Zawgyi ျဖင့္ဖတ္၇န္

ဆလံုလူမ်ိဳးအေၾကာင္း ဆလံု လူမ်ိဳး သည္ ျမိတ္ ကြၽန္းစု ၏ အဖိုး မျဖတ္ ႏိုင္ေသာ ျပယုဒ္တစ္ခု ျဖစ္ည္။ သူတို႔ ၏ ဓေလ့ စရိုက္၊ ရိုးသား ေျဖာင့္မတ္မွဳ ကိုတုႏွိဳင္းရန္ အရာ မရွိပါ။ ထို႔ေၾကာင့္ ၎ လူမ်ိဳးတို႔မွာ လူသိမ်ားထင္ရွား ေနျခင္း ျဖစ္သည္။ ဆလံု လူမ်ိဳးတို႔သည္ ပင္လယ္ ျပင္တစ္ခြင္ ၀မ္းစာ အတြက္ လွည့္လည္ က်က္စား ၾကသည္။ ေရကူး၊ေရငုပ္ရာ တြင္ ကြၽမ္းက်င္ သည္။ ထို႔ေၾကာင့္ Sea Gypsy orMen of the Sea အျဖစ္ အမည္ တြင္ျခင္း ျဖစ္သည္။ဆလံု တိုင္းရင္းသား တို႕ကို “ေမာ္ကင္း” Mawken “ မိုကန္း” Moken (ထိုင္း အေခၚ) ဟု လည္း ေခၚၾက ပါသည္။ ပင္လယ္ထဲမွာေပါ့ေပါ့ ပါးပါး သစ္၊ ၀ါး၊ ရင္ကမ္း သား တို႕ႏွင့္ ဖြဲ႕စည္းတည္ေဆာက္ထားသည့္ ႐ိုးရာ ေလွ ကို အိမ္လို သေဘာထား ၿပီး မိသားစု ႀကီးတစ္ခု လံုး ေနၾက၊ ထိုင္ၾက၊ ခ်က္ျပဳတ္ စားေသာက္ ၾက႐ံု သာမကသူတို႕ ဘ၀ ၏ အေဖာ္မြန္ ဟု ေခၚေသာ ေခြးမ်ားကိုလည္း တစ္ပါတည္း သယ္ေဆာင္ သြားၾက ပါသည္။

ယေန႔ အခါ ဆလံု လူမ်ိဳးမ်ား ကို ၿမန္မာ ႏိုင္ငံ ေတာင္ဘက္ စြန္းတနသၤာရီ တိုင္း ေဒသၾကီး ရွိ ၿမိတ္ခရိုင္ ႏွင္႔ ေကာ႔ေသာင္း ခရိုင္အတြင္ းရွိ ကၽြန္းမ်ား တြင္ လူနည္းစု အၿဖစ္ သီးၿခား ေနထိုင္ၾကသည္။ ၿမိတ္ ခရိုင္ ႏွင္႔ ေကာ႔ ေသာင္း ခရိုင္ အတြင္း ဆလံုတိုင္းရင္းသား မ်ား ေနထိုင္ ၾကေသာ ၿမိဳ႕နယ္ ႏွင္႔ ကၽြန္း မ်ားမွာၿမိတ္ၿမိဳ႕နယ္ ၊ ကၽြန္းစု ၿမိဳ႕နယ္ ၊ ပုေလာ ၿမိဳ႕နယ္ ၊တနသၤာရီ ၿမိဳ႕နယ္ ၊ေကာ႔ေသာင္း ၿမိဳ႕နယ္ ၊ ဘုတ္ၿပင္း ၿမိ႕နယ္ ၊ ဒုန္း ကၽြန္း( Done Island ) ၊ ဇာဒက္ႀကီး ကၽြန္း ၊ လန္းပိ ကၽြန္း ( Lumpi Island ) ၊ မႀကံဳ ကလက္ ေက်းရြာႏွင္႔ ေညာင္၀ိေက်းရြာတို႔ ၿဖစ္ၾက သည္။

အသက္ေမြး ၀မ္းေၾကာင္း
=-=-=-=-=-=-=-=-=-=
ဆလံု လူမ်ိဳးမ်ား သည္ စိုက္ပ်ိဳး ေရး၊ ေမြးျမဴေရး တို႔ျဖင့္ အသက္မေမြး ေရ လုပ္ငန္း၊ ပုလဲ ငုပ္ျခင္း လုပ္ငန္း တို႔ျဖင့္ အသက္ ေမြးကသည္။ပင္လယ္ ကမ္းေျခ တစ္ေလွ်ာက္ ေလွေလွာ္ ခတ္ရင္း တစ္ကြၽန္း မွတစ္ကြၽန္း ကူးကာ ေနထိုင္ ေလ့ ရွိသည္။ ေလွေလး မ်ားကို ေပါ့ပါးေသာ သစ္လံုး မ်ားျဖင့္ ထြင္းယူ ၾကသည္။

၎ ေလွမ်ား မွာ ပင္လယ္ ခရီး အတြက္ အဆင္ ေျပ အသံုး၀င္လွသည္။ အသံုး အေဆာင္မ်ား၊ အစာ ေရစာမ်ား၊ ေခြး၊ ေၾကာင္၊ၾကက္မ်ား ကိုလည္း တစ္ပါ တည္း ေလွႏွင့္ အတူ တင္ယူ လာေလ့ရွိၾက သည္။ ေဆာင္း၊ ေႏြရာသီ မ်ား တြင္ ငါးဖမ္း ျခင္း၊ ေရထြက္ပစၥည္း ေရာင္း၀ယ္ျခင္း တို႔ျဖင့္ အသက္ ေမြးၾက ျပီး မိုးရာသီရာသီဥတု ဆိုး၀ါး သည့္ အခါ နီးစပ္ရာ ကြၽန္းေပၚ တြင္ ၀ါးေျခတိုင္ ရွည္တဲ မ်ား ျဖင့္ လည္းေကာင္း၊ ဂူမ်ားရွာ ၍ လည္းေကာင္းေနထိုင္ေလ့ ရွိသည္။ Sea Gypsy ဟူေသာ အမည္ နွင့္ လိုက္ေလ်ာညီေထြ စြာ ပင္ သဘာ၀ ပင္လယ္ ေဘး အႏ ၱရာယ္ ကိုလည္းေရွာင္တိမ္း တတ္ၾက သည္။

ရာသီဥတု ဆိုး၀ါးစဥ္ ေတာင္မွ မိမိေန ထိုင္ရာ ကြၽန္းဆီ အျမန္ဆံုးျပန္ေရာက္ေအာင္ သြားႏုိင္ ၾကသည္။ ဆလံု လူမ်ိဳး တို႔၏ ေရငုပ္ပညာ ကြၽမ္းက်င္မွဳ မွာ အံ့မခန္း ျဖစ္သည္။ ပင္လယ္ ၾကမ္းျပင္ အထိေရငုပ္ ႏိုင္ျပီး ေရေအာက္ တြင္ ေအာက္ဆီဂ်င္ အကူအညီ မပါပဲအခ်ိန္ အေတာ္ၾကာ အနည္း ဆံုး တစ္နာရီ ခန္႔ ေနႏိုင္ သည္။တစ္ရက္ တည္း ထိုကဲ့သို႔ ေရငုပ္ျခင္း မ်ိဳး အၾကိမ္အ ေရ အတြက္မ်ားမ်ား လုပ္ႏိုင္ သည္။ ပင္လယ္ ခရု၊ ကမာ (မုတ္) ေကာင္မ်ား၊ငါးၾကီး အံဖတ္၊ ပင္လယ္ ေရေမွာ္ပင္၊ ပုလဲ၊ ငွက္သိုက္၊ ပ်ားရည္၊ပရေဆးပင္ မ်ားကို ရွာေဖြ စုေဆာင္း ျပီး ေရာင္းခ် ေလ့ ရွိသည္။

ကိုးကြယ္ ယံုၾကည္မႈ ႏွင့္ ဓေလ့စရိုက္
=-=-=-=-=-=-=-=-=-=-=-=-=-=
ဆလံု လူမ်ိဳးမ်ား သည္ အျခား လူမ်ိဳး မ်ားႏွင့္ ေရာေရာ ေႏွာေႏွာေနထိုင္ေလ့ မရွိ ေခ်။ ၎ တုိ႔၏ လူ ေနထိုင္မွဳ စနစ္မွာ ျမိဳ႕ျပေနထိုင္မွဳ စနစ္ႏွင့္ ကြာျခား လြန္း လွသည္။သို႔ေသာ္ လည္း သူ တို႔၏ လူေနမွဳ စနစ္ကို ယံုၾကည္စြာ တန္ဖိုး ထားထိန္းသိမ္း ၾကသည္။ ဘာသာ တရားႏွင့္ ပတ္သက္၍လည္း၎တို႔၏ကိုယ္ပိုင္ ယံုၾကည္မွဳ ကို လက္ကိုင္ ထားၾက သည္။နတ္ေကာင္း ႏွင့္ နတ္ဆိုး ဟူ၍ နတ္ ဘုရား ကိုးကြယ္မွဳ ႏွစ္ခုရွိသည္။နတ္ဆရာ သည္ ၎ တို႔၏ အခရာ ျဖစ္သည္။ ေပ်ာ္ပြဲ ရႊင္ပြဲ မ်ား ကိုသာမက ဖ်ားနာ သည့္ အခါ၊ တစ္ဦး တစ္ေယာက္ ေသဆံုး သည့္အခါတြင္ နတ္ဆရာ ၏ ေျပာဆိုမွဳ အတိုင္း စပါး၊ ေျပာင္း၊ အရက္၊ပ်ားရည္၊ ကြမ္း၊ ဘဲေသြးစိမ္း၊ ၾကက္၊ လင္းပိုင္၊ ပင္လယ္ လိပ္ တို႔ကိုယဇ္ပူေဇာ္ေလ့ ရွိသည္။

ေပ်ာ္ပြဲ ရႊင္ပြဲ မ်ား တြင္ ေတး သီခ်င္းမ်ား သီဆို တီးမွဳတ္ ျပီး မီးပံုဖိုကာ ၀ိုင္းဖြဲ႔ ကခုန္ ၾက သည္။ သူတို႔၏ ဗံုတစ္မ်ိဳး မွာ ပုတ္သင္ညိဳသားေရ ျဖင့္ ျပဳလုပ္ ထားသည္။ ဆလံု လူမ်ိဳး တို႔၏ ဂီတ ပင္ ကိုယ္စြမ္းရည္ မွာ ထက္ျမက္ ဆန္းၾကယ္ လွသည္။

ဘာသာ စကား
=-=-=-=-=-=-=
ဆလံု တိုင္း ရင္းသားမ်ား ေၿပာဆို ေသာ စကား မွာ ( 4 ) မ်ဳိး ရွိၿပီး ေလာတ ( Lawta ) ၊ လဘီ ( Lbi ) ၊ ဂ်အိ ( Jait ) ၊ ဒန္း ( Dung ) ဘာသာ စကား တို႔ ၿဖစ္ၾကၿပီး ထို ေလးမ်ဳိး တြင္ ဒန္း ဘာသာ စကား သည္ စံ ဘာသာ စကား (သို႔) မူရင္း ဘာသာ စကား ၿဖစ္ေၾကာင္း ကို Walter Grainge Whtie ဆိုသူ က The Sea Gypsies of Malaya စာအုပ္ တြင္ ေဖာ္ၿပ ထားေပ သည္။ ဆလံု ဘာသာ စကား နဲ႔ ပါတ္ သက္ ၿပီး ပညာရွင္ ေတြရဲ့ အယူ အဆ က ( 2 ) မ်ဳိးကြဲ လ်က္ ရွိေပ သည္။ တစ္မ်ဳိး မွာ ဆလံု တို႔သည္ မေလး လူမ်ဳိး အဆက္ အႏြယ္ ၿဖစ္သည္ ဟူေသာ အဆို ၿဖစ္သည္။ အဘယ္ ေၾကာင္႔ဆိုေသာ္ ဆလံု တိုင္းရင္းသား တို႔ ေၿပာဆို ေသာ စကား တြင္ မေလး အေခၚ ေ၀ၚ မ်ား ပါ၀င္ေန ေသာ ေၾကာင္႔ ၿဖစ္ေပ သည္။ ေနာက္ တစ္မ်ဳိး မွာ မြန္ – ခမာ အႏြယ္ ၿဖစ္သည္ ဟူေသာ ယူဆခ်က္ ၿဖစ္သည္။ ၿမန္မာ ၿပည္ ေတာင္ ပိုင္း၊ အင္ဒို ခ်ဳိင္းနား ကၽြန္းဆြယ္ ၊ ထိုင္း နိုင္ငံ တို႔ဘက္ မွ ၿမန္မာ ၿပည္ အတြင္း သို႔ ၀င္ေရာက္ လာေသာ မြန္ – ခမာ မ်ား ထဲတြင္ ဆလံု တိုင္းရင္းသား မ်ား သည္ မြန္မ်ား နဲ႔ အတူ ၀င္ေရာက္ လာသည္ ဟူ၍ လည္း ေကာင္း၊ မြန္ – ခမာ တို႔၏ အေၿပာ အဆို အသံုး အႏႈန္း တို႔သည္ ဆလံု တိုင္းရင္းသား တို႔ ေၿပာဆို ေသာ အသံုး ႏႈန္း ႏွင္႔ ဆင္ေသာ ေၾကာင္႔ မြန္ – ခမာ အႏြယ္ မွ ဆင္းလာ သည္ ဟု ယူဆ ၾကၿခင္း ၿဖစ္ေပ သည္။

