Zawgyi ျဖင့္ဖတ္၇န္
The Heart Wants What It Wants သီခ်င္းအဆိုေတာ္ Selena Gomez ဟာ လတ္တစ္ေလာမွာ အဆင္မေျပမွဳေတြမ်ားစြာေၾကာင့္ ခ်စ္သူ Justin Bieber နဲ ့အေနေ၀းေနၾကတယ္ဆုိေပမဲ့လည္း သူငယ္ခ်င္းေတြနဲ ့ေပ်ာ္ေပ်ာ္ရႊင္ရႊင္သြားလာေနတာကို ေတြ့ရပါတယ္။ Selena ဟာ ျပီးခဲ့တ့ဲ ဗုဒၶဟူးေန ့ညက California, Toluca Lake မွာ သူမကို ေက်ာက္ကပ္လွဴဒါန္းေပးခဲ့တဲ့ အခ်စ္ဆံုးသူငယ္ခ်င္း Francia Raisa နဲ ့အတူ စကားစျမည္ေျပာၾကရင္း လမ္းသလားေနတာကို ေတြ ့ရပါတယ္။

Selena နဲ ့Justin တို ့အေနေ၀းျပီး အဆက္အသြယ္မရွိၾကေတာ့တာေၾကာင့္ လမ္းခြဲၾကျပီလို ့ပရိသတ္ေတြကထင္ေၾကးေပးေနၾကတဲ့အခ်ိန္မွာ Selena က အခုလို သူငယ္ခ်င္းနဲ ့သာသာယာယာ Hang Out လုပ္ေနတာေၾကာင့္ ပရိသတ္ေတြအတြက္ ပိုျပီး အံ့အားသင့္စရာျဖစ္သြားခဲ့ပါတယ္။ Selena ဟာ အျဖဴေရာင္ခါးရွည္အက်ၤ ီတစ္ထည္ေပၚမွာ သိုးေမြးအက်ၤ ီတစ္ထည္ကို၀တ္ထားတာျဖစ္ျပီး Tartan ေဘာင္းဘီအပြတစ္ထည္နဲ ့အတူ အနက္ေရာင္ သားေရေဒါက္ျမင့္ဖိနပ္တုိ ့ကို စီးထားတာျဖစ္ပါတယ္။

Selena ကေတာ့ Justin နဲ ့အဆင္မေျပေပမဲ့ အခုလို သူငယ္ခ်င္းေတြနဲ ့Hang Out လုပ္ျပီး ေပ်ာ္ရႊင္ေနတာေၾကာင့္ Justin နဲ ့တစ္ခန္းရပ္သြားတဲ့ ကိစၥအေပၚ ခံစားခ်က္သိပ္မရွိဘူးလို ့ယူဆရပါတယ္။
Unicodeဖြင့်ဖတ်ရန်
The Heart Wants What It Wants သီချင်းအဆိုတော် Selena Gomez ဟာ လတ်တစ်လောမှာ အဆင်မပြေမှုတွေများစွာကြောင့် ချစ်သူ Justin Bieber နဲ့အနေဝေးနေကြတယ်ဆိုပေမဲ့လည်း သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်သွားလာနေတာကို တွေ့ရပါတယ်။ Selena ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက California, Toluca Lake မှာ သူမကို ကျောက်ကပ်လှူဒါန်းပေးခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း Francia Raisa နဲ့အတူ စကားစမြည်ပြောကြရင်း လမ်းသလားနေတာကို တွေ့ရပါတယ်။

Selena နဲ့Justin တို့အနေဝေးပြီး အဆက်အသွယ်မရှိကြတော့တာကြောင့် လမ်းခွဲကြပြီလို့ပရိသတ်တွေကထင်ကြေးပေးနေကြတဲ့အချိန်မှာ Selena က အခုလို သူငယ်ချင်းနဲ့သာသာယာယာ Hang Out လုပ်နေတာကြောင့် ပရိသတ်တွေအတွက် ပိုပြီး အံ့အားသင့်စရာဖြစ်သွားခဲ့ပါတယ်။ Selena ဟာ အဖြူရောင်ခါးရှည်အင်္ကျ ီတစ်ထည်ပေါ်မှာ သိုးမွေးအင်္ကျ ီတစ်ထည်ကိုဝတ်ထားတာဖြစ်ပြီး Tartan ဘောင်းဘီအပွတစ်ထည်နဲ့အတူ အနက်ရောင် သားရေဒေါက်မြင့်ဖိနပ်တို့ကို စီးထားတာဖြစ်ပါတယ်။

Selena ကတော့ Justin နဲ့အဆင်မပြေပေမဲ့ အခုလို သူငယ်ချင်းတွေနဲ့Hang Out လုပ်ပြီး ပျော်ရွှင်နေတာကြောင့် Justin နဲ့တစ်ခန်းရပ်သွားတဲ့ ကိစ္စအပေါ် ခံစားချက်သိပ်မရှိဘူးလို့ယူဆရပါတယ်။
Ref : DailyMail
Credit: Douglas ( Momolay )