Zawgyi ျဖင့္ဖတ္၇န္

မစ္ဒယ္၀ိတ္တန္းနဲ႔ လိုက္ဟဲဗီး၀ိတ္တန္း ႏွစ္ခုရဲ႕ ေရႊခါးပတ္ ပိုင္ရွင္ ေအာင္လန္အန္ဆန္ထံက ေရႊခါးပတ္ကို ယူမယ္လို႔ ဟဲဗီး၀ိတ္ တိုက္ခိုက္ေရး သမား အလိန္း အန္ဂါလာနီက ထုတ္ေဖာ္ ေျပာခဲ့ ပါတယ္။

အန္ဂါလာနီမွာ ေဟာင္ေကာင္ ႏိုင္ငံသား ခံယူထားသူ ျဖစ္ၿပီး ၿပီးခဲ့တဲဲ့ ၂၀၁၇ ႏို၀င္ဘာလ တုန္းက ျမန္မာႏိုင္ငံမွာ ေအာင္လန္အန္ဆန္ နဲ႔ အထူးစိန္ ေခၚပြဲတစ္ရပ္ကို ထိုးသတ္ခဲ့ဖူးသူ လည္း ျဖစ္ပါတယ္။

အဆိုပါ ပြဲစဥ္တုန္းက အန္ဂါလာနီမွာ ဟဲဗီး၀ိတ္တန္း ဖိုက္တာ ျဖစ္ၿပီး ေအာင္လအန္ဆန္မွာမူ မစ္ဒယ္၀ိတ္တန္း ခ်န္ပီယံ အေနနဲ႔ ၀ိတ္တန္း အလြတ္ စိန္ေခၚပြဲ တစ္ရပ္ကို ထုိးသတ္ခဲ့တာ ျဖစ္ၿပီး ေအာင္လန္အန္ဆန္က အႏိုင္ရရွိခဲ့ ပါတယ္ ။

ယခုအခါ ေအာင္လအန္ဆန္မွာ ဘရာဇီး ႏိုင္ငံသား မခ်ာဒို ကိုလည္း ဆက္လက္ အႏိုင္ယူကာ လစ္လပ္ေနတဲ့ လိုက္ဟဲဗီး၀ိတ္တန္းရဲ႕ ေရႊ႕ခါးပတ္ ခ်န္ပီဘြဲ႕ကို ထပ္မံ ခံယူထားသူလည္း ျဖစ္ပါတယ္။

အန္ဂါလာနီ အေနနဲ႔ ေအာင္လအန္ဆန္နဲ႔ ျပန္လည္ ယွဥ္ၿပိဳင္ ထိုးသတ္ဖို႔ ႀကိဳးပမ္းေနၿပီး ေရႊခါးပတ္ကို စိန္ေခၚႏိုင္ဖို႔အတြက္ ဟဲဗီး၀ိတ္တန္းမွ လိုက္ဟဲဗီး၀ိတ္တန္းကို ေလ်ာ့ခ်ေနတယ္ လို႔လည္း သိရပါတယ္ ။

” ကၽြန္ေတာ္ ၀ိတ္တန္း ေလ်ာ့ေနပါတယ္ ။ ဟဲဗီး၀ိတ္တန္းမွာ ကၽြန္ေတာ္က အရမ္း ေပါ့ေနသလို ခံစားရပါတယ္ ။ ဒါေၾကာင့္ လိုက္ဟဲဗီး၀ိတ္တန္းကို ေလ်ာ့ခ်ဖို႔ ကၽြန္ေတာ့္အတြက္ မခက္ပါဘူး ။ ကၽြန္ေတာ့္ ရည္ရြယ္ခ်က္ ကေတာ့ လိုက္ဟဲဗီး၀ိတ္ ေရႊခါးပတ္ကို စိန္ေခၚလုယူဖို႔ပါ ။ ” လို႔ အလိန္း အန္ဂါ လာနီက ထုတ္ေဖာ္ေျပာခဲ့ ပါတယ္။

