေတြနဲ႕ အဆက္အသြယ္ မျပတ္ေစဖို႕ ၾကိဳးစားေနတဲ႕ ျခဴးက လက္ရွိမွာ ရုပ္ရွင္ဒါရိုက္တာ ဦးထင္ေက်ာ္ ရိုက္ကူးေနတဲ႕ ရသေမာ္ကြန္းအလကာၤ ရုပ္သံဇာတ္လမ္းမွာ သရုပ္ေဆာင္ေနတယ္ လို႕ သိရပါတယ္။

အႏုပညာသမားေတြဟာ ခံစားခ်က္ ျပင္းတဲ႕သူေတြ ျဖစ္တဲ႕အတြက္ လူသားဆန္တဲ႕ သူေတြလို႕ တင္စားၾကတာပါ။ အဲ႕လိုပဲ ပရိသတ္ေတြ ႏွလံုးသည္းပြတ္ ျခဴး က သူ ႕ ခံစားခ်က္ နဲ႕ ပတ္သက္ျပီး စာသားအခ်ိဳ႕ကို Chue ဆိုတဲ႕ ေဖ့ဘြတ္ေပၚမွာ မတ္လ ၁၆ ရက္ေန႕မွာ ေရးသားထားတာ ေတြ႕ရပါတယ္။

ျခဴး တင္ခဲ႕တာ စာထဲမွာ သံေယာဇဥ္ ဆိုတဲ႕ စကားကို ထူးျခားစြာ သံုးထားတာ ေတြ႕ရျပီး သံေယာဇဥ္ ဆိုတာကို တန္ဖိုးထားတတ္သူ အျဖစ္ သူ႕ကိုယ္သူ ညႊန္းဆိုေရးထားတာ ေတြ႕ရပါတယ္။ ” သံေယာဇဥ္ဆိုတာ အင္မတန္မွပူေလာင္တယ္ အဲ့အတြက္ေၾကာင့္ သံေယာဇဥ္ေတြ အမ်ားႀကီး မထားဘူး မရွိဘူး ရွားရွားပါးပါးထားမိတဲ့ သံေယာဇဥ္ကိုလည္း လွည့္ၾကည့္စရာမလိုေအာင္ ယံုၾကည္ခဲ့မိတယ္ ” လို႕ ေရးထားျပီး ျခဴးေရးထားတာက သူ အရမ္းယံုၾကည္တဲ႕ သူတစ္ေယာက္ကို ညႊန္းထားတာ ေတြ႕ႏိုင္ပါတယ္။

ဆက္လက္ျပီး သူ ယံုၾကည္ထားတဲ႕သူက ေနာက္ေက်ာကို ဓားနဲ႕ထိုးတာ ခံလိုက္ရတဲ႕ ခံစားမႈကို ေရးခဲ႕ပါတယ္။ ” ေနာက္ေက်ာကို ခပ္ပါးပါးေလး ဓါးနဲ႔မႊန္းေနတာ ကို ေသြးစိမ္းရွင္ရွင္ ထြက္မွ သိေတာ့တယ္ ကိုယ္က အသံုးခ်ခံ သတၱဝါ တစ္ေကာင္ ျဖစ္ေနတာကို ဘဝင္ျမင့္ခဲ့မိတယ္ အေဖာ္မပါတစ္ေယာက္ထဲ ခဏတာအထီးက်န္ခံစားေနရမႈအတြက္ ကိုယ္က ခဏတာ အစားထိုးခံရတာကိုလည္း မိုးမျမင္ေလမျမင္ ျဖစ္ေလာက္တဲ့အထိ တံုးအ ခဲ့တဲ့ငါ့အျဖစ္ကို သိသိခ်င္း အ႐ုပ္ႀကိဳးျပတ္သလိုျဖစ္ခဲ့ရေပမဲ့ အလုပ္အတြက္ ကိုယ့္ကိုကိုယ္ ျပန္Fighting ေနရျပန္တယ္ကြယ္ ေလာကဓံ ဆိုတာဒါလား ဆိုၿပီး အံတုေနတဲ့ကိုယ္က ဒီကိစၥေလာက္ကို ခံစား မိတဲ့ အတြက္ ကိုယ့္ကိုကိုယ္ရွက္မိတယ္ မုန္းမိတယ္ အခ်ိန္ေတြရယ္ ကုန္ပါေတာ့ ကယ္စရာ အခ်ိန္ဘဲရွိေတာ့လို႔ပါ ” ဆိုျပီး ယံုၾကည္မႈေတြ ေပးထားတဲ႕ လူတစ္ေယာက္က ရက္စက္တာကို ခံစားႏိုင္စြမ္း မရွိတဲ႕ သူတစ္ေယာက္ရဲ႕ ရင္တြင္းခံစားမႈေတြကို ေရးထားတာ ေတြ႕ရပါတယ္။

သူ ဘာျဖစ္လို႕ ဒီ စကားလံုးေတြ ေျပာခဲ႕လဲ ဆိုတာ ျခဴး က မေရးခဲ႕ပါဘူး။ ျခဴး ကို ခ်စ္တဲ႕ ပရိသတ္ေတြက ျခဴး တင္ခဲ႕တဲ႕ အဲ႕ပိုစ္႕ မွာ အားေပးတဲ႕ စကားေတြနဲ႕ မွတ္ခ်က္ျပဳေရးခဲ႕ၾကတာ ေတြ႕ရပါတယ္။