ဆလံု ဘာသာ စကား မ်ဳိးရိုး ႏွင္႔ သမိုင္း ေၾကာင္း ကို ၿပန္ၾကည္႔ လ်ွင္ ၿမန္မာ ၿပည္ တြင္ တိဗက္ တရုတ္ မ်ဳိးရိုး ႏွင္႔ ၾသစထရပ္ မ်ဳိးရိုး ဟူ၍ ဘာသာ စကား မ်ဳိးရိုးႀကီး ႏွစ္ခု ရွိရာ ဆလံု ဘာသာ စကား သည္ ႀသစထရစ္ မ်ဳိးရိုး တြင္ ပါ၀င္ ေပသည္။ ႀသစထရစ္ မ်ဳိးရိုး သည္ တိဗက္ တရုတ္ မ်ဳိးရိုး ထက္ ေရွးက် ေသာ ဘာသာ စကား တစ္ခု ၿဖစ္ေပ သည္။ ႀသစထရစ္ ဘာသာ စကား ကို ေၿပာဆိုေသာ လူမ်ဳိး မ်ား ထံမွ တရုတ္ တိဗက္ ဘာသာ စကား ေၿပာဆို ေသာ လူမ်ဳိးမ်ား က အတက္ ပညာမ်ား ကို သင္ၾကား ခဲ႔ရ ေပသည္။ သို႔ၿဖစ္၍ မြန္ တို႔ထံမွ ဗမာ တို႔က သင္ၾကား ခဲ႔ရ သည္။ ခမာ တို႔ ထံမွ ရွမ္း တုိ႔က သင္ၾကား ခဲ႔ရ ေလသည္ ဟု ဦးေဖေမာင္တင္ ေရးသား ေသာ ဘာသာ ေလာက က်မ္း တြင္ ေတြ႔ရွိ ရပါ သည္။

ႀသစထရစ္ ဘာသာ စကား မ်ဳိးရိုး ႀကီး တြင္ ႀသစထရို နီရွန္း ေခၚ ပင္လယ္ပိုင္း တြင္ ေၿပာေသာ စကား နဲ႔ ႀသစထရို ေအရွ တစ္ ဟု ေခၚေသာ ကုန္းပိုင္း တြင္ ေၿပာေသာ စကား ဟူ၍ ႏွစ္မ်ဳိး ရွိေပရာ ဆလံု တိုင္းရင္း သား ဘာသာ စကား သည္ ႀသစထရို နီရွန္း အုပ္စု တြင္ ပါ၀င္ ေပ သည္။ ႀသစထရို နီရွန္း ဘာသာ စကား ကို ေၿပာဆို ေသာ လူမ်ဳိး မွာ ေတာင္ဘက္စြန္း ရွိ ကၽြန္းမ်ား တြင္ ေနထိုင္ ေသာ ေမာ္ကင္း ေခၚ ဆလံု တိုင္းရင္း သားမ်ား ႏွင္႔ ပသွ်ဴး တိုင္းရင္း သား တုိ႔ ၿဖစ္ၾက သည္။

စာေပ
=-=-=
စာေပ အေနၿဖင္႔ ေလ႔လာ ၾကည္႔လွ်င္ ဆလံု တိုင္းရင္းမ်ား တြင္ ကိုယ္ပုိင္ စာေပ မရွိ ေခ်။ 1846 ခုႏွစ္ တြင္ ေဒါက္တာ ဘေရတန္ က လည္းေကာင္း ၊ 1900 ၿပည္႔ ႏွစ္ တြင္ ခရစ္ယာန္ သာသနာၿပဳ ဆရာမ ႀကီး ေဒါက္တာ ေဒစီ အဖြဲ႔ က လည္းေကာင္း ၊ 1988 ခုႏွစ္ တြင္ ခရစ္ယာန္ သာသနာ ၿပဳ ဆရာမ ႀကီး ေနာ္ေဆးေဘ ႏွင္႔ ေနာ္ဖိုးေလ တို႔က လည္းေကာင္း အဂၤလိပ္ အကၡရာ ၊ ပိုး ကရင္ အကၡရာ တို႔ၿဖင္႔ ဆလံု စာေပ ကို တီထြင္ ေပးခဲ႔ ၾကသည္။ ( 19 ) ရာစု ႏွစ္ဦး ပိုင္း တြင္လည္း အေမရိကန္ ႏွစ္ခ်င္း ခရစ္ယာန္ သာသနာ ၿပဳ မစၥတာ စတီဗင္ ( Mr. Stevens ) ဆိုသူ က ေရာမ အကၡရာ မ်ား ကို အသံုးၿပဳ ကာ စာေပ တီထြင္ ေပးခဲ႔ၿပီး ေခါင္းစဥ္ မွာ A Primer of the Salone Language ၿဖစ္ေပ သည္။ ၄င္း စာအုပ္ မွာ ဖတ္ စာအုပ္ ငယ္ ၿဖစ္ၿပီး အေတာ္ အတန္ ပင္ ၿပည္႔စံုမႈ ရွိ ေၾကာင္း၊ ယခု အခါ ရွာေဖြ၍ မရေတာ႔ ေၾကာင္း သိရ ေပသည္။

ဆလံု တိုင္းရင္းသား တို႔သည္ စာေပ သင္ၾကား ၿခင္း ထက္ ပင္လယ္ လုပ္ငန္းခြင္ သို႔သာ ၀င္ေရာက္ လုပ္ ကိုင္ လိုစိတ္ ၿပင္းၿပ ေသာေၾကာင္႔ ယခု အခ်ိန္ အထိ စာေပ ဟူ၍ တိက် ခုိင္မာစြာ ေပၚထြက္ လာၿခင္း မရွိေသး ေခ်။ ဆလံု တိုင္းရင္းသား တို႔ ေၿပာေသာ ဘာသာ စကား ေလးမ်ဳိး အနက္ မေလး ႏွင္႔ အဆက္ သြယ္ ရွိေသာ လူမ်ဳိး မ်ား က ေလာတ ၊ လန္းပိကၽြန္း ႏွင္႔ ဘုတ္ၿပင္း ၿမိဳ႕နယ္ တြင္ ေနထိုင္ၾကေသာ ဆလံု တိုင္းရင္း သား မ်ား က ဂ်အိ စကား ကို ေၿပာဆို ၾကေပ သည္။ ၿမိတ္ ခရိုင္ အတြင္း မွာ ေနထိုင္ ၾကတဲ႔ ဆလံု တိုင္းရင္းသား ေတြ က ဒန္း ဘာသာ စကား ကို ေၿပာဆို ၾကၿပီး ေကာ႔ေသာင္း ခရိုင္ ကၽြန္းစုမ်ား အတြင္း မွာ ေနထိုင္ ၾကသူမ်ား ကေတာ႔ လဘီ ဘာသာ စကား ကို ေၿပာဆို ေနထိုင္ လ်က္ရွိ ၾက ေပသည္။

ဆလံု တိုင္းရင္းသား တို႕၏ ေမြးဖြားျခင္း အစ
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
(၁၉၆၄) ခုႏွစ္ က မွတ္သား ေတြ႕႐ိွခ်က္ မ်ား အရ ဆလံု တိုင္းရင္းသား တို႕သည္ စတင္ ေမြးဖြား သည့္ ကေလးငယ္ မ်ား ကို ခ်က္ႀကိဳး ျဖတ္ၿပီး သည္ ႏွင့္ ေရ ထဲသို႕ ႏွစ္စကၠန္႕ ခန္႕ ေရထဲ ျမွပ္လိုက္၊ ႏွစ္လိုက္။ ေပၚလိုက္ သံုးႀကိမ္ ခန္႕ ျပဳလုပ္ ပါသည္။ သူတို႕ အယူ အဆ မွာ ေမြးစ ကေလး ငယ္ ေရ ကိုု ကၽြမ္းက်င္ ေစရန္၊ မေၾကာက္ ေစရန္ ျဖစ္သည္ ဟု ဆို၏။ ထိုသို႕ လြဲမွားေသာ အယူအဆ ေၾကာင့္ တစ္ခ်ိဳ႕ ကေလး ငယ္မ်ား မွာ ေမြးစ ကပင္ ေသဆံုး သြားၾက ပါသည္။ ဤကား ယခင္ က အျဖစ္ အပ်က္။ ယခု အခ်ိန္ တြင္မူ ဆလံု တိုင္းရင္းသား တို႕ ေခတ္မီ လာသည္ ဟု ဆိုရ ပါမည္။ ေမြးစ ကေလးငယ္ ကို ေရထဲ တြင္ မႏွစ္ၾက ေတာ့။ ကို္ယ္၀န္ေဆာင္ ကို ေမြးဖြား ေပးသည့္ လက္သည္ မွာ သူတို႕ ဆလံု အမ်ိဳး သမီး အခ်င္းခ်င္း ပင္ ျဖစ္ပါ သည္။ သို႕ေသာ္ လည္း ယခု အခါ ခက္ခဲ သည့္ ေမြးဖြား မႈမ်ား ကို သူနာျပဳ ဆရာမ ႏွင့္ ေမြးေလ့ ေမြးထ ႐ိွလာ ၾက ပါၿပီ။

ဆလံု တို႕၏ က်န္းမာေရး
=-=-=-=-=-=-=-=-=
ဆလံု တိုင္းရင္သား တို႕သည္ အစစ အရာရာ တြင္ နတ္ ဆရာ ကိုသာ အားကိုး ၾကသည္။ တစ္စံု တစ္ေယာက္ ေနမေကာင္း လွ်င္ သူတို႕၏ အယူ အဆ မွာ နတ္ဖမ္းစား သည္ ဟု အမ်ားအား ျဖင့္ ယူဆ ၾကသည္။ နတ္ ဆရာ ႏွင့္ တိုင္ပင္ ၍ ပူေဇာ္ ပသ၊ ကိုးကြယ္ တင္ေျမႇာက္ ျခင္းမ်ား ျပဳလုပ္ ေလ ့႐ိွ ၾကပါ သည္။ သို႕ေသာ္ လည္း ယခု ခ်ိန္ခါ တြင္ အခ်ိဳ႕ တိုင္းရင္းသား ဆလံု တို႕မွာ ေခတ္မီ လာသည္ ဟု ဆိုရ ပါမည္။ ေနထိုင္ မေကာင္း ျဖစ္ေသာ သူမ်ား ကို ဆရာ၀န္ ႏွင့္ ေဆးခန္း သို႕ ျပသ ကုသ လာၾက ပါသည္။ တစ္ဖက္ ကလည္း သူတို႕ အစြဲ ျဖစ္ေန သည့္ နတ္ ဆရာ ႏွင့္ ပူေဇာ္ ပသျခင္း ကိုလည္း လုပ္ၿမဲ လုပ္ၾက ပါသည္။ ဆလံု အမ်ားစု တြင္ ျဖစ္ပြား တတ္သည့္ ေရာဂါ မွာ ငွက္ဖ်ား စြဲျခင္း ႏွင့္ အာဟာရ ခ်ိဳ႕တဲ့ ျခင္း မ်ား ပင္ ျဖစ္ပါသည္။

