Zawgyi ဖြင့်ဖတ်၇န်
အောင်ပြည့်စုံ
ပုံစာ – နေပြည်တော် ဥာဏသိဒ္ဓိဝန်ထမ်းအိမ်ရာအနီးတ၀ိုက်မြင်ကွင်းအချို့
News Watch
Unicodeဖြင့်ဖတ်ရန်
ငလျင်လှုပ်မည်ဟူသည့် ကောလာဟလသတင်းတစ်ခုကြောင့် နေပြည်တော် ၀န်ထမ်းအိမ်ရာအချို့မှ ၀န်ထမ်းများ တိုက်အောက်ဆင်း၍ ကြိုတင်တိမ်းရှောင်နေကြကြောင်းသိရသည်။
“ဘယ်သူကများ ဘယ်ကနေ ဘယ်လိုဖြန့်လိုက်တယ် မသိပါဘူးဗျာ။ ခုည ၈ နာရီမှာ ငလျင်လှုပ်မယ်ဆိုပြီး တစ်ဆင့်စကား ကောလာဟလပြန့်ကုန်တာကနေ စတာပဲ။ ညနေကတည်းကဆင်းထိုင်နေကြတာ။ လူတွေကလဲ ကြားသမျှယုံကြတာပဲ။ ငလျင်ကို ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့ မရပါဘူးဆိုတာလဲ ပြောလို့မရ။ ကလေးငယ်မွေးထားတဲ့ မိဘတွေအတွက် ဒီလို ကောလာဟလမျိုးဟာ သိပ်ဒုက္ခရောက်ပါတယ်”ဟု နေပြည်တော် နေပြည်တော် ဉာဏသိဒ္ဓိ ၀န်ထမ်းအိမ်ရာတွင်နေသော ကိုအောင်ကပြောသည်။
သဘာဝဘေးအန္တရာယ်များအနက် ရေလွှမ်းမိုးခြင်း မုန်တိုင်းတိုက်ခတ်ခြင်းတို့ကို ကြိုတင်ခန့်မှန်း၍ ရသော်လည်း ငလျင်လှုပ်မည်ဆိုခြင်းကိုမူ မည်သို့မျှ ကြိုတင်ခန့်မှန်း၍ မရသေးကြောင်း နိုင်ငံတကာပညာရှင်များနှင့်တကွ မြန်မာ့မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်တို့က မကြာခဏ ပြောဆိုခဲ့ကြပါသည်။
“ဘာမှမဖြစ်ပါဘူး။ အကုန်အိမ်ပေါ်ပြန်တက်ကြပါဆိုလဲ ပြောမရဘူးဗျာ။ ခုချိန်ထိ အောက်မှာပဲ။ ဒီလိုကောလဟလ ဖြန့်တဲ့သူတွေကိုလဲ တစ်ခုခုတော့လုပ်သင့်တယ်ဗျ။ အများပြည်သူ အထိတ်တလန့်ဖြစ်အောင်လုပ်မှုနဲ့။ တာဝန်ရှိသူတွေကလဲ ဘာမှမဖြစ်နိုင်ပါဘူးဆိုတဲ့အကြောင်း လိုက်ကြေညာပေးသင့်တယ်လို့ထင်ပါတယ်”ဟု ကိုအောင်ကပြောပါသည်။
အောင်ပြည့်စုံ
Credit: News Watch