Zawgyi ျဖင့္ဖတ္၇န္
ေဟာင္ေကာင္ေလေၾကာင္းလိုင္းတခုျဖစ္တဲ့ Cathay Pacific မွာ ေလယာဥ္မယ္ေတြကို စကတ္သာ ၀တ္ဆင္ရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္ကို ဆန္႔က်င္ရာမွာေတာ့ အမ်ိဳးသမီး၀န္ထမ္းေတြဘက္က အႏိုင္ရ သြားပါတယ္။
ကုမၸဏီအတြင္းဖဲြ႔စည္းထားတဲ့ အလုပ္သမားသမဂၢကအျပင္းအထန္ ဖိအားေပးမႈရဲ႕ရလာဒ္အေနနဲ႔ ေဘာင္းဘီရွည္၀တ္ဆင္ဖုိ႔ ခြင့္ျပဳလိုက္တာလည္းျဖစ္ပါတယ္။

စကတ္တို၀တ္ဆင္ျပီး ခရီးသည္ေတြရဲ႕အိတ္ေတြကို ေလယာဥ္ေခါင္မိုး ပစၥည္းထားရာေနရာအေပၚ မယူျပီးထည့္ရာမွာနဲ႔ အလုပ္ကေနအသြားအျပန္ အမ်ားျပည္သူသံုးယာဥ္ေတြ အသံုးျပဳရာမွာ မလံုျခံဳမႈ ကိုခံစားရတယ္ဆိုျပီး အမ်ိဳးသမီး၀န္ထမ္းအခ်ိဳ႕က မေက်မနပ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ေနာက္လာမဲ့ ၀န္ထမ္းအသစ္ေတြအတြက္ သတ္မွတ္ထားတဲ့ယူနီေဖာင္းကို ေျပာင္းလဲ မွာေတာ့ မဟုတ္ပါဘူး။

အခုလိုျဖစ္လာဖို႔ သမဂၢက သံုးႏွစ္နီးပါးတုိက္ယူခဲ့ရတာလည္းျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်
ဟောင်ကောင်လေကြောင်းလိုင်းတခုဖြစ်တဲ့ Cathay Pacific မှာ လေယာဉ်မယ်တွေကို စကတ်သာ ဝတ်ဆင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ဆန့်ကျင်ရာမှာတော့ အမျိုးသမီးဝန်ထမ်းတွေဘက်က အနိုင်ရ သွားပါတယ်။
ကုမ္ပဏီအတွင်းဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကအပြင်းအထန် ဖိအားပေးမှုရဲ့ရလာဒ်အနေနဲ့ ဘောင်းဘီရှည်ဝတ်ဆင်ဖို့ ခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။

စကတ်တိုဝတ်ဆင်ပြီး ခရီးသည်တွေရဲ့အိတ်တွေကို လေယာဉ်ခေါင်မိုး ပစ္စည်းထားရာနေရာအပေါ် မယူပြီးထည့်ရာမှာနဲ့ အလုပ်ကနေအသွားအပြန် အများပြည်သူသုံးယာဉ်တွေ အသုံးပြုရာမှာ မလုံခြုံမှု ကိုခံစားရတယ်ဆိုပြီး အမျိုးသမီးဝန်ထမ်းအချို့က မကျေမနပ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း နောက်လာမဲ့ ဝန်ထမ်းအသစ်တွေအတွက် သတ်မှတ်ထားတဲ့ယူနီဖောင်းကို ပြောင်းလဲ မှာတော့ မဟုတ်ပါဘူး။

အခုလိုဖြစ်လာဖို့ သမဂ္ဂက သုံးနှစ်နီးပါးတိုက်ယူခဲ့ရတာလည်းဖြစ်ပါတယ်။
ဓာတ္ပံု – GETTY IMAGES
Credit; ဘီဘီစီျမန္မာပုိင္း