Unicodeဖြင့်ဖတ်ရန်
TV ဇာတ်လမ်းတွေမှာ သရုပ်ဆောင်လုပ်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ရလာတဲ့ နေအဉ္ဇာလို့ ခေါ်တဲ့ ခြူး က လက်ရှိမှာ ကြော်ငြာတွေ လက်ခံရိုက်ကူးနေသလို ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်နေတယ် လို့ သိရပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ရင်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်စေဖို့ ကြိုးစားနေတဲ့ ခြူးက လက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာ ဦးထင်ကျော် ရိုက်ကူးနေတဲ့ ရသမော်ကွန်းအလကာၤ ရုပ်သံဇာတ်လမ်းမှာ သရုပ်ဆောင်နေတယ် လို့ သိရပါတယ်။

အနုပညာသမားတွေဟာ ခံစားချက် ပြင်းတဲ့သူတွေ ဖြစ်တဲ့အတွက် လူသားဆန်တဲ့ သူတွေလို့ တင်စားကြတာပါ။ အဲ့လိုပဲ ပရိသတ်တွေ နှလုံးသည်းပွတ် ခြူး က သူ့ ခံစားချက် နဲ့ ပတ်သက်ပြီး စာသားအချို့ကို Chue ဆိုတဲ့ ဖေ့ဘွတ်ပေါ်မှာ မတ်လ ၁၆ ရက်နေ့မှာ ရေးသားထားတာ တွေ့ရပါတယ်။

ခြူး တင်ခဲ့တာ စာထဲမှာ သံယောဇဉ် ဆိုတဲ့ စကားကို ထူးခြားစွာ သုံးထားတာ တွေ့ရပြီး သံယောဇဉ် ဆိုတာကို တန်ဖိုးထားတတ်သူ အဖြစ် သူ့ကိုယ်သူ ညွှန်းဆိုရေးထားတာ တွေ့ရပါတယ်။ ” သံယောဇဉ်ဆိုတာ အင်မတန်မှပူလောင်တယ် အဲ့အတွက်ကြောင့် သံယောဇဉ်တွေ အများကြီး မထားဘူး မရှိဘူး ရှားရှားပါးပါးထားမိတဲ့ သံယောဇဉ်ကိုလည်း လှည့်ကြည့်စရာမလိုအောင် ယုံကြည်ခဲ့မိတယ် ” လို့ ရေးထားပြီး ခြူးရေးထားတာက သူ အရမ်းယုံကြည်တဲ့ သူတစ်ယောက်ကို ညွှန်းထားတာ တွေ့နိုင်ပါတယ်။

ဆက်လက်ပြီး သူ ယုံကြည်ထားတဲ့သူက နောက်ကျောကို ဓားနဲ့ထိုးတာ ခံလိုက်ရတဲ့ ခံစားမှုကို ရေးခဲ့ပါတယ်။ ” နောက်ကျောကို ခပ်ပါးပါးလေး ဓါးနဲ့မွှန်းနေတာ ကို သွေးစိမ်းရှင်ရှင် ထွက်မှ သိတော့တယ် ကိုယ်က အသုံးချခံ သတ္တဝါ တစ်ကောင် ဖြစ်နေတာကို ဘဝင်မြင့်ခဲ့မိတယ် အဖော်မပါတစ်ယောက်ထဲ ခဏတာအထီးကျန်ခံစားနေရမှုအတွက် ကိုယ်က ခဏတာ အစားထိုးခံရတာကိုလည်း မိုးမမြင်လေမမြင် ဖြစ်လောက်တဲ့အထိ တုံးအ ခဲ့တဲ့ငါ့အဖြစ်ကို သိသိချင်း အရုပ်ကြိုးပြတ်သလိုဖြစ်ခဲ့ရပေမဲ့ အလုပ်အတွက် ကိုယ့်ကိုကိုယ် ပြန်Fighting နေရပြန်တယ်ကွယ် လောကဓံ ဆိုတာဒါလား ဆိုပြီး အံတုနေတဲ့ကိုယ်က ဒီကိစ္စလောက်ကို ခံစား မိတဲ့ အတွက် ကိုယ့်ကိုကိုယ်ရှက်မိတယ် မုန်းမိတယ် အချိန်တွေရယ် ကုန်ပါတော့ ကယ်စရာ အချိန်ဘဲရှိတော့လို့ပါ ” ဆိုပြီး ယုံကြည်မှုတွေ ပေးထားတဲ့ လူတစ်ယောက်က ရက်စက်တာကို ခံစားနိုင်စွမ်း မရှိတဲ့ သူတစ်ယောက်ရဲ့ ရင်တွင်းခံစားမှုတွေကို ရေးထားတာ တွေ့ရပါတယ်။

သူ့ကို မလှဘူး လို့ ပြောတဲ့အတွက် ရေထဲတွန်းချတဲ့ ညီညီမောင်

သူ ဘာဖြစ်လို့ ဒီ စကားလုံးတွေ ပြောခဲ့လဲ ဆိုတာ ခြူး က မရေးခဲ့ပါဘူး။ ခြူး ကို ချစ်တဲ့ ပရိသတ်တွေက ခြူး တင်ခဲ့တဲ့ အဲ့ပိုစ့် မှာ အားပေးတဲ့ စကားတွေနဲ့ မှတ်ချက်ပြုရေးခဲ့ကြတာ တွေ့ရပါတယ်။

Ref : Chue
Credit; Zan(Momolay)