၀တ္စား ဆင္ယင္ျခင္း
=-=-=-=-=-=-=-=
ဆလံု တိုင္းရင္းသား တို႕သည္ ေမြးကင္းစ ကေလး အ႐ြယ္မွ ငါးႏွစ္ ေျခာက္ႏွစ္ အ႐ြယ္အထိ ယခင္က အ၀တ္ အစား ၀တ္ေလ့ ၀တ္ထ မ႐ိွ ေသာ္လည္း ယခု အခါ အ၀တ္ အစား ဆင္ယင္ လာၾက ပါသည္။ အမ်ိဳး သမီးမ်ား မွာ သူတို႕ ဓေလ့ အရ အေပၚ ပိုင္း၊ ေအာက္ပိုင္း လံုလံု ၿခံဳၿခံဳ ၀တ္ဆင္ သည္ ဆိုေသာ္ လည္း ၊ အခ်ိဳ႕မွာ အိမ္ေထာင္ က်သည္ ႏွင့္ အေပၚပုိင္း ဗလာ က်င္း ေနတတ္ ၾကပါ သည္။ သို႕ေသာ္ လည္း ယခု အခါ တြင္မူ အိုမင္း ေသာ အဘြား အ႐ြယ္မ်ား မွ လြဲ၍ အမ်ိဳး သမီး အမ်ားစု မွာ အေပၚပိုင္း၊ ေအာက္ပိုင္း လံုလံု ၿခံဳၿခံဳ ၀တ္ဆင္ လာၾက ေပၿပီ။ ဆလံု အမ်ိဳးသား တို႕မွာ မ်ားေသာ အားျဖင့္ ယခင္က ေအာက္ပိုင္း တြင္ လံုခ်ည္ (သို႕မဟုတ္) ေဘာင္းဘီ တို ႏွင့္ ေနၿပီး အေပၚ ပိုင္း ဗလာ က်င္း ေနတတ္ သည့္ သဘာ၀ ႐ိွပါ သည္။ သူတို႕ ဓေလ့ အရ ေတာ္႐ံု တန္႐ံု လည္း ဖ်ားနာ ျခင္း မ႐ိွၾက ပါ။ ခံႏိုင္ရည္ ႐ိွေသာ လူမ်ိဳး ပင္ ျဖစ္ပါ သည္။ သို႕ေသာ္ လည္း ယခု အခါ သူတို႕ လည္း အေပၚပိုင္း အကၤ်ီ မ်ား၊ မ်ားေသာ အားျဖင့္ ၀တ္ဆင္ လာၾက ေပၿပီ။ ဆလံု တိုင္းရင္းသား တို႕သည္ ပင္လယ္ ႏွင့္ အနီး အနား တြင္ ေန၍ လား မသိ၊ သူတို႕၏ အ သား အေရာင္မွာ ညိဳေရာင္ သန္း ပါသည္။ ယခု အခါ ဆလံု တိုင္းရင္း သား တို႕မွာ ေခတ္မီ လာသည့္ အေလ်ာက္ ယိုးဒယား ႏိုင္ငံမွ ေရာက္လာ ေသာ အ၀တ္ အစား၊ ပါတိတ္။ တီ႐ွပ္ တို႕ျဖင့္ သစ္သစ္ လြင္လြင္ ေတာက္ေတာက္ ပပ ျဖစ္လာ ေလၿပီ။ ယခင္ က ျဖစ္သလို ေနခဲ့ ေသာ္လည္း ယခု အခါ သားသား နားနား ၀တ္ဆင္ လာၾက ေပၿပီ။

အစား အေသာက္
=-=-=-=-=-=-=
ဆလံု တို႕သည္ ပင္လယ္ ထဲတြင္ အတည္ တက် မေန ဘဲ ေရၾကည္ ရာ ျမက္ႏုရာ သို႕ သြားလာ လုပ္ကိုင္ ေနထိုင္ ၾကသည့္ အေလ်ာက္ ပင္လယ္ ေပ်ာ္မ်ား ျဖစ္သည့္ အားေလ်ာ္ စြာ သူတို႕စားေသာက္ ၾကသည္ မွာ မ်ားေသာ အားျဖင့္ ပင္လယ္ အစား အစာ မ်ား ျဖစ္ပါ သည္။ ပင္လယ္ ကၽြန္းစု၊ ေက်ာက္ေဆာင္ မ်ား တြင္ တြယ္ကပ္ လ်က္ ႐ိွေသာ ဂံုး (ခ႐ု တစ္မ်ိဳး အထဲ တြင္ ႐ိွသည္) ဟု ေခၚသည့္ တငို ကို ခြာ ၍ အထဲ မွ ခ႐ု သဖြယ္ အရာ ကို ခ်က္ျပဳတ္ စားေသာက္ ၾက ပါသည္။ ပင္လယ္ ေက်ာက္ေဆာင္ ဂူထဲတြင္ ႐ိွေသာ လင္းႏို႕၊ လင္းဆြဲ မ်ားကို တုတ္႐ွည္ ျဖင့္ ႐ိုက္ခ် ကာ ခုတ္ထစ္ ျဖတ္ေတာက္ ၍ လည္း ခ်က္ျပဳတ္ သံုးေဆာင္ ၾက ပါသည္။

သူတို႕ သည္ စားသံုး ဆီ သံုးစြဲမႈ နည္း သူမ်ား ျဖစ္သည့္ အေလွ်ာက္ တစ္လ လံုး တြင္ မိသားစု (၆) ေယာက္ အတြက္ ဆီ (၂၀) က်ပ္သား ခန္႕သာ ကုန္ ပါသည္။ ထို႕ေၾကာင့္ ဆလံု အမ်ားစု တြင္ ေသြးတိုး ေရာဂါ မ႐ိွၾက ပါ။ ဆလံု တိုင္းရင္း သား တို႕သည္ ပ်ားအံု ဖြတ္ရာ တြင္လည္း အလြန္ ကၽြမ္းက်င္ သူမ်ား ပင္ ျဖစ္သည္။ သစ္ပင္ အျမင့္ ေပၚ တြင္ စြဲကပ္ ေနေသာ ပ်ားအံု ကို အုန္းလက္ မီးတုတ္ ျဖင့္ ႐ိုက္ခ်ကာ ပ်ားအံု မွ ပ်ားရည္ ကို ခံယူ ၾကပါ သည္။ ပ်ားသလက္ ႏွင့္ ပ်ားေပါက္စ တို႕ကို လည္း ခ်က္ခ်င္း ပင္ လတ္လတ္ ဆတ္ဆတ္ စားသံုး ၾက ပါသည္။ ဆလံု တို႕၏ သဘာ၀ မွာ စားေသာက္ ရာ တြင္လည္း သူတို႕ ႐ိုးရာ ေလွေပၚ တြင္ မိသားစု အားလံုး သိုက္သိုက္ ၀န္း၀န္း ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ခ်က္ျပဳတ္ စားေသာက္ ၾက ပါသည္။

ဆလံု တိုင္းရင္းသား တို႕ စားသံုး သည့္ အ႐ြက္ မ်ား ျဖစ္ေသာ ဆလံု မုန္လာ၊ ဆလံု မုန္ညင္း၊ ဆလံု ကန္စြန္း တို႕မွာ အ႐ြက္ အသား ထူသည္မွ လြဲ ၍ ေျမျပန္႕ က မုန္လာ ၊ မုန္ညင္း၊ ကန္စြန္း တို႕ႏွင့္ အေတာ္ ဆင္တူ ပါသည္။ ထို အ႐ြက္ တို႕မွာလည္း ဆလံု ေဒသ ေတာေတာင္ ထဲတြင္ အေလ့ က် ေပါက္ေန ၾကျခင္း ပင္။ ကၽြန္ေတာ္ ေတြ႕ဖူး သည့္ ဆလံု ကြမ္း( ကြမ္းယာ အတြက္ လိုအပ္ ေသာ ကြမ္း) မွာလည္း အ႐ြက္ အသား ပိုထူ ကာ အေလ့ က် ေပါက္ေန ျခင္း ပင္ ျဖစ္ပါသည္။ ဆလံု တစ္ခ်ိဳ႕ လည္း ကြမ္းစား တတ္ၾက သည္ ကို ကၽြန္ေတာ္ ေတြ႕ဖူး ပါသည္။

အလုပ္ အကိုင္
=-=-=-=-=-=
ဆလံု တိုင္းရင္းသား တို႕ အလုပ္ လုပ္ကိုင္ရာ တြင္ အားလံုး စုေပါင္း ၀ိုင္း၀န္း ၍ လုပ္ေဆာင္ ေလ့ ႐ိွၾက သည္။ ေတာထဲ တြင္ ႐ိွေသာ သစ္ပင္ ႀကီး မ်ား ကို သူတို႕၏ စုေပါင္း စြမ္းအား ျဖင့္ ခုတ္လွဲ ပါသည္။ ေလွထြင္း ပါ သည္။ ထို ႀကီးမားေသာ သစ္ထြင္း ေလွ ကို ပင္လယ္ ကမ္းေျခ ဆီသို႕ သယ္ေဆာင္ ထုတ္ယူ သည္မွာ လည္း အလြန္ စနစ္ က်ကာ အားက် ဖြယ္ရာ ေကာင္း ပါသည္။ ပင္လယ္ ကမ္းစပ္ ေနရာ မ်ား တြင္ ေပါက္ေရာက္ ေလ့ ႐ိွေသာ ရင္ကမ္း ပင္မွ ရင္ကမ္း အလက္ မ်ားကို တစ္စု ႏွင့္ တစ္စု စီစီ ညီညီ ထပ္ကာ ျပဳလုပ္ ထားေသာ ရင္ကမ္း ေလွမွာ အလြန္ပင္ လက္ရာ ေျမာက္လွ ပါသည္။ ထိုရင္ ကမ္းေလွ တြင္ သံခ်က္ ဆို၍ တစ္ခ်က္မွ် မပါ၊ ႀကိမ္ျဖင့္ သာ ရစ္ပတ္ ျခင္း ၊ ကြပ္ျခင္း ျပဳလုပ္ ထားသည္ မွာ ခ္ိုင္ခန္႕ လွ ပါသည္။ စိစပ္ လွ ပါသည္။ ေရတစ္စက္ မွ် ေလွ၀န္း ထဲသို႕ မ၀င္ ပါ။ သူတို႕ ၏ ကၽြမ္းက်င္မႈ ေၾကာင့္ လိႈင္း ေလလာ လည္း ေၾကာက္ လန္႕ မႈ မ႐ိွ ၾကပါ။ သို႕ေသာ္ လည္း လိႈင္းေလ မ်ား အလြန္ ျပင္းထန္စြာ တိုက္ခတ္ လာေသာ အခါ သူတို႕ သည္ ကမ္းေျခ မ်ား၊ ေလကြယ္ရာ ကၽြန္းစု မ်ား တြင္ စုေပါင္း ၍ ေနထိုင္ေလ့ ႐ိွၾက ပါ သည္။

ဆလံု တိုင္းရင္းသား တို႕၏ အလုပ္ အကိုင္ ကို ေဖာ္ျပ ရလွ်င္ ငါးဖမ္း ျခင္း၊ ပုလဲ ငုပ္ျခင္း၊ ပင္လယ္ ေမွ်ာ့ ငုပ္ျခင္း၊ ကႏု ကမာ၊ ငွက္သိုက္ ႐ွာေဖြျခင္း၊ ပ်ားဖြတ္ ျခင္း၊ ႐ွာျခင္း၊ ေရ ႏွင့္ ပါတ္သက္ေသာ လုပ္ငန္း အ၀၀ ကို ကၽြမ္းက်င္ စြာ လုပ္ကိုင္ ႏိုင္ေသာ တိုင္းရင္းသား မ်ား ပင္ ျဖစ္ပါ သည္။ ေက်ာက္ႀကိဳ ေက်ာက္ၾကား ထဲသို႕ ႏွစ္ခြစူး၊ မွိန္းတံ ႐ွည္ႏွင့္ ငါးထိုး ေနေသာ ကေလး ငယ္မ်ား ကိုလည္း ကၽြန္ေတာ္ ျမင္ဖူး ပါသည္။ ယခု အခါ ေခတ္မီ လာေသာ ဆလံု တို႕မွာ ေရငုပ္ မ်က္မွန္ အေကာင္း စား ႏွင့္ ေအာက္စီဂ်င္ အသက္႐ွဴ ဘူး တို႕ျဖင့္ ေရငုပ္ ကာ ပုလဲ ႐ွာေန ၾကၿပီ၊ ပင္လယ္ ေမွ်ာ့ ႐ွာေန ၾကၿပီ ျဖစ္ပါ သည္။

