Zawgyi ဖြင့်ဖတ်၇န်



Unicodeဖြင့်ဖတ်ရန်
ခရီးသည်တွေအနေနဲ့ ဈေးနှုန်းမေးစရာမလိုဘဲ ကီလိုစနစ်နဲ့ ခရီးအကွာအဝေးအလျောက် ကျသင့်ငွေ ပေးချေရမယ့် တက္ကစီအငှားယာဉ်တွေ လာမယ့် ဧပြီလ ၁ ရက်မှာ စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

တက္ကစီအငှားကား ယာဉ်မောင်းတွေနဲ့ စုဖွဲ့ထားတဲ့ Kilo Taxi Group ကနေ စီစဉ် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးလင်းလင်းထွန်းက ပြောပါတယ်။

“အဖွဲ့ဝင် တက္ကစီယာဉ် ၂၀၀ ဝန်းကျင် ရှိပါတယ်။ ဧပြီလ ၁ ရက်နေ့ တရားဝင် စတင်ပြေးဆွဲမှာပါ။ မတ်လထဲမှာ စမ်းသပ်ပြေးဆွဲနေပါတယ်”လို့ဒီဗွီဘီကို ပြောပါတယ်။

ခရီးသည်တွေအနေနဲ့ ကီလိုတက္ကစီကားပေါ် စတက်ချင်း ၁၃၀၀ ကျပ်နဲ့ ၁ ကီလိုသွားတိုင်း ငွေကျပ် ၃၀၀ ကျသင့်မှာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့ချိန်၊ မီးပွိုင့်မိချိန်တွေအတွက် တခြားကောက်ခံမှု မရှိဘူးလို့ သိရပါတယ်။
Credit; DVB