Zawgyi ျဖင့္ဖတ္၇န္

စစ္ကုိင္းတုိင္း၊ ခႏၲီးၿမိဳ႕ ၿမိဳ႕မရပ္ကြက္မွာ အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးကုိ အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့တဲ့ အမ်ဳိးသားကုိ ရဲက ဖမ္းဆီး အမႈဖြင့္လုိက္ပါတယ္။

ခႏၱီးၿမိဳ႕မရပ္ကြက္က ေနအိမ္ေစ်းဆုိင္တခုမွာ အေရာင္းစာေရးလုပ္ကုိင္ေနတဲ့ မ— ကုိ ၄၁ ႏွစ္အရြယ္ ေဇာ္ဦးဆုိသူက မတ္ ၈ ရက္ေန႔ မနက္ပုိင္းက အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့တာလုိ႔ ခႏၱီးၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးလွတင့္က ဒီဗြီဘီကုိ ေျပာပါတယ္။

အဓမၼျပဳက်င့္ခံရတဲ့ မ —က “က်မအိမ္သာသြားတယ္။ အိမ္သာေသာ့ကုိ ဖြင့္တယ္၊ က်မလက္ကုိဆြဲၿပီး ပါးစပ္ကုိ ပိတ္ထားတယ္၊ ပါးစပ္ပိတ္ထားေတာ့ ေအာ္လုိ႔မရဘူး၊ သားမယားျပဳက်င့္တယ္” လုိ႔ ေျပာပါတယ္။

ကာယကံရွင္ကုိယ္တုိင္ ရဲစခန္းမွာ လာေရာက္တိုင္ၾကားခဲ့တာျဖစ္ၿပီး ရဲစခန္းကုိ မတုိင္ဖုိ႔နဲ႔ တုိင္ရင္ သတ္ပစ္မယ္လုိ႔ ၿခိမ္းေျခာက္ခဲ့ေၾကာင္းလည္း မ—က ေျပာပါတယ္။

တရားလုိနဲ႔ တရားခံရဲ႕ သက္ေသခံပစၥည္းေတြကုိ ေဆးစစ္ခ်က္ရယူဖုိ႔ ခႏၱီးေဆး႐ုံ ပုိ႔ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

ေဇာ္ဦးကုိ ခႏၲီးၿမိဳ႕မရဲစခန္းက မတ္ ၈ ရက္ေန႔ ညေန ၅ နာရီခ်ိန္မွာ သြားေရာက္ဖမ္းဆီးခဲ့ၿပီး အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့မႈ ပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္ထားတယ္လုိ႔ ဆုိပါတယ္။
Unicodeဖြင့်ဖတ်ရန်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ မြို့မရပ်ကွက်မှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားကို ရဲက ဖမ်းဆီး အမှုဖွင့်လိုက်ပါတယ်။

ခန္တီးမြို့မရပ်ကွက်က နေအိမ်ဈေးဆိုင်တခုမှာ အရောင်းစာရေးလုပ်ကိုင်နေတဲ့ မ— ကို ၄၁ နှစ်အရွယ် ဇော်ဦးဆိုသူက မတ် ၈ ရက်နေ့ မနက်ပိုင်းက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာလို့ ခန္တီးမြို့မရဲစခန်းမှူး ဒုရဲမှူးလှတင့်က ဒီဗွီဘီကို ပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မ —က “ကျမအိမ်သာသွားတယ်။ အိမ်သာသော့ကို ဖွင့်တယ်၊ ကျမလက်ကိုဆွဲပြီး ပါးစပ်ကို ပိတ်ထားတယ်၊ ပါးစပ်ပိတ်ထားတော့ အော်လို့မရဘူး၊ သားမယားပြုကျင့်တယ်” လို့ ပြောပါတယ်။

ကာယကံရှင်ကိုယ်တိုင် ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တာဖြစ်ပြီး ရဲစခန်းကို မတိုင်ဖို့နဲ့ တိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းလည်း မ—က ပြောပါတယ်။

တရားလိုနဲ့ တရားခံရဲ့ သက်သေခံပစ္စည်းတွေကို ဆေးစစ်ချက်ရယူဖို့ ခန္တီးဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဇော်ဦးကို ခန္တီးမြို့မရဲစခန်းက မတ် ၈ ရက်နေ့ ညနေ ၅ နာရီချိန်မှာ သွားရောက်ဖမ်းဆီးခဲ့ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့မှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ေအာင္ဆန္းျမင့္
Credit: DVB