ထိမ္းျမား လက္ထပ္ျခင္း
=-=-=-=-=-=-=-=-=
ဆလံု တိုင္းရင္းသား တို႕သည္ ကေလး မီးဖြား လွ်င္ ေမြးဖြား လာလွ်င္ ေမြးဖြားစ ကေလး အတြက္ နတ္ဆရာ ႏွင့္ နတ္ ကိုးကြယ္ ၾကသည္။ ေသဆံုး သြား လွ်င္ လည္း ေသဆံုး သူ ေကာင္းရာ မြန္ရာ ေရာက္ေအာင္ နတ္ ဆရာႏွင့္ ပူေဇာ္ ပသ ေလ့ ႐ိွသည္။ ထိုနည္း တူစြာ သတိုးသား နွင့္ သတိုး သမီး ထိမ္းျမား လက္ထပ္ပြဲ တြင္လည္း နတ္ ဆရာႏွင့္ ႐ိုးရာ နတ္ကို ပူေဇာ္ ပသမႈ ျပဳမွသာ လွ်င္ လင္မယား အရာ ေျမာက္ သည္ဟု ဆလံု တို႕က ယူဆ ပါသည္။ ဆလံု တိုင္းရင္းသား တို႕သည္ ငယ္႐ြယ္ စဥ္ ကပင္ အိမ္ေထာင္ျပဳ သူမ်ား ျဖစ္သည့္ အားေလ်ာ္ စြာ အသက္ (၁၇)၊ (၁၈) ႏွစ္ခန္႕တြင္ အိမ္ေထာင္ ျပဳေလ့ ႐ိွပါ သည္။ အမ်ိဳးသား တစ္ေယာက္ သည္ အမ်ိဳးသမီး တစ္ေယာက္ ကို သေဘာ က် ႏွစ္သက္ ေသာ အခါ အမ်ိဳး သမီး မိဘ မ်ား ထံ သြား၍ ေတာင္းရမ္း ရပါ သည္။ ထိုသို႕ ေတာင္းရမ္း စဥ္ အမ်ိဳးသား ႏွင့္ အတူ မိဘ (၂) ပါး ပါရ သည္။ ဆလံု တို႕၏ အႀကီး အကဲ ပါရ သည္။ အမ်ိဳး သမီး ဘက္က လက္ခံေသာ အခါ မဂၤလာ ပြဲ ရက္ကို ေန႕ သတ္မွတ္ ၍ နတ္ ဆရာႏွင့္ တိုင္ပင္ကာ စားေသာက္ ဖြယ္ရာ မ်ား ကို စီမံ ျပင္ဆင္ ၾက ပါသည္။

သူတို႕၏ အစား အေသာက္ မ်ားကား အထူး အဆန္း မဟုတ္ပါ။ ငါးကင္ မ်ား၊ ဆီနည္းနည္း ျဖင့္ ေၾကာ္ ထားေသာ လင္းႏို႕ ေၾကာ္၊ လင္းဆြဲ ေၾကာ္၊ အူ အသည္း မ်ား ထုတ္ထား ေသာ ၾကက္ေကာင္ လံုးျပဳတ္၊ ၾကက္ေကာင္ လံုးကင္၊ တစ္ခါ တစ္ရံ ရတတ္ေသာ သင္းေခြခ်ပ္ ေၾကာ္၊ ေမ်ာက္ သား ေၾကာ္ႏွင့္ ပ်ားရည္၊ အရက္ တို႕ပင္ ျဖစ္ပါ သည္။ ေမ်ာက္ ေခ်းခါး ကိုလည္း ဆလံု တို႕ စားေလ့ စားထ ႐ိွပါ သည္။ မဂၤလာ အခမ္း အနား က်င္းပ သည့္ ေန႕ရက္ တြင္ တစ္စု တစ္ေ၀း တည္း ေနၾက သည့္ ဆလံု တို႕မွာ မည္သည့္ ကိုယ္ေရး ကိုယ္တာ အလုပ္ ကိုမွ် မလုပ္ ဘဲ မဂၤလာပြဲ အတြက္သာ အားလံုး ၀ိုင္း၀န္း လုပ္ေဆာင္ ခ်က္ျပဳတ္ ၾက ပါသည္။ နံနက္ (၉) နာရီ ခန္႕တြင္ ဆလံု နတ္ ဆရာ ေရာက္လာ ပါသည္။ သူ႕ လက္ထဲ တြင္ ပေလြ ကဲ့သို႕ေသာ တူရိယာ ေလး တစ္ခု ပါလာ ပါသည္။

ဆလံု မဂၤလာ ပြဲ ကို မ်ားေသာ အားျဖင့္ ပင္လယ္ ကမ္းစပ္ သဲေသာင္ျပင္ တြင္ က်င္းပ ေလ့ ႐ိွပါ သည္။ ဆလံု နတ္ဆရာ တစ္ေယာက္ မဂၤလာ ပြဲ သို႕ ေရာက္႐ိွ လာခ်ိန္ တြင္ နတ္ ပူေဇာ္ပြဲ အတြက္ အစား အေသာက္မ်ား ျပင္ဆင္ ၿပီး အဆင္သင့္ ျဖစ္ေန ပါၿပီ။ နတ္ ဆရာ သည္ ေ႐ွး ဦးစြာ သူ တို႕၏ ဆလံု ႐ိုးရာ နတ္ကို လက္ ႏွစ္ဖက္ ေခါင္းေပၚ ေျမႇာက္ကာ အေပၚ ေအာက္ လႈပ္႐ွား လ်က္ ပေလြ မႈတ္ကာ ပင့္ဖိတ္ ပါသည္။ ၿပီးေနာက္ လက္ထပ္ မည့္ အမ်ိဳးသား၊ အမ်ိဳး သမီး လက္ ေလးဖက္ ကို ပူးယွက္ ေစကာ သူတို႕ လက္ေပၚ သို႕ နတ္ဆရာ ၏ လက္၀ါး ႏွစ္ဖက္ ကို အုပ္မိုး လိုက္ ပါသည္။ ထို႕ေနာက္ သူတို႕ ႐ိုးရာ ျဖင့္ ဤ မဂၤလာ ေမာင္မယ္ ကို ရာသက္ ပန္ ေစာင့္ေ႐ွာက္ ေစလို ေၾကာင္း သူ တို႕၏ က်န္းမာ ေရး အတြက္ သူတို႕ အလုပ္ အကိုင္ အတြက္ အကူ အညီ မ်ား ေပးေစ လိုေၾကာင္း တိုင္တည္ ေျပာဆို ပါသည္။ သတိုး သား ႏွင့္ သတိုး သမီး ကို လည္း ရာသက္ ပန္ ႐ိုးရာ ႐ိုးေျမက် ေပါင္းေဖၚ မည့္ အေၾကာင္း ႐ိုးရာ နတ္ထံ လက္ေလး ဖက္ ေျမႇာက္ကာ တုိင္တည္ ေစ ပါ သည္။

ဆလံု တိုင္းရင္းသား တို႕သည္ တစ္လင္ တစ္မယား စနစ္ ကိုသာ က်င့္သံုး ေသာ သူမ်ား ျဖစ္ပါ သည္။ သူတို႕ ေလာက တြင္ အိမ္ေထာင္ ေရး ေဖာက္ျပန္မႈ ကို လံုး၀ လက္မခံ ေခ်။ အိမ္ေထာင္ ေရး ေဖာက္ျပန္ သူမ်ား ကို သူတို႕ အစု အေ၀းမွ ရာသက္ပန္ ႏွင္ထုတ္ ကာ သူ တို႕ ႏွင့္ လံုး၀ အဆက္ အသြယ္ မလုပ္ ေတာ့ပါ။ သူတို႕ သည္ အစု အေ၀း ႏွင့္ ေနတတ္ သည့္ အားေလ်ာ္စြာ ထို ကဲ့သို႕ အျပစ္ ဒဏ္မ်ိဳး ကို အလြန္ ပင္ ေၾကာက္႐ြံ႕ ၾက ပါသည္။ သူတို႕သည္ အိမ္ေထာင္ က်ေသာ အခါ သူတို႕ အတြက္ (မဂၤလာ ေမာင္မယ္ အတြက္) ႐ိုးရာ ေလွ တစ္စီး၊ ငါးဖမ္း ပုိက္ တစ္စံု ႏွင့္ ငါးဖမ္း ကိရိယာ အခ်ိဳ႕ကို လက္ဖြဲ႕ လိုက္ ပါသည္။ ဇနီး ေမာင္ႏွံ ႏွစ္ေယာက္ ဒိုးတူ ေပါင္ဖက္ လုပ္ကိုင္ စားေသာက္ ၾကေတာ့ ဟု ဆိုလို သည့္ သေဘာ ပင္။ သို႕ေသာ္ ဇနီး ေမာင္ႏွံ ႏွစ္ေယာက္ မွာ အေ၀း သုိ႕သြားစရာ မလို၊ သည္ အစု အေ၀း မွာပင္ ေနထိုင္ ေစပါ သည္။ ဆလံု တို႕၏ မဂၤလာ ပြဲ ကပြဲ ကား တစ္ နာရီၤ ခန္႕ ၾကာျမင့္ ပါသည္။

ဆလံု ႐ိုးရာ နတ္ပြဲမ်ား
=-=-=-=-=-=-=-=
ဆလံု ႐ိုးရာ နတ္ပြဲမ်ား တြင္ နတ္ ဆရာ သည္ နတ္ကုိ တိုင္တည္ ပူေဇာ္ၿပီး ေနာက္ နတ္ပူး လာၿပီး နတ္၀င္ လာသည္ ဟု ဆိုကာ တုန္တက္ လာပါ သည္။ ၿပီးေနာက္ အရက္ ေသာက္ပါ သည္။ ငါးကင္၊ ၾကက္ ေကာင္လံုးကင္၊ အစား အေသာက္ မ်ား စားပါ သည္။ ၿပီးေနာက္ နတ္ ဆရာ တုန္တုန္ ယင္ယင္ျဖင့္ ကပါ သည္။ ပရိသတ္ ကလည္း လိုက္က ပါသည္။ နတ္ ဆရာ နတ္၀င္ သည္မွာ နာရီ၀က္ ခန္႕သာ ၾကာ ပါသည္။ နတ္ ဆရာ ထံမွ နတ္ထြက္ သြားေသာ အခါ တုန္တုန္ ယင္ယင္ အမူအရာ မ်ား ေပ်ာက္ကြယ္ သြား ပါသည္။

တေစၦႀကီး ပြဲ
=-=-=-=-=
တေစၦႀကီး ပြဲ ဆိုသည္ မွာ အျခား မဟုတ္ပါ။ ေသဆံုး သူမ်ား ကို ေကၽြးေမြး သည့္ ပြဲပင္ ျဖစ္ပါ သည္။ ဆလံု တိုင္းရင္းသား တို႕၏ အယူ အဆ မွာ ေသဆံုး သြားသူ တို႕သည္ ေကာင္းရာ မြန္ရာ ေရာက္သူူ ႐ိွသကဲ့ သို႕ တစ္ခ်ိဳ႕ မွာ တေစၦ၊ သရဲ ျဖစ္ေန သည္ဟု ယံုၾကည္ ၾကသည္။ ထို တေစၦ၊ သရဲမ်ား၊ စားရမဲ့၊ ေသာက္ရမဲ့ ျဖစ္ေန သည္ကို မလိုလား သျဖင့္ တစ္ႏွစ္ တစ္ခါ သူတို႕ ႐ိွရာ သခၤ်ိဳင္း သို႕သြား၍ သူတို႕ကို ပင့္ဖိတ္ ကာ ေကၽြးေမြး ျခင္း ပင္ ျဖစ္သည္။ ဆလံု တို႕သည္ ေသဆံုးသူ မ်ားကို ကၽြန္းတစ္ကၽြန္း တြင္ ျမႇပ္ႏွံ သၿဂၤိဳဟ္ ေလ့ ႐ိွပါ သည္။ ထိုသခၤ်ိဳင္း တြင္ တစ္ႏွစ္ တစ္ခါ ( ႏွစ္စဥ္ ဇန္န၀ါရီ လ ) က်င္းပ ေသာ တေစၦပြဲ ႀကီး တြင္ ထံုးစံ အတိုင္း မပါမျဖစ္ သည္မွာ ႐ိုးရာ နတ္ ဆရာ ႏွင့္ နတ္ပြဲပင္ ျဖစ္ပါ သည္။ နတ္ ဆရာ က ႐ိုးရာနတ္ ကို ပင့္ဖိတ္ၿပီး လွ်င္ အစား အေသာက္ မ်ားႏွင့္ ပူေဇာ္ ပသ ေလသည္။ ေသဆံုး သူမ်ား ကိုလည္း ပင့္ဖိတ္ ေကၽြးေမြး ေလသည္။ ၿပီးေနာက္ နတ္ဆရာ က တုန္တုန္ ယင္ယင္ ႏွင့္ ေကြးေန ေအာင္ ကပါ ေတာ့သည္။ ပရိသတ္ မ်ား ကလည္း ဗံုတီး ၿပီး ကၾက ပါသည္။ သူတို႕ အကမွာ အာဖရိက လူ႐ိုင္း အက မ်ားႏွင့္ အေတာ္ ပင္ ဆင္တူ ပါသည္။ အရက္ ေသာက္ထားၿပီး ေသြးၾကြ ေနတာ လည္း ပါပါ လိမ့္မည္။ ကၽြန္း ကမ္းေျခ၊ ပင္လယ္ ေသာင္စပ္ မွပင္ ကေန ၾကသူ အမ်ား သား။ မည္သို႕ပင္ ဆိုေစ ဆလံု တိုင္းရင္းသား တို႕၏ ဤ ဓေလ့ မွာ လည္း ခ်စ္စရာ ပင္ မဟုတ္ပါ ေလာ။

