Zawgyi ဖြင့်ဖတ်၇န်




Unicodeဖြင့်ဖတ်ရန်

ဆယ်ကျော်သက်လေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အဆိုတော်ထက်ယံ က သူ့ရဲ့ အချစ်ရေးကို ပရိသတ်တွေကို တရားဝင်ချပြလိုက်ပါတယ်။ အဆိုတော်ထက်ယံဟာ ကောင်မလေး ပရိသတ်အခိုင်အမာရထားသူဖြစ်ပြီး အဆိုတော်ရဲရင့်အောင်နဲ့ အတူတွဲဆိုထားတဲ့ No more Cry ဆိုတဲ့ သီချင်းနဲ့လူသိများခဲ့ပြီး လက်တလောမှာခေတ်စားနေတာကတော့ နန်း၊ မုန်းတယ်ဆိုပေယ့် ၊ပပဝတီ ၊ Good Luck အစရှိတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်၇ှိနေခဲ့သူဖြစ်ပါတယ်။

ပရိသတ်အချစ်တော်ကြီး ထက်ယံဟာ ယနေ့ ညပိုင်းမှာတော့ သူ့ရဲ့ Fan page မှာ သူနဲ့ သူ့ရဲ့ချစ်သူပုံကို တင်ခဲ့ပါတယ်။ ချစ်သူကို ပွင့်လင်းစွာထုတ်ပြလိုက်ပေမယ့် သူ့ကို ချစ်ကြတဲ့ ပရိသတ်တချို့ ကတော့ အသည်းတွေကွဲကုန်ကြပြီပေါ့နော်။ တချို့သောသူ့ရဲ့ ပရိသတ်တွေကတော့ သူချစ်တဲ့ သူရှိလာမှတော့ သူချစ်တဲ့သူကို လိုက်ချစ်ပေးရုံပေါ့ဆိုပြီးလဲ နားလည်ခွင့်လွှတ်ပေးတဲ့ ပရိသတ်တွေလဲ၇ှိကြပါတယ်။

ဒါဆိုရင် ထက်ယံကို ချစ်ပြီး အသည်းကွဲတဲ့ သူဘယ်နှယောက်၇ှိလဲဆိုတာ ကောမန့်မှာရေးခဲ့ကြနော်။ ချစ်ရပါသောမိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။
Credit; KKK(momolay)
Source – htet yan fbp