အန္ဂါလာနီ အေနနဲ႔ လိုက္ဟဲဗီး၀ိတ္တန္း ေရႊခါးပတ္ကို စိန္ေခၚႏိုင္ဖို႔ အတြက္ ပြဲစဥ္ ၂ ပြဲ ခန္႔ ထိုးသတ္ အႏိုင္ယူ ႏိုင္ဖို႔ လိုအပ္ေနတာ ျဖစ္ၿပီး လာ မယ့္ မတ္လ ၂၄ ရက္ ေန႔ မွာေတာ့ ထုိင္းႏိုင္ငံ ဘန္ေကာက္မွာ မြန္ဂိုလီးယားက လိုက္ဟဲဗီး၀ိတ္တန္း ဖိုက္တာနဲ႔ ဦးစြာ ထိုးသတ္ ရမွာလည္း ျဖစ္ပါ တယ္။

Unicodeဖြင့်ဖတ်ရန်

မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုရဲ့ ရွှေခါးပတ် ပိုင်ရှင် အောင်လန်အန်ဆန်ထံက ရွှေခါးပတ်ကို ယူမယ်လို့ ဟဲဗီးဝိတ် တိုက်ခိုက်ရေး သမား အလိန်း အန်ဂါလာနီက ထုတ်ဖော် ပြောခဲ့ ပါတယ်။

အန်ဂါလာနီမှာ ဟောင်ကောင် နိုင်ငံသား ခံယူထားသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလ တုန်းက မြန်မာနိုင်ငံမှာ အောင်လန်အန်ဆန် နဲ့ အထူးစိန် ခေါ်ပွဲတစ်ရပ်ကို ထိုးသတ်ခဲ့ဖူးသူ လည်း ဖြစ်ပါတယ်။

 

အဆိုပါ ပွဲစဉ်တုန်းက အန်ဂါလာနီမှာ ဟဲဗီးဝိတ်တန်း ဖိုက်တာ ဖြစ်ပြီး အောင်လအန်ဆန်မှာမူ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အနေနဲ့ ဝိတ်တန်း အလွတ် စိန်ခေါ်ပွဲ တစ်ရပ်ကို ထိုးသတ်ခဲ့တာ ဖြစ်ပြီး အောင်လန်အန်ဆန်က အနိုင်ရရှိခဲ့ ပါတယ် ။

ယခုအခါ အောင်လအန်ဆန်မှာ ဘရာဇီး နိုင်ငံသား မချာဒို ကိုလည်း ဆက်လက် အနိုင်ယူကာ လစ်လပ်နေတဲ့ လိုက်ဟဲဗီးဝိတ်တန်းရဲ့ ရွှေ့ခါးပတ် ချန်ပီဘွဲ့ကို ထပ်မံ ခံယူထားသူလည်း ဖြစ်ပါတယ်။

အန်ဂါလာနီ အနေနဲ့ အောင်လအန်ဆန်နဲ့ ပြန်လည် ယှဉ်ပြိုင် ထိုးသတ်ဖို့ ကြိုးပမ်းနေပြီး ရွှေခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် ဟဲဗီးဝိတ်တန်းမှ လိုက်ဟဲဗီးဝိတ်တန်းကို လျော့ချနေတယ် လို့လည်း သိရပါတယ် ။

” ကျွန်တော် ဝိတ်တန်း လျော့နေပါတယ် ။ ဟဲဗီးဝိတ်တန်းမှာ ကျွန်တော်က အရမ်း ပေါ့နေသလို ခံစားရပါတယ် ။ ဒါကြောင့် လိုက်ဟဲဗီးဝိတ်တန်းကို လျော့ချဖို့ ကျွန်တော့်အတွက် မခက်ပါဘူး ။ ကျွန်တော့် ရည်ရွယ်ချက် ကတော့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ကို စိန်ခေါ်လုယူဖို့ပါ ။ ” လို့ အလိန်း အန်ဂါ လာနီက ထုတ်ဖော်ပြောခဲ့ ပါတယ်။

အန်ဂါလာနီ အနေနဲ့ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ကို စိန်ခေါ်နိုင်ဖို့ အတွက် ပွဲစဉ် ၂ ပွဲ ခန့် ထိုးသတ် အနိုင်ယူ နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပြီး လာ မယ့် မတ်လ ၂၄ ရက် နေ့ မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ မွန်ဂိုလီးယားက လိုက်ဟဲဗီးဝိတ်တန်း ဖိုက်တာနဲ့ ဦးစွာ ထိုးသတ် ရမှာလည်း ဖြစ်ပါ တယ်။

Credit: One Championship