ဆလံု ႐ိုးရာ ေလွကို လြန္းတင္ျခင္း
=-=-=-=-=-=-=-=-=-=-=-=-=
ဆလံု တိုင္းရင္းသား တို႕သည္ သူတို႕၏ သစ္ထြင္း ေလွႏွင့္ စက္တပ္ ေလွမ်ား ကို တစ္ႏွစ္ တစ္ခါ မွန္မွန္ လြန္းတင္ ေလ့ ႐ိွပါ သည္။ ပင္လယ္ သဲေသာင္ျပင္ ၀ယ္ လြန္းတင္ ရန္ ျပင္ဆင္ ထားသည့္ ႐ိုးရာ ေလွမွ ေပါက္ၿပဲ ေနသည္ ့ေနရာမ်ား ကို မီးတုတ္ ျဖင့္ ႐ိႈ႕ လိုက္ေသာ အခါ မေကာင္း သည့္ ပုန္းညက္ မ်ား ကြာက် လာ ပါသည္။ မီးတုတ္ မွာ အုန္းလက္ ျဖင့္ မီး႐ိႈ႕ ထားျခင္း ျဖစ္ပါသည္။ ေပါက္ၿပဲ ယိုစိမ့္ က်ေန သည့္ ပုန္းညက္ အေဟာင္း ေနရာ တြင္ ပုန္းညက္ အသစ္ ျဖင့္ ဖာေထး ပါသည္။ သူတို႕သည္ ေလွ ကို လြန္းတင္ ရာ တြင္ စုေပါင္း လုပ္ေဆာင္ ၾက သျဖင့္ မည္မွ် ပင္ ႀကီးသည့္ ေလွ ျဖစ္ေစ ကာမူ အမ်ား ဆံုး လုပ္ရ ပါလွ်င္ ငါးရက္ ခန္႕သာ ၾကာျမင့္ ပါသည္။ ရင္ကမ္း ေလွ ကို လြန္းတင္ရာ တြင္ အျခား ေလွႏွင့္ စာလွ်င္ သက္သာ ပါသည္။ လိုအပ္ ေသာ ေနရာ တြင္ ပုန္းညက္ အသစ္ ျဖင့္ ဖာေထး ျခင္း ပင္ ျဖစ္ပါ သည္။

ဆလံု တိုင္းရင္းသား တို႕မွာ ေယာက္်ားေလး ေရာ၊ မိန္းကေလး ပါ အသက္ (၁၀) ႏွစ္ခန္႕တြင္ ေရ ႏွင့္ ပါတ္သက္ ၍ အစစ အရာရာ အလြန္ ကၽြမ္းက်င္ ေနၾက ေလၿပီ။ ထိုစဥ္ က ကၽြန္ေတာ့္ မ်က္စိ ေ႐ွ႕တြင္ ပင္ (၁၀) ႏွစ္သား ခန္႕ ႐ိွေသာ ဆလံု ေယာက္်ား ေလး မွာ ခက္ရင္း စူးခြ မွိန္းတံ႐ွည္ ကုိ ကိုင္ေဆာင္ လ်က္ (၁၅) ေပခန္႕ နက္ေသာ ပင္လယ္ေရ ထဲသို႕ ေလွေပၚ မွ ပလံု ကနဲ ခံုဆင္း လိုက္သည္ မွာ (၁၀) မိနစ္ ခန္႕ပင္ မၾကာ လိုက္ပါ။ သူျပန္ တက္ လာေသာ အခါ လက္ ထဲတြင္ (၂) ေပခန္႕႐ိွေသာ ငါးမန္းျဖဴ တစ္ေကာင္ ပါလာ သည္ ကို ေတြ႕ရ သျဖင့္ ကၽြန္ေတာ္ မွာ လြန္စြာ ပင္ အံ့ၾသ သြားပါ သည္။ မနက္ပုိင္း ကလည္း ထိုနည္း တူစြာ ငါးလိပ္ ေက်ာက္ (လိပ္ပံု သ႑န္ ငါးျပားႀကီး) တစ္ေကာင္ ကို ရခဲ့ ေၾကာင္း၊ ထို သူငယ္ က လက္ဟန္ ေျခဟန္ ျဖင့္ ကၽြန္ေတာ့္ ကို ေျပာျပပါ ေသးသည္။

ဆလံုတို႕သည္ လူႀကီး လူငယ္ မေ႐ြး အအား မေနဘဲ အၿမဲ တေစ အလုပ္လုပ္ ေနေသာ လူမ်ိဳး ပင္ ျဖစ္ပါ သည္။ လြတ္လပ္မႈ ကို ျမတ္ႏိုုး ကာ တစ္ခု မဟုတ္ တစ္ခု အလုပ္ လုပ္ေန ေသာ တိုင္းရင္း သားမ်ား ပင္။ မ်ားေသာ အားျဖင့္ သူတို႕ သည္ လက္ထဲ တြင္ ခက္ရင္း စူးခြ မွိန္းတံ႐ွည္ ကို ကိုင္ေဆာင္ ကာ ကမ္းေျခ၊ ေက်ာက္ေဆာင္၊ ေက်ာက္ႀကိဳ ေက်ာက္ၾကား ေအာက္ ႐ိွ ငါးမ်ိဳးစံု တို႕ကို ထိူးယူ ဖမ္းဆီး ၾက ပါသည္။ ဟိုိုစဥ္ က ဆလံု တိုင္းရင္းသား တို႕ ငါးဖမ္း သည္ ဆိုသည္မွာ ငါးဖမ္း ပိုက္မ်ား ျဖင့္ ဖမ္းေလ့ ဖမ္းထ နည္းပါး ပါ သည္။ သို႕ေသာ္ ယခု အခါ တြင္မူ ငါးဖမ္း ပိုက္ အမ်ိဳးမ်ိဳး ျဖင့္ အေတာ္ မ်ားမ်ား ဖမ္းဆီး လာၾက ပါသည္။ သူတို႕ ဘ၀ မွာ ယခင္က ဖမ္းယူ ရ႐ိွ ငါးမ်ား ႏွင့္ ေရငုပ္ ၍ ရ႐ိွေသာ ပုလဲ၊ ပင္လယ္ေမွ်ာ့ တို႕ကို ေရာင္း ခ်ရာ တြင္ ေစ်းႏွိမ္ ျခင္း ခံရ ေသာ္လည္း ယခု အခါ ထိုက္ထိုက္ တန္တန္ ေစ်းမွန္၊ အေလးမွန္ ရ႐ိွ ခဲ့ ပါၿပီ။ ဖဲ႐ိုက္ ကာ ကက္ဆက္ နားေထာင္ ေနၾက ေသာ ဆလံုမ်ား၊ ေ႐ႊ ဆြဲႀကိဳး တ၀င္း၀င္း ႏွင့္ ဆလံု မ်ား၊ ျခင္းလံုး ခတ္ကာ အပန္းေျဖ ေနၾက ေသာ ဆလံု ကေလး ငယ္မ်ား၊ ဘာပဲ ေျပာေျပာ ဆလံု တိုင္းရင္းသား တို႕ လူေနမႈ ဘ၀ တိုးတက္ ဖြံ႕ၿဖိဳး လာခဲ့ သည္မွာ အမွန္ ပင္ ျဖစ္ပါသည္။
Unicodeဖြင့်ဖတ်ရန်

ဆလုံ လူမျိုး သည် မြိတ် ကျွန်းစု ၏ အဖိုး မဖြတ် နိုင်သော ပြယုဒ်တစ်ခု ဖြစ်ည်။ သူတို့ ၏ ဓလေ့ စရိုက်၊ ရိုးသား ဖြောင့်မတ်မှု ကိုတုနှိုင်းရန် အရာ မရှိပါ။ ထို့ကြောင့် ၎င်း လူမျိုးတို့မှာ လူသိများထင်ရှား နေခြင်း ဖြစ်သည်။ ဆလုံ လူမျိုးတို့သည် ပင်လယ် ပြင်တစ်ခွင် ဝမ်းစာ အတွက် လှည့်လည် ကျက်စား ကြသည်။ ရေကူး၊ရေငုပ်ရာ တွင် ကျွမ်းကျင် သည်။ ထို့ကြောင့် Sea Gypsy orMen of the Sea အဖြစ် အမည် တွင်ခြင်း ဖြစ်သည်။ဆလုံ တိုင်းရင်းသား တို့ကို “မော်ကင်း” Mawken “ မိုကန်း” Moken (ထိုင်း အခေါ်) ဟု လည်း ခေါ်ကြ ပါသည်။ ပင်လယ်ထဲမှာပေါ့ပေါ့ ပါးပါး သစ်၊ ဝါး၊ ရင်ကမ်း သား တို့နှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ရိုးရာ လှေ ကို အိမ်လို သဘောထား ပြီး မိသားစု ကြီးတစ်ခု လုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ် စားသောက် ကြရုံ သာမကသူတို့ ဘ၀ ၏ အဖော်မွန် ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင် သွားကြ ပါသည်။

ယနေ့ အခါ ဆလုံ လူမျိုးများ ကို မြန်မာ နိုင်ငံ တောင်ဘက် စွန်းတနင်္သာရီ တိုင်း ဒေသကြီး ရှိ မြိတ်ခရိုင် နှင့် ကော့သောင်း ခရိုင်အတွင် းရှိ ကျွန်းများ တွင် လူနည်းစု အဖြစ် သီးခြား နေထိုင်ကြသည်။ မြိတ် ခရိုင် နှင့် ကော့ သောင်း ခရိုင် အတွင်း ဆလုံတိုင်းရင်းသား များ နေထိုင် ကြသော မြို့နယ် နှင့် ကျွန်း များမှာမြိတ်မြို့နယ် ၊ ကျွန်းစု မြို့နယ် ၊ ပုလော မြို့နယ် ၊တနင်္သာရီ မြို့နယ် ၊ကော့သောင်း မြို့နယ် ၊ ဘုတ်ပြင်း မြိ့နယ် ၊ ဒုန်း ကျွန်း( Done Island ) ၊ ဇာဒက်ကြီး ကျွန်း ၊ လန်းပိ ကျွန်း ( Lumpi Island ) ၊ မကြုံ ကလက် ကျေးရွာနှင့် ညောင်ဝိကျေးရွာတို့ ဖြစ်ကြ သည်။

အသက်မွေး ဝမ်းကြောင်း
=-=-=-=-=-=-=-=-=-=
ဆလုံ လူမျိုးများ သည် စိုက်ပျိုး ရေး၊ မွေးမြူရေး တို့ဖြင့် အသက်မမွေး ရေ လုပ်ငန်း၊ ပုလဲ ငုပ်ခြင်း လုပ်ငန်း တို့ဖြင့် အသက် မွေးကသည်။ပင်လယ် ကမ်းခြေ တစ်လျှောက် လှေလှော် ခတ်ရင်း တစ်ကျွန်း မှတစ်ကျွန်း ကူးကာ နေထိုင် လေ့ ရှိသည်။ လှေလေး များကို ပေါ့ပါးသော သစ်လုံး များဖြင့် ထွင်းယူ ကြသည်။

၎င်း လှေများ မှာ ပင်လယ် ခရီး အတွက် အဆင် ပြေ အသုံးဝင်လှသည်။ အသုံး အဆောင်များ၊ အစာ ရေစာများ၊ ခွေး၊ ကြောင်၊ကြက်များ ကိုလည်း တစ်ပါ တည်း လှေနှင့် အတူ တင်ယူ လာလေ့ရှိကြ သည်။ ဆောင်း၊ နွေရာသီ များ တွင် ငါးဖမ်း ခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်း တို့ဖြင့် အသက် မွေးကြ ပြီး မိုးရာသီရာသီဥတု ဆိုးဝါး သည့် အခါ နီးစပ်ရာ ကျွန်းပေါ် တွင် ဝါးခြေတိုင် ရှည်တဲ များ ဖြင့် လည်းကောင်း၊ ဂူများရှာ ၍ လည်းကောင်းနေထိုင်လေ့ ရှိသည်။ Sea Gypsy ဟူသော အမည် နှင့် လိုက်လျောညီထွေ စွာ ပင် သဘာ၀ ပင်လယ် ဘေး အန ္တရာယ် ကိုလည်းရှောင်တိမ်း တတ်ကြ သည်။

