Zawgyi ဖြင့်ဖတ်၇န်





-သန္တာ

Unicodeဖြင့်ဖတ်ရန်

အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနမှ CHAT Communication in English Language Course, Basic Level I (2/2018) သင်တန်းကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် လျှောက်လွှာ (Request Form) တွေကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီက စပြီး ယခု SEAMEO CHAT Communication in English Course Facebook စာမျက်နှာမှတစ်ဆင့် Download ရယူပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

သင်တန်းတက်ရောက် လိုသူတွေအနေနဲ့ အနိမ့်ဆုံးအခြေခံပညာ အထက်တန်းအောင်မြင်ပြီး CHAT Communication in English Course ဝင်ခွင့်စာမေးပွဲကို သင်တန်းက လက်ခံနိုင်တဲ့လူဦးရေနဲ့အညီ သတ်မှတ်ထားတဲ့ အောင်လက်မှတ်တွေရရှိသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ စီမံကြီးကြပ်အဖွဲ့ (CHAT Communication in English Language) ဖုန်း – ၀၁-၅၃၉၇၀၇ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ
Credit; Internet Journal