Zawgyi ဖြင့်ဖတ်၇န်




#ထက်အောင်
Unicodeဖြင့်ဖတ်ရန်

အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူး ဂျင်မီဗာဒီဟာ ပြီးခဲ့တဲ့ အီတလီနဲ့ပွဲမှာ CR7 ဖိနပ်ကို ဝတ်ဆင်ကစား သွားခဲ့တယ်လို့ သိရပါတယ်။ CR7 ဆိုတာ ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။


ဗာဒီဟာ အဆိုပါပွဲမှာ CR7 ဖိနပ်ကို ဝတ်ဆင်ကစားပြီး ပွဲကစားချိန်၂၆မိနစ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လဲ ပွဲကစားချိန် ၈၇မိနစ်မှာ ဒိုင်လူကြီးက VAR စနစ်အရ ဗီဒီယိုကို ပြန်ကြည့်ပြီးနောက် အီတလီအသင်းကို ပင်နတီပေးခဲ့လို့ ပွဲစဉ်ဟာ တစ်ဖက်၁ဂိုးစီ သရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

ဗာဒီဟာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို လက်ရှိအချိန်ထိလဲ လက်စတာအသင်းမှာ ခြေစွမ်းပြနေတာကြောင့် လာမယ့်ကမ္ဘာ့ဖလားကို ပါဝင်ကစားခွင့် ရဖို့ရှိနေပါတယ်။ ဒါ့ပြင်ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေနဲ့တွေ့တိုင်း ဂိုးမြူးတတ်တာကလဲ သူ့အတွက် အားသာချက်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။

#ထက်အောင်
Credit: MOMOLAY