Zawgyi ဖြင့်ဖတ်၇န်




Unicodeဖြင့်ဖတ်ရန်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးအရာရှိအဖြစ် အချိန်ကြာမြင့်စွာ တာဝန်ယူဆောင်ရွက်ခဲ့သော John McEntee အား ငွေရေးကြေးရေးဆိုင်ရာ အရှုပ်အရှင်းများအတွက် ပြည်ထဲရေးဌါမှ စုံစမ်စစ်ဆေးနေချိန်တွင် ရုတ်တရက် အလုပ်မှထုတ်ပယ်ခြင်းခံလိုက်ရကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ စွပ်စွဲ စစ်ဆေးမှုများက သမ္မတဒေါ်နယ်ထရမ့်နဲ့ ပက်သက်ခြင်းမရှိကြောင်းလည်း သတင်းရင်မြစ်က ဖော်ပြထားသည်။ အလုပ်မှထုတ်ပယ်ခံရသည်ဆိုသော သတင်းပေါက်ကြားပြီး မိနစ်ပိုင်းမျှအကြာတွင် ထရမ့်၏လှုပ်ရှားမှုကမ်းပိန်းမှ John McEntee အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကမ်းပိန်း၏ စီနီယာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူသွားမှာဖြစ်ကြောင်း ကြေညာခဲ့သည်။

John McEntee ကို တနင်္လာနေ့က အစောင့်အရှောက်များနဲ့ အိမ်ဖြူတော်မှခေါ်သွားခဲ့ပြီး ကိုယ်ရေးကိုယ်တာ ပြဿနာမရှင်းလင်းမှုများကြောင့် John McEntee ကို ထုတ်ပယ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်အချို့တွင် ဖော်ပြထားသည်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး John McEntee က သတင်းဌါနများကို ရှင်းလင်းပြောဆိုရန် ငြင်းပယ်ခဲ့သည်။
“ကျွန်မတို့အနေနဲ့ သူများရဲ့ ကိုယ်ရေးကိုယ်တာ လုံးခြုံရေးကင်းရှင်မှုတွေအပေါ် ဘာမှဝင်ရောက်စွက်ဖက် ပြောဆိုဖို့မရှိပါဘူး” ဟု အိမ်ဖြူတော်၏ ပြန်ကြားရေးအရာရှိ Sarah Sanders က ပြောကြားခဲ့သည်။

John McEntee ဟာ တရမ့်ကမ်ပိန်း စတင်ခဲ့တဲ့ ပထမလမှာတင် ပါဝင်အားဖြည့်လှုပ်ရှားခဲ့သူဖြစ်ပြီး သမ္မတနဲ့ နီးကပ်စွာအချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်သည်။ အင်္ဂါနေ့မှာပင် သမ္မတနှင့်အတူ ကယ်လီဖိုးနီးယားခရီးစဉ် သွားရန် စီစဉ်ထားပြီး အဲ့ဒီမတိုင်မီ တနင်္လာနေ့က ကောက်ကာငင်ကာ အလုပ်မှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။
CNN
Credit: POPOLAY