ရာသီဥတု ဆိုးဝါးစဉ် တောင်မှ မိမိနေ ထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင် သွားနိုင် ကြသည်။ ဆလုံ လူမျိုး တို့၏ ရေငုပ်ပညာ ကျွမ်းကျင်မှု မှာ အံ့မခန်း ဖြစ်သည်။ ပင်လယ် ကြမ်းပြင် အထိရေငုပ် နိုင်ပြီး ရေအောက် တွင် အောက်ဆီဂျင် အကူအညီ မပါပဲအချိန် အတော်ကြာ အနည်း ဆုံး တစ်နာရီ ခန့် နေနိုင် သည်။တစ်ရက် တည်း ထိုကဲ့သို့ ရေငုပ်ခြင်း မျိုး အကြိမ်အ ရေ အတွက်များများ လုပ်နိုင် သည်။ ပင်လယ် ခရု၊ ကမာ (မုတ်) ကောင်များ၊ငါးကြီး အံဖတ်၊ ပင်လယ် ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ပရဆေးပင် များကို ရှာဖွေ စုဆောင်း ပြီး ရောင်းချ လေ့ ရှိသည်။

ကိုးကွယ် ယုံကြည်မှု နှင့် ဓလေ့စရိုက်
=-=-=-=-=-=-=-=-=-=-=-=-=-=
ဆလုံ လူမျိုးများ သည် အခြား လူမျိုး များနှင့် ရောရော နှောနှောနေထိုင်လေ့ မရှိ ချေ။ ၎င်း တို့၏ လူ နေထိုင်မှု စနစ်မှာ မြို့ပြနေထိုင်မှု စနစ်နှင့် ကွာခြား လွန်း လှသည်။သို့သော် လည်း သူ တို့၏ လူနေမှု စနစ်ကို ယုံကြည်စွာ တန်ဖိုး ထားထိန်းသိမ်း ကြသည်။ ဘာသာ တရားနှင့် ပတ်သက်၍လည်း၎င်းတို့၏ကိုယ်ပိုင် ယုံကြည်မှု ကို လက်ကိုင် ထားကြ သည်။နတ်ကောင်း နှင့် နတ်ဆိုး ဟူ၍ နတ် ဘုရား ကိုးကွယ်မှု နှစ်ခုရှိသည်။နတ်ဆရာ သည် ၎င်း တို့၏ အခရာ ဖြစ်သည်။ ပျော်ပွဲ ရွှင်ပွဲ များ ကိုသာမက ဖျားနာ သည့် အခါ၊ တစ်ဦး တစ်ယောက် သေဆုံး သည့်အခါတွင် နတ်ဆရာ ၏ ပြောဆိုမှု အတိုင်း စပါး၊ ပြောင်း၊ အရက်၊ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ် လိပ် တို့ကိုယဇ်ပူဇော်လေ့ ရှိသည်။

ပျော်ပွဲ ရွှင်ပွဲ များ တွင် တေး သီချင်းများ သီဆို တီးမှုတ် ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ ကခုန် ကြ သည်။ သူတို့၏ ဗုံတစ်မျိုး မှာ ပုတ်သင်ညိုသားရေ ဖြင့် ပြုလုပ် ထားသည်။ ဆလုံ လူမျိုး တို့၏ ဂီတ ပင် ကိုယ်စွမ်းရည် မှာ ထက်မြက် ဆန်းကြယ် လှသည်။

ဘာသာ စကား
=-=-=-=-=-=-=
ဆလုံ တိုင်း ရင်းသားများ ပြောဆို သော စကား မှာ ( 4 ) မျိုး ရှိပြီး လောတ ( Lawta ) ၊ လဘီ ( Lbi ) ၊ ဂျအိ ( Jait ) ၊ ဒန်း ( Dung ) ဘာသာ စကား တို့ ဖြစ်ကြပြီး ထို လေးမျိုး တွင် ဒန်း ဘာသာ စကား သည် စံ ဘာသာ စကား (သို့) မူရင်း ဘာသာ စကား ဖြစ်ကြောင်း ကို Walter Grainge Whtie ဆိုသူ က The Sea Gypsies of Malaya စာအုပ် တွင် ဖော်ပြ ထားပေ သည်။ ဆလုံ ဘာသာ စကား နဲ့ ပါတ် သက် ပြီး ပညာရှင် တွေရဲ့ အယူ အဆ က ( 2 ) မျိုးကွဲ လျက် ရှိပေ သည်။ တစ်မျိုး မှာ ဆလုံ တို့သည် မလေး လူမျိုး အဆက် အနွယ် ဖြစ်သည် ဟူသော အဆို ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ဆလုံ တိုင်းရင်းသား တို့ ပြောဆို သော စကား တွင် မလေး အခေါ် ဝေါ် များ ပါဝင်နေ သော ကြောင့် ဖြစ်ပေ သည်။ နောက် တစ်မျိုး မှာ မွန် – ခမာ အနွယ် ဖြစ်သည် ဟူသော ယူဆချက် ဖြစ်သည်။ မြန်မာ ပြည် တောင် ပိုင်း၊ အင်ဒို ချိုင်းနား ကျွန်းဆွယ် ၊ ထိုင်း နိုင်ငံ တို့ဘက် မှ မြန်မာ ပြည် အတွင်း သို့ ဝင်ရောက် လာသော မွန် – ခမာ များ ထဲတွင် ဆလုံ တိုင်းရင်းသား များ သည် မွန်များ နဲ့ အတူ ဝင်ရောက် လာသည် ဟူ၍ လည်း ကောင်း၊ မွန် – ခမာ တို့၏ အပြော အဆို အသုံး အနှုန်း တို့သည် ဆလုံ တိုင်းရင်းသား တို့ ပြောဆို သော အသုံး နှုန်း နှင့် ဆင်သော ကြောင့် မွန် – ခမာ အနွယ် မှ ဆင်းလာ သည် ဟု ယူဆ ကြခြင်း ဖြစ်ပေ သည်။

ဆလုံ ဘာသာ စကား မျိုးရိုး နှင့် သမိုင်း ကြောင်း ကို ပြန်ကြည့် လျှင် မြန်မာ ပြည် တွင် တိဗက် တရုတ် မျိုးရိုး နှင့် သြစထရပ် မျိုးရိုး ဟူ၍ ဘာသာ စကား မျိုးရိုးကြီး နှစ်ခု ရှိရာ ဆလုံ ဘာသာ စကား သည် သြစထရစ် မျိုးရိုး တွင် ပါဝင် ပေသည်။ သြစထရစ် မျိုးရိုး သည် တိဗက် တရုတ် မျိုးရိုး ထက် ရှေးကျ သော ဘာသာ စကား တစ်ခု ဖြစ်ပေ သည်။ သြစထရစ် ဘာသာ စကား ကို ပြောဆိုသော လူမျိုး များ ထံမှ တရုတ် တိဗက် ဘာသာ စကား ပြောဆို သော လူမျိုးများ က အတက် ပညာများ ကို သင်ကြား ခဲ့ရ ပေသည်။ သို့ဖြစ်၍ မွန် တို့ထံမှ ဗမာ တို့က သင်ကြား ခဲ့ရ သည်။ ခမာ တို့ ထံမှ ရှမ်း တို့က သင်ကြား ခဲ့ရ လေသည် ဟု ဦးဖေမောင်တင် ရေးသား သော ဘာသာ လောက ကျမ်း တွင် တွေ့ရှိ ရပါ သည်။

သြစထရစ် ဘာသာ စကား မျိုးရိုး ကြီး တွင် သြစထရို နီရှန်း ခေါ် ပင်လယ်ပိုင်း တွင် ပြောသော စကား နဲ့ သြစထရို အေရှ တစ် ဟု ခေါ်သော ကုန်းပိုင်း တွင် ပြောသော စကား ဟူ၍ နှစ်မျိုး ရှိပေရာ ဆလုံ တိုင်းရင်း သား ဘာသာ စကား သည် သြစထရို နီရှန်း အုပ်စု တွင် ပါဝင် ပေ သည်။ သြစထရို နီရှန်း ဘာသာ စကား ကို ပြောဆို သော လူမျိုး မှာ တောင်ဘက်စွန်း ရှိ ကျွန်းများ တွင် နေထိုင် သော မော်ကင်း ခေါ် ဆလုံ တိုင်းရင်း သားများ နှင့် ပသျှူး တိုင်းရင်း သား တို့ ဖြစ်ကြ သည်။

စာပေ
=-=-=
စာပေ အနေဖြင့် လေ့လာ ကြည့်လျှင် ဆလုံ တိုင်းရင်းများ တွင် ကိုယ်ပိုင် စာပေ မရှိ ချေ။ 1846 ခုနှစ် တွင် ဒေါက်တာ ဘရေတန် က လည်းကောင်း ၊ 1900 ပြည့် နှစ် တွင် ခရစ်ယာန် သာသနာပြု ဆရာမ ကြီး ဒေါက်တာ ဒေစီ အဖွဲ့ က လည်းကောင်း ၊ 1988 ခုနှစ် တွင် ခရစ်ယာန် သာသနာ ပြု ဆရာမ ကြီး နော်ဆေးဘေ နှင့် နော်ဖိုးလေ တို့က လည်းကောင်း အင်္ဂလိပ် အက္ခရာ ၊ ပိုး ကရင် အက္ခရာ တို့ဖြင့် ဆလုံ စာပေ ကို တီထွင် ပေးခဲ့ ကြသည်။ ( 19 ) ရာစု နှစ်ဦး ပိုင်း တွင်လည်း အမေရိကန် နှစ်ချင်း ခရစ်ယာန် သာသနာ ပြု မစ္စတာ စတီဗင် ( Mr. Stevens ) ဆိုသူ က ရောမ အက္ခရာ များ ကို အသုံးပြု ကာ စာပေ တီထွင် ပေးခဲ့ပြီး ခေါင်းစဉ် မှာ A Primer of the Salone Language ဖြစ်ပေ သည်။ ၎င်း စာအုပ် မှာ ဖတ် စာအုပ် ငယ် ဖြစ်ပြီး အတော် အတန် ပင် ပြည့်စုံမှု ရှိ ကြောင်း၊ ယခု အခါ ရှာဖွေ၍ မရတော့ ကြောင်း သိရ ပေသည်။

ဆလုံ တိုင်းရင်းသား တို့သည် စာပေ သင်ကြား ခြင်း ထက် ပင်လယ် လုပ်ငန်းခွင် သို့သာ ဝင်ရောက် လုပ် ကိုင် လိုစိတ် ပြင်းပြ သောကြောင့် ယခု အချိန် အထိ စာပေ ဟူ၍ တိကျ ခိုင်မာစွာ ပေါ်ထွက် လာခြင်း မရှိသေး ချေ။ ဆလုံ တိုင်းရင်းသား တို့ ပြောသော ဘာသာ စကား လေးမျိုး အနက် မလေး နှင့် အဆက် သွယ် ရှိသော လူမျိုး များ က လောတ ၊ လန်းပိကျွန်း နှင့် ဘုတ်ပြင်း မြို့နယ် တွင် နေထိုင်ကြသော ဆလုံ တိုင်းရင်း သား များ က ဂျအိ စကား ကို ပြောဆို ကြပေ သည်။ မြိတ် ခရိုင် အတွင်း မှာ နေထိုင် ကြတဲ့ ဆလုံ တိုင်းရင်းသား တွေ က ဒန်း ဘာသာ စကား ကို ပြောဆို ကြပြီး ကော့သောင်း ခရိုင် ကျွန်းစုများ အတွင်း မှာ နေထိုင် ကြသူများ ကတော့ လဘီ ဘာသာ စကား ကို ပြောဆို နေထိုင် လျက်ရှိ ကြ ပေသည်။

ဆလုံ တိုင်းရင်းသား တို့၏ မွေးဖွားခြင်း အစ
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
(၁၉၆၄) ခုနှစ် က မှတ်သား တွေ့ရှိချက် များ အရ ဆလုံ တိုင်းရင်းသား တို့သည် စတင် မွေးဖွား သည့် ကလေးငယ် များ ကို ချက်ကြိုး ဖြတ်ပြီး သည် နှင့် ရေ ထဲသို့ နှစ်စက္ကန့် ခန့် ရေထဲ မြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ် ခန့် ပြုလုပ် ပါသည်။ သူတို့ အယူ အဆ မှာ မွေးစ ကလေး ငယ် ရေ ကိုု ကျွမ်းကျင် စေရန်၊ မကြောက် စေရန် ဖြစ်သည် ဟု ဆို၏။ ထိုသို့ လွဲမှားသော အယူအဆ ကြောင့် တစ်ချို့ ကလေး ငယ်များ မှာ မွေးစ ကပင် သေဆုံး သွားကြ ပါသည်။ ဤကား ယခင် က အဖြစ် အပျက်။ ယခု အချိန် တွင်မူ ဆလုံ တိုင်းရင်းသား တို့ ခေတ်မီ လာသည် ဟု ဆိုရ ပါမည်။ မွေးစ ကလေးငယ် ကို ရေထဲ တွင် မနှစ်ကြ တော့။ ကိုယ်ဝန်ဆောင် ကို မွေးဖွား ပေးသည့် လက်သည် မှာ သူတို့ ဆလုံ အမျိုး သမီး အချင်းချင်း ပင် ဖြစ်ပါ သည်။ သို့သော် လည်း ယခု အခါ ခက်ခဲ သည့် မွေးဖွား မှုများ ကို သူနာပြု ဆရာမ နှင့် မွေးလေ့ မွေးထ ရှိလာ ကြ ပါပြီ။

