Zawgyi ျဖင့္ဖတ္၇န္

ကသာခ႐ိုင္ ထီးခ်ဳိင့္ၿမိဳ႕နယ္တြင္ ဆယ္တန္းေဘာ္ဒါေဆာင္တစ္ခုတြင္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲခဲ့ၿပီး ေျခာက္လုံး ထပ္မံရွာေဖြေတြ႕ရွိခဲ့ေၾကာင္း စစ္ကိုင္းေဒသ ႀကီးရဲတပ္ဖြဲ႕မွဴး႐ုံးမွသိရသည္။ ထီးခ်ဳိင့္ၿမိဳ႕နယ္ အလယ္ေတာေက်းရြာတြင္ မတ္ ၁၂ ရက္ နံနက္ပိုင္းက ေဘာ္ဒါ ေဆာင္ပိုင္ရွင္ ေဒၚမင္းမင္းေအးက စာသင္ ေဆာင္အတြင္း မိုင္းဟု ယူဆရေသာအရာမ်ား ေတြ႕ရွိခဲ့တာေၾကာင့္ သက္ဆိုင္ရာရဲစခန္းကို အေၾကာင္းၾကားခဲ့သည္။

¤င္းျဖစ္စဥ္အား ရဲတပ္ဖြဲ႕မွ သြားေရာက္ စစ္ေဆးရာ စာသင္ေဆာင္ ေသာက္ေရအိုးအတြင္း အခ်င္း သံုးလက္မ၊ အရွည္ေလး လက္မခန္႔ရွိ ဝိုင္ယာႀကိဳးစနက္တံမ်ားပါေသာ သံပိုက္တိုတစ္ခု၊ စာသင္ေဆာင္ေဘးနံရံမွာ စနက္တံဝိုင္ယာႀကိဳးပါ ေရသန္႔ဘူးခြံတစ္ခု၊ ေဘာ္ဒါေဆာင္ ဝင္ေပါက္တံခါးမႀကီးအျပင္ ဘက္မွာ စနက္တံဝိုင္ယာႀကိဳးပါ ကြၽဲ႐ုိင္းအခ်ဳိ ရည္ဘူးခြံတစ္ခုတို႔ကို ေတြ႕ရွိ၍ ရွင္းလင္းခဲ့ သည္။ ထုိသုိ႔ရွင္းလင္းေနစဥ္ ေရတြင္းအနီး ဝါး လံုးတန္းတြင္ ေက်ာင္းသားမိဘတစ္ဦးက ေန လွန္းထားေသာ ထဘီတစ္ထည္ကို ဆြဲယူစဥ္ ထဘီႏွင့္ လက္လုပ္မိုင္း တဲြထားသည့္အတြက္ ေပါက္ကြဲမႈျဖစ္ေပၚခဲ့သည္ဟု ရဲတပ္ဖြဲ႕က ဆိုသည္။ မိုင္းရွင္းလင္းေရးအဖဲြ႕က ေဘာ္ဒါေဆာင္ ဝင္းအတြင္း ဆက္လက္ရွာေဖြရာ ထဘီတန္း အနီးမွ ေက်ာက္ပံု၊ ဆီးၿခံအတြင္းႏွင့္ ေဘာ္ဒါ ေဆာင္ေရွ႕ရပ္ထားသည့္ ေဒၚမင္းမင္းေအး ပိုင္ဆိုင္ကယ္တုိ႔မွာ ဝိုင္ယာႀကိဳး၊ စနက္တံပါ ေသာ လက္လုပ္မိုင္းတစ္ခု ဆက္လက္ေတြ႕ရွိ ၍ ရွင္းလင္းခဲ့သည္။

ရဲတပ္ဖြဲ႕မွ ေဘာ္ဒါေဆာင္ပိုင္ရွင္ ေဒၚ မင္းမင္းေအးအား စစ္ေဆးေမးျမန္းရာ ၎အား တစ္ဖက္သတ္ ခ်စ္ႀကိဳက္ေနသူ မ်ဳိးကိုကိုဆိုသူက ၎ထံ မက္ေဆ့ခ်္ျဖင့္ ၿခိမ္းေျခာက္သည့္စာမ်ား ပို႔ခဲ့သည့္အျပင္ ေဘာ္ဒါေဆာင္ အတြင္း ေျမျဖဴျဖင့္ ေရးထိုးသည့္ မ်ဳိးကိုကို၏လက္မွတ္အခ်ဳိ႕ကို ေတြ႕ရွိရခဲ့သည္ဟုဆိုသည္။ အဆိုပါျပစ္မႈက်ဴးလြန္သည့္ ေရႊဘိုၿမိဳ႕ ေနထုိင္သူ မ်ဳိးကိုကိုအား ေရႊဘိုခ႐ိုင္ရဲတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္၍ မတ္ ၁၂ ရက္ မြန္းလြဲ ၂ နာရီခန္႔တြင္ ဖမ္းမိခဲ့ျခင္းျဖစ္သည္ဟု ရဲအုပ္ဘိုဘိုဟန္က ေျပာသည္။ ျပစ္မႈက်ဴးလြန္သူအား ထီးခ်ဳိင့္ၿမိဳ႕မရဲစခန္းမတြင္ ေပါက္ကဲြေစတတ္ ေသာဝတၳဳပစၥည္းမ်ား အက္ဥပေဒ ပုဒ္မ-၃ အရ အမႈဖြင့္ကာ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

