Zawgyi ျဖင့္ဖတ္၇န္

ႏ်ဴကလီးယား ဖ်က္သိမ္းေရးႏွင့္ ပတ္သက္၍ ခိုင္မာတိက်သည့္ ေဆာင္ရြက္မႈမ်ိဳး ျပသရန္ ေျမာက္ကိုရီးယားကို ဂ်ပန္ အစိုးရက တိုက္တြန္းလုိက္သည္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ေျမာက္ကိုရီးယား အေနျဖင့္ ကိုရီးယား ကၽြန္းဆြယ္တြင္ ႏ်ဴကလီးယားလက္နက္ ကင္းစင္ေရး ေဆြးေႏြးညႇိႏိႈင္းရန္ လိုလားမႈ ျပသလာသည့္အေပၚ ႀကိဳဆိုေၾကာင္း မတ္လ ၁၃ ရက္တြင္ ေျပာၾကားခဲ့သည္။

အာေဘးသည္ တိုက်ိဳတြင္ ေတာင္ကိုရီးယား ေထာက္လွမ္းေရးဌာန အႀကီးအကဲ ျဖစ္သူႏွင့္ ေတြ႕ဆံု ေဆြးေႏြးရန္ စီစဉ္ထားသည္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းသည္ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး ကိစၥႏွင့္ ပတ္သက္၍ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးရန္ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ကို ကမ္းလွမ္းခဲ့ၿပီး ထရမ့္ကလည္း လက္ခံထားသည္။

ေတာင္ကိုရီးယားသည္ ထရမ့္ႏွင့္ကင္မ္တို႔ ေတြ႕ဆံုေရးကိစၥ ျဖစ္ေျမာက္ေစရန္ အစြမ္းကုန္ ပံ့ပိုး တိုက္တြန္းေနၿပီး တ႐ုတ္ႏွင့္ ဂ်ပန္ အစိုးရမ်ားထံသို႔လည္း ကိုယ္စားလွယ္မ်ား ေစလႊတ္ကာ ညႇိႏိႈင္းမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ေတာင္ကိုရီးယား အစိုးရက ကင္မ္ႏွင့္ ထရမ့္တို႔ ေတြ႕ဆံုမႈသည္ ေမလတြင္ အထေျမာက္လာဖြယ္ ရွိေနေၾကာင္း မွတ္ခ်က္ေပးထားသည္။ အိမ္ျဖဴေတာ္ကမူ ေတြ႕ဆံုမႈ မျဖစ္ေျမာက္မီတြင္ ေျမာက္ကိုရီးယားဘက္က ႏ်ဴကလီးယား ဖ်က္သိမ္းေရးကို အမွန္တကယ္ လိုလားေၾကာင္း ထင္ရွားျမင္သာသည့္ လုပ္ေဆာင္မႈမ်ား ျပသရန္ လိုအပ္မည္ဟု သတိေပး ေျပာဆိုထားသည္။
Unicodeဖြင့်ဖတ်ရန်
နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ခိုင်မာတိကျသည့် ဆောင်ရွက်မှုမျိုး ပြသရန် မြောက်ကိုရီးယားကို ဂျပန် အစိုးရက တိုက်တွန်းလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယား အနေဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ကင်းစင်ရေး ဆွေးနွေးညှိနှိုင်းရန် လိုလားမှု ပြသလာသည့်အပေါ် ကြိုဆိုကြောင်း မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အာဘေးသည် တိုကျိုတွင် တောင်ကိုရီးယား ထောက်လှမ်းရေးဌာန အကြီးအကဲ ဖြစ်သူနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် ဆွေးနွေးရန် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ကမ်းလှမ်းခဲ့ပြီး ထရမ့်ကလည်း လက်ခံထားသည်။

တောင်ကိုရီးယားသည် ထရမ့်နှင့်ကင်မ်တို့ တွေ့ဆုံရေးကိစ္စ ဖြစ်မြောက်စေရန် အစွမ်းကုန် ပံ့ပိုး တိုက်တွန်းနေပြီး တရုတ်နှင့် ဂျပန် အစိုးရများထံသို့လည်း ကိုယ်စားလှယ်များ စေလွှတ်ကာ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

တောင်ကိုရီးယား အစိုးရက ကင်မ်နှင့် ထရမ့်တို့ တွေ့ဆုံမှုသည် မေလတွင် အထမြောက်လာဖွယ် ရှိနေကြောင်း မှတ်ချက်ပေးထားသည်။ အိမ်ဖြူတော်ကမူ တွေ့ဆုံမှု မဖြစ်မြောက်မီတွင် မြောက်ကိုရီးယားဘက်က နျူကလီးယား ဖျက်သိမ်းရေးကို အမှန်တကယ် လိုလားကြောင်း ထင်ရှားမြင်သာသည့် လုပ်ဆောင်မှုများ ပြသရန် လိုအပ်မည်ဟု သတိပေး ပြောဆိုထားသည်။
Ref: ABC
Credit: 7Day

LEAVE A REPLY