ဆလုံ တို့၏ ကျန်းမာရေး
=-=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်သား တို့သည် အစစ အရာရာ တွင် နတ် ဆရာ ကိုသာ အားကိုး ကြသည်။ တစ်စုံ တစ်ယောက် နေမကောင်း လျှင် သူတို့၏ အယူ အဆ မှာ နတ်ဖမ်းစား သည် ဟု အများအား ဖြင့် ယူဆ ကြသည်။ နတ် ဆရာ နှင့် တိုင်ပင် ၍ ပူဇော် ပသ၊ ကိုးကွယ် တင်မြှောက် ခြင်းများ ပြုလုပ် လေ့ရှိ ကြပါ သည်။ သို့သော် လည်း ယခု ချိန်ခါ တွင် အချို့ တိုင်းရင်းသား ဆလုံ တို့မှာ ခေတ်မီ လာသည် ဟု ဆိုရ ပါမည်။ နေထိုင် မကောင်း ဖြစ်သော သူများ ကို ဆရာဝန် နှင့် ဆေးခန်း သို့ ပြသ ကုသ လာကြ ပါသည်။ တစ်ဖက် ကလည်း သူတို့ အစွဲ ဖြစ်နေ သည့် နတ် ဆရာ နှင့် ပူဇော် ပသခြင်း ကိုလည်း လုပ်မြဲ လုပ်ကြ ပါသည်။ ဆလုံ အများစု တွင် ဖြစ်ပွား တတ်သည့် ရောဂါ မှာ ငှက်ဖျား စွဲခြင်း နှင့် အာဟာရ ချို့တဲ့ ခြင်း များ ပင် ဖြစ်ပါသည်။

ဝတ်စား ဆင်ယင်ခြင်း
=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့သည် မွေးကင်းစ ကလေး အရွယ်မှ ငါးနှစ် ခြောက်နှစ် အရွယ်အထိ ယခင်က အဝတ် အစား ဝတ်လေ့ ဝတ်ထ မရှိ သော်လည်း ယခု အခါ အဝတ် အစား ဆင်ယင် လာကြ ပါသည်။ အမျိုး သမီးများ မှာ သူတို့ ဓလေ့ အရ အပေါ် ပိုင်း၊ အောက်ပိုင်း လုံလုံ ခြုံခြုံ ဝတ်ဆင် သည် ဆိုသော် လည်း ၊ အချို့မှာ အိမ်ထောင် ကျသည် နှင့် အပေါ်ပိုင်း ဗလာ ကျင်း နေတတ် ကြပါ သည်။ သို့သော် လည်း ယခု အခါ တွင်မူ အိုမင်း သော အဘွား အရွယ်များ မှ လွဲ၍ အမျိုး သမီး အများစု မှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံ ခြုံခြုံ ဝတ်ဆင် လာကြ ပေပြီ။ ဆလုံ အမျိုးသား တို့မှာ များသော အားဖြင့် ယခင်က အောက်ပိုင်း တွင် လုံချည် (သို့မဟုတ်) ဘောင်းဘီ တို နှင့် နေပြီး အပေါ် ပိုင်း ဗလာ ကျင်း နေတတ် သည့် သဘာ၀ ရှိပါ သည်။ သူတို့ ဓလေ့ အရ တော်ရုံ တန်ရုံ လည်း ဖျားနာ ခြင်း မရှိကြ ပါ။ ခံနိုင်ရည် ရှိသော လူမျိုး ပင် ဖြစ်ပါ သည်။ သို့သော် လည်း ယခု အခါ သူတို့ လည်း အပေါ်ပိုင်း အင်္ကျီ များ၊ များသော အားဖြင့် ဝတ်ဆင် လာကြ ပေပြီ။ ဆလုံ တိုင်းရင်းသား တို့သည် ပင်လယ် နှင့် အနီး အနား တွင် နေ၍ လား မသိ၊ သူတို့၏ အ သား အရောင်မှာ ညိုရောင် သန်း ပါသည်။ ယခု အခါ ဆလုံ တိုင်းရင်း သား တို့မှာ ခေတ်မီ လာသည့် အလျောက် ယိုးဒယား နိုင်ငံမှ ရောက်လာ သော အဝတ် အစား၊ ပါတိတ်။ တီရှပ် တို့ဖြင့် သစ်သစ် လွင်လွင် တောက်တောက် ပပ ဖြစ်လာ လေပြီ။ ယခင် က ဖြစ်သလို နေခဲ့ သော်လည်း ယခု အခါ သားသား နားနား ဝတ်ဆင် လာကြ ပေပြီ။

အစား အသောက်
=-=-=-=-=-=-=
ဆလုံ တို့သည် ပင်လယ် ထဲတွင် အတည် တကျ မနေ ဘဲ ရေကြည် ရာ မြက်နုရာ သို့ သွားလာ လုပ်ကိုင် နေထိုင် ကြသည့် အလျောက် ပင်လယ် ပျော်များ ဖြစ်သည့် အားလျော် စွာ သူတို့စားသောက် ကြသည် မှာ များသော အားဖြင့် ပင်လယ် အစား အစာ များ ဖြစ်ပါ သည်။ ပင်လယ် ကျွန်းစု၊ ကျောက်ဆောင် များ တွင် တွယ်ကပ် လျက် ရှိသော ဂုံး (ခရု တစ်မျိုး အထဲ တွင် ရှိသည်) ဟု ခေါ်သည့် တငို ကို ခွာ ၍ အထဲ မှ ခရု သဖွယ် အရာ ကို ချက်ပြုတ် စားသောက် ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင် ရှိသော လင်းနို့၊ လင်းဆွဲ များကို တုတ်ရှည် ဖြင့် ရိုက်ချ ကာ ခုတ်ထစ် ဖြတ်တောက် ၍ လည်း ချက်ပြုတ် သုံးဆောင် ကြ ပါသည်။

သူတို့ သည် စားသုံး ဆီ သုံးစွဲမှု နည်း သူများ ဖြစ်သည့် အလျှောက် တစ်လ လုံး တွင် မိသားစု (၆) ယောက် အတွက် ဆီ (၂၀) ကျပ်သား ခန့်သာ ကုန် ပါသည်။ ထို့ကြောင့် ဆလုံ အများစု တွင် သွေးတိုး ရောဂါ မရှိကြ ပါ။ ဆလုံ တိုင်းရင်း သား တို့သည် ပျားအုံ ဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင် သူများ ပင် ဖြစ်သည်။ သစ်ပင် အမြင့် ပေါ် တွင် စွဲကပ် နေသော ပျားအုံ ကို အုန်းလက် မီးတုတ် ဖြင့် ရိုက်ချကာ ပျားအုံ မှ ပျားရည် ကို ခံယူ ကြပါ သည်။ ပျားသလက် နှင့် ပျားပေါက်စ တို့ကို လည်း ချက်ချင်း ပင် လတ်လတ် ဆတ်ဆတ် စားသုံး ကြ ပါသည်။ ဆလုံ တို့၏ သဘာ၀ မှာ စားသောက် ရာ တွင်လည်း သူတို့ ရိုးရာ လှေပေါ် တွင် မိသားစု အားလုံး သိုက်သိုက် ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက် ကြ ပါသည်။

ဆလုံ တိုင်းရင်းသား တို့ စားသုံး သည့် အရွက် များ ဖြစ်သော ဆလုံ မုန်လာ၊ ဆလုံ မုန်ညင်း၊ ဆလုံ ကန်စွန်း တို့မှာ အရွက် အသား ထူသည်မှ လွဲ ၍ မြေပြန့် က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်း တို့နှင့် အတော် ဆင်တူ ပါသည်။ ထို အရွက် တို့မှာလည်း ဆလုံ ဒေသ တောတောင် ထဲတွင် အလေ့ ကျ ပေါက်နေ ကြခြင်း ပင်။ ကျွန်တော် တွေ့ဖူး သည့် ဆလုံ ကွမ်း( ကွမ်းယာ အတွက် လိုအပ် သော ကွမ်း) မှာလည်း အရွက် အသား ပိုထူ ကာ အလေ့ ကျ ပေါက်နေ ခြင်း ပင် ဖြစ်ပါသည်။ ဆလုံ တစ်ချို့ လည်း ကွမ်းစား တတ်ကြ သည် ကို ကျွန်တော် တွေ့ဖူး ပါသည်။

အလုပ် အကိုင်
=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့ အလုပ် လုပ်ကိုင်ရာ တွင် အားလုံး စုပေါင်း ဝိုင်းဝန်း ၍ လုပ်ဆောင် လေ့ ရှိကြ သည်။ တောထဲ တွင် ရှိသော သစ်ပင် ကြီး များ ကို သူတို့၏ စုပေါင်း စွမ်းအား ဖြင့် ခုတ်လှဲ ပါသည်။ လှေထွင်း ပါ သည်။ ထို ကြီးမားသော သစ်ထွင်း လှေ ကို ပင်လယ် ကမ်းခြေ ဆီသို့ သယ်ဆောင် ထုတ်ယူ သည်မှာ လည်း အလွန် စနစ် ကျကာ အားကျ ဖွယ်ရာ ကောင်း ပါသည်။ ပင်လယ် ကမ်းစပ် နေရာ များ တွင် ပေါက်ရောက် လေ့ ရှိသော ရင်ကမ်း ပင်မှ ရင်ကမ်း အလက် များကို တစ်စု နှင့် တစ်စု စီစီ ညီညီ ထပ်ကာ ပြုလုပ် ထားသော ရင်ကမ်း လှေမှာ အလွန်ပင် လက်ရာ မြောက်လှ ပါသည်။ ထိုရင် ကမ်းလှေ တွင် သံချက် ဆို၍ တစ်ချက်မျှ မပါ၊ ကြိမ်ဖြင့် သာ ရစ်ပတ် ခြင်း ၊ ကွပ်ခြင်း ပြုလုပ် ထားသည် မှာ ခိုင်ခန့် လှ ပါသည်။ စိစပ် လှ ပါသည်။ ရေတစ်စက် မျှ လှေဝန်း ထဲသို့ မဝင် ပါ။ သူတို့ ၏ ကျွမ်းကျင်မှု ကြောင့် လှိုင်း လေလာ လည်း ကြောက် လန့် မှု မရှိ ကြပါ။ သို့သော် လည်း လှိုင်းလေ များ အလွန် ပြင်းထန်စွာ တိုက်ခတ် လာသော အခါ သူတို့ သည် ကမ်းခြေ များ၊ လေကွယ်ရာ ကျွန်းစု များ တွင် စုပေါင်း ၍ နေထိုင်လေ့ ရှိကြ ပါ သည်။

ဆလုံ တိုင်းရင်းသား တို့၏ အလုပ် အကိုင် ကို ဖော်ပြ ရလျှင် ငါးဖမ်း ခြင်း၊ ပုလဲ ငုပ်ခြင်း၊ ပင်လယ် မျှော့ ငုပ်ခြင်း၊ ကနု ကမာ၊ ငှက်သိုက် ရှာဖွေခြင်း၊ ပျားဖွတ် ခြင်း၊ ရှာခြင်း၊ ရေ နှင့် ပါတ်သက်သော လုပ်ငန်း အ၀၀ ကို ကျွမ်းကျင် စွာ လုပ်ကိုင် နိုင်သော တိုင်းရင်းသား များ ပင် ဖြစ်ပါ သည်။ ကျောက်ကြို ကျောက်ကြား ထဲသို့ နှစ်ခွစူး၊ မှိန်းတံ ရှည်နှင့် ငါးထိုး နေသော ကလေး ငယ်များ ကိုလည်း ကျွန်တော် မြင်ဖူး ပါသည်။ ယခု အခါ ခေတ်မီ လာသော ဆလုံ တို့မှာ ရေငုပ် မျက်မှန် အကောင်း စား နှင့် အောက်စီဂျင် အသက်ရှူ ဘူး တို့ဖြင့် ရေငုပ် ကာ ပုလဲ ရှာနေ ကြပြီ၊ ပင်လယ် မျှော့ ရှာနေ ကြပြီ ဖြစ်ပါ သည်။

ထိမ်းမြား လက်ထပ်ခြင်း
=-=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွား လျှင် မွေးဖွား လာလျှင် မွေးဖွားစ ကလေး အတွက် နတ်ဆရာ နှင့် နတ် ကိုးကွယ် ကြသည်။ သေဆုံး သွား လျှင် လည်း သေဆုံး သူ ကောင်းရာ မွန်ရာ ရောက်အောင် နတ် ဆရာနှင့် ပူဇော် ပသ လေ့ ရှိသည်။ ထိုနည်း တူစွာ သတိုးသား နှင့် သတိုး သမီး ထိမ်းမြား လက်ထပ်ပွဲ တွင်လည်း နတ် ဆရာနှင့် ရိုးရာ နတ်ကို ပူဇော် ပသမှု ပြုမှသာ လျှင် လင်မယား အရာ မြောက် သည်ဟု ဆလုံ တို့က ယူဆ ပါသည်။ ဆလုံ တိုင်းရင်းသား တို့သည် ငယ်ရွယ် စဉ် ကပင် အိမ်ထောင်ပြု သူများ ဖြစ်သည့် အားလျော် စွာ အသက် (၁၇)၊ (၁၈) နှစ်ခန့်တွင် အိမ်ထောင် ပြုလေ့ ရှိပါ သည်။ အမျိုးသား တစ်ယောက် သည် အမျိုးသမီး တစ်ယောက် ကို သဘော ကျ နှစ်သက် သော အခါ အမျိုး သမီး မိဘ များ ထံ သွား၍ တောင်းရမ်း ရပါ သည်။ ထိုသို့ တောင်းရမ်း စဉ် အမျိုးသား နှင့် အတူ မိဘ (၂) ပါး ပါရ သည်။ ဆလုံ တို့၏ အကြီး အကဲ ပါရ သည်။ အမျိုး သမီး ဘက်က လက်ခံသော အခါ မင်္ဂလာ ပွဲ ရက်ကို နေ့ သတ်မှတ် ၍ နတ် ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာ များ ကို စီမံ ပြင်ဆင် ကြ ပါသည်။

သူတို့၏ အစား အသောက် များကား အထူး အဆန်း မဟုတ်ပါ။ ငါးကင် များ၊ ဆီနည်းနည်း ဖြင့် ကြော် ထားသော လင်းနို့ ကြော်၊ လင်းဆွဲ ကြော်၊ အူ အသည်း များ ထုတ်ထား သော ကြက်ကောင် လုံးပြုတ်၊ ကြက်ကောင် လုံးကင်၊ တစ်ခါ တစ်ရံ ရတတ်သော သင်းခွေချပ် ကြော်၊ မျောက် သား ကြော်နှင့် ပျားရည်၊ အရက် တို့ပင် ဖြစ်ပါ သည်။ မျောက် ချေးခါး ကိုလည်း ဆလုံ တို့ စားလေ့ စားထ ရှိပါ သည်။ မင်္ဂလာ အခမ်း အနား ကျင်းပ သည့် နေ့ရက် တွင် တစ်စု တစ်ဝေး တည်း နေကြ သည့် ဆလုံ တို့မှာ မည်သည့် ကိုယ်ရေး ကိုယ်တာ အလုပ် ကိုမျှ မလုပ် ဘဲ မင်္ဂလာပွဲ အတွက်သာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ် ကြ ပါသည်။ နံနက် (၉) နာရီ ခန့်တွင် ဆလုံ နတ် ဆရာ ရောက်လာ ပါသည်။ သူ့ လက်ထဲ တွင် ပလွေ ကဲ့သို့သော တူရိယာ လေး တစ်ခု ပါလာ ပါသည်။

ဆလုံ မင်္ဂလာ ပွဲ ကို များသော အားဖြင့် ပင်လယ် ကမ်းစပ် သဲသောင်ပြင် တွင် ကျင်းပ လေ့ ရှိပါ သည်။ ဆလုံ နတ်ဆရာ တစ်ယောက် မင်္ဂလာ ပွဲ သို့ ရောက်ရှိ လာချိန် တွင် နတ် ပူဇော်ပွဲ အတွက် အစား အသောက်များ ပြင်ဆင် ပြီး အဆင်သင့် ဖြစ်နေ ပါပြီ။ နတ် ဆရာ သည် ရှေး ဦးစွာ သူ တို့၏ ဆလုံ ရိုးရာ နတ်ကို လက် နှစ်ဖက် ခေါင်းပေါ် မြှောက်ကာ အပေါ် အောက် လှုပ်ရှား လျက် ပလွေ မှုတ်ကာ ပင့်ဖိတ် ပါသည်။ ပြီးနောက် လက်ထပ် မည့် အမျိုးသား၊ အမျိုး သမီး လက် လေးဖက် ကို ပူးယှက် စေကာ သူတို့ လက်ပေါ် သို့ နတ်ဆရာ ၏ လက်ဝါး နှစ်ဖက် ကို အုပ်မိုး လိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာ ဖြင့် ဤ မင်္ဂလာ မောင်မယ် ကို ရာသက် ပန် စောင့်ရှောက် စေလို ကြောင်း သူ တို့၏ ကျန်းမာ ရေး အတွက် သူတို့ အလုပ် အကိုင် အတွက် အကူ အညီ များ ပေးစေ လိုကြောင်း တိုင်တည် ပြောဆို ပါသည်။ သတိုး သား နှင့် သတိုး သမီး ကို လည်း ရာသက် ပန် ရိုးရာ ရိုးမြေကျ ပေါင်းဖေါ် မည့် အကြောင်း ရိုးရာ နတ်ထံ လက်လေး ဖက် မြှောက်ကာ တိုင်တည် စေ ပါ သည်။

ဆလုံ တိုင်းရင်းသား တို့သည် တစ်လင် တစ်မယား စနစ် ကိုသာ ကျင့်သုံး သော သူများ ဖြစ်ပါ သည်။ သူတို့ လောက တွင် အိမ်ထောင် ရေး ဖောက်ပြန်မှု ကို လုံး၀ လက်မခံ ချေ။ အိမ်ထောင် ရေး ဖောက်ပြန် သူများ ကို သူတို့ အစု အဝေးမှ ရာသက်ပန် နှင်ထုတ် ကာ သူ တို့ နှင့် လုံး၀ အဆက် အသွယ် မလုပ် တော့ပါ။ သူတို့ သည် အစု အဝေး နှင့် နေတတ် သည့် အားလျော်စွာ ထို ကဲ့သို့ အပြစ် ဒဏ်မျိုး ကို အလွန် ပင် ကြောက်ရွံ့ ကြ ပါသည်။ သူတို့သည် အိမ်ထောင် ကျသော အခါ သူတို့ အတွက် (မင်္ဂလာ မောင်မယ် အတွက်) ရိုးရာ လှေ တစ်စီး၊ ငါးဖမ်း ပိုက် တစ်စုံ နှင့် ငါးဖမ်း ကိရိယာ အချို့ကို လက်ဖွဲ့ လိုက် ပါသည်။ ဇနီး မောင်နှံ နှစ်ယောက် ဒိုးတူ ပေါင်ဖက် လုပ်ကိုင် စားသောက် ကြတော့ ဟု ဆိုလို သည့် သဘော ပင်။ သို့သော် ဇနီး မောင်နှံ နှစ်ယောက် မှာ အဝေး သို့သွားစရာ မလို၊ သည် အစု အဝေး မှာပင် နေထိုင် စေပါ သည်။ ဆလုံ တို့၏ မင်္ဂလာ ပွဲ ကပွဲ ကား တစ် နာရီၤ ခန့် ကြာမြင့် ပါသည်။

ဆလုံ ရိုးရာ နတ်ပွဲများ
=-=-=-=-=-=-=-=
ဆလုံ ရိုးရာ နတ်ပွဲများ တွင် နတ် ဆရာ သည် နတ်ကို တိုင်တည် ပူဇော်ပြီး နောက် နတ်ပူး လာပြီး နတ်ဝင် လာသည် ဟု ဆိုကာ တုန်တက် လာပါ သည်။ ပြီးနောက် အရက် သောက်ပါ သည်။ ငါးကင်၊ ကြက် ကောင်လုံးကင်၊ အစား အသောက် များ စားပါ သည်။ ပြီးနောက် နတ် ဆရာ တုန်တုန် ယင်ယင်ဖြင့် ကပါ သည်။ ပရိသတ် ကလည်း လိုက်က ပါသည်။ နတ် ဆရာ နတ်ဝင် သည်မှာ နာရီဝက် ခန့်သာ ကြာ ပါသည်။ နတ် ဆရာ ထံမှ နတ်ထွက် သွားသော အခါ တုန်တုန် ယင်ယင် အမူအရာ များ ပျောက်ကွယ် သွား ပါသည်။

တစ္ဆေကြီး ပွဲ
=-=-=-=-=
တစ္ဆေကြီး ပွဲ ဆိုသည် မှာ အခြား မဟုတ်ပါ။ သေဆုံး သူများ ကို ကျွေးမွေး သည့် ပွဲပင် ဖြစ်ပါ သည်။ ဆလုံ တိုင်းရင်းသား တို့၏ အယူ အဆ မှာ သေဆုံး သွားသူ တို့သည် ကောင်းရာ မွန်ရာ ရောက်သူူ ရှိသကဲ့ သို့ တစ်ချို့ မှာ တစ္ဆေ၊ သရဲ ဖြစ်နေ သည်ဟု ယုံကြည် ကြသည်။ ထို တစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေ သည်ကို မလိုလား သဖြင့် တစ်နှစ် တစ်ခါ သူတို့ ရှိရာ သင်္ချိုင်း သို့သွား၍ သူတို့ကို ပင့်ဖိတ် ကာ ကျွေးမွေး ခြင်း ပင် ဖြစ်သည်။ ဆလုံ တို့သည် သေဆုံးသူ များကို ကျွန်းတစ်ကျွန်း တွင် မြှပ်နှံ သင်္ဂြိုဟ် လေ့ ရှိပါ သည်။ ထိုသင်္ချိုင်း တွင် တစ်နှစ် တစ်ခါ ( နှစ်စဉ် ဇန်နဝါရီ လ ) ကျင်းပ သော တစ္ဆေပွဲ ကြီး တွင် ထုံးစံ အတိုင်း မပါမဖြစ် သည်မှာ ရိုးရာ နတ် ဆရာ နှင့် နတ်ပွဲပင် ဖြစ်ပါ သည်။ နတ် ဆရာ က ရိုးရာနတ် ကို ပင့်ဖိတ်ပြီး လျှင် အစား အသောက် များနှင့် ပူဇော် ပသ လေသည်။ သေဆုံး သူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေး လေသည်။ ပြီးနောက် နတ်ဆရာ က တုန်တုန် ယင်ယင် နှင့် ကွေးနေ အောင် ကပါ တော့သည်။ ပရိသတ် များ ကလည်း ဗုံတီး ပြီး ကကြ ပါသည်။ သူတို့ အကမှာ အာဖရိက လူရိုင်း အက များနှင့် အတော် ပင် ဆင်တူ ပါသည်။ အရက် သောက်ထားပြီး သွေးကြွ နေတာ လည်း ပါပါ လိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ် သောင်စပ် မှပင် ကနေ ကြသူ အများ သား။ မည်သို့ပင် ဆိုစေ ဆလုံ တိုင်းရင်းသား တို့၏ ဤ ဓလေ့ မှာ လည်း ချစ်စရာ ပင် မဟုတ်ပါ လော။

ဆလုံ ရိုးရာ လှေကို လွန်းတင်ခြင်း
=-=-=-=-=-=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့သည် သူတို့၏ သစ်ထွင်း လှေနှင့် စက်တပ် လှေများ ကို တစ်နှစ် တစ်ခါ မှန်မှန် လွန်းတင် လေ့ ရှိပါ သည်။ ပင်လယ် သဲသောင်ပြင် ဝယ် လွန်းတင် ရန် ပြင်ဆင် ထားသည့် ရိုးရာ လှေမှ ပေါက်ပြဲ နေသည့်နေရာများ ကို မီးတုတ် ဖြင့် ရှို့ လိုက်သော အခါ မကောင်း သည့် ပုန်းညက် များ ကွာကျ လာ ပါသည်။ မီးတုတ် မှာ အုန်းလက် ဖြင့် မီးရှို့ ထားခြင်း ဖြစ်ပါသည်။ ပေါက်ပြဲ ယိုစိမ့် ကျနေ သည့် ပုန်းညက် အဟောင်း နေရာ တွင် ပုန်းညက် အသစ် ဖြင့် ဖာထေး ပါသည်။ သူတို့သည် လှေ ကို လွန်းတင် ရာ တွင် စုပေါင်း လုပ်ဆောင် ကြ သဖြင့် မည်မျှ