စုိးျမစုိး( မုံရြာ )

Yangon Media Group

Unicodeဖြင့်ဖတ်ရန်

ဆယ်တန်း ဘော်ဒါဆောင် တစ်ခုတွင် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲပြီး ခြောက်လုံး ထပ်မံ ရှာဖွေတွေ့ရှိ

ထီးချိုင့်

ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ဆယ်တန်းဘော်ဒါဆောင်တစ်ခုတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ခြောက်လုံး ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း စစ်ကိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာတွင် မတ် ၁၂ ရက် နံနက်ပိုင်းက ဘော်ဒါ ဆောင်ပိုင်ရှင် ဒေါ်မင်းမင်းအေးက စာသင် ဆောင်အတွင်း မိုင်းဟု ယူဆရသောအရာများ တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခဲ့သည်။

¤င်းဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ စာသင်ဆောင် သောက်ရေအိုးအတွင်း အချင်း သုံးလက်မ၊ အရှည်လေး လက်မခန့်ရှိ ဝိုင်ယာကြိုးစနက်တံများပါသော သံပိုက်တိုတစ်ခု၊ စာသင်ဆောင်ဘေးနံရံမှာ စနက်တံဝိုင်ယာကြိုးပါ ရေသန့်ဘူးခွံတစ်ခု၊ ဘော်ဒါဆောင် ဝင်ပေါက်တံခါးမကြီးအပြင် ဘက်မှာ စနက်တံဝိုင်ယာကြိုးပါ ကျွဲရိုင်းအချို ရည်ဘူးခွံတစ်ခုတို့ကို တွေ့ရှိ၍ ရှင်းလင်းခဲ့ သည်။ ထိုသို့ရှင်းလင်းနေစဉ် ရေတွင်းအနီး ဝါး လုံးတန်းတွင် ကျောင်းသားမိဘတစ်ဦးက နေ လှန်းထားသော ထဘီတစ်ထည်ကို ဆွဲယူစဉ် ထဘီနှင့် လက်လုပ်မိုင်း တွဲထားသည့်အတွက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ မိုင်းရှင်းလင်းရေးအဖွဲ့က ဘော်ဒါဆောင် ဝင်းအတွင်း ဆက်လက်ရှာဖွေရာ ထဘီတန်း အနီးမှ ကျောက်ပုံ၊ ဆီးခြံအတွင်းနှင့် ဘော်ဒါ ဆောင်ရှေ့ရပ်ထားသည့် ဒေါ်မင်းမင်းအေး ပိုင်ဆိုင်ကယ်တို့မှာ ဝိုင်ယာကြိုး၊ စနက်တံပါ သော လက်လုပ်မိုင်းတစ်ခု ဆက်လက်တွေ့ရှိ ၍ ရှင်းလင်းခဲ့သည်။

ရဲတပ်ဖွဲ့မှ ဘော်ဒါဆောင်ပိုင်ရှင် ဒေါ် မင်းမင်းအေးအား စစ်ဆေးမေးမြန်းရာ ၎င်းအား တစ်ဖက်သတ် ချစ်ကြိုက်နေသူ မျိုးကိုကိုဆိုသူက ၎င်းထံ မက်ဆေ့ချ်ဖြင့် ခြိမ်းခြောက်သည့်စာများ ပို့ခဲ့သည့်အပြင် ဘော်ဒါဆောင် အတွင်း မြေဖြူဖြင့် ရေးထိုးသည့် မျိုးကိုကို၏လက်မှတ်အချို့ကို တွေ့ရှိရခဲ့သည်ဟုဆိုသည်။ အဆိုပါပြစ်မှုကျူးလွန်သည့် ရွှေဘိုမြို့ နေထိုင်သူ မျိုးကိုကိုအား ရွှေဘိုခရိုင်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရဲအုပ်ဘိုဘိုဟန်က ပြောသည်။ ပြစ်မှုကျူးလွန်သူအား ထီးချိုင့်မြို့မရဲစခန်းမတွင် ပေါက်ကွဲစေတတ် သောဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ-၃ အရ အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးမြစိုး( မုံရွာ )

Credit: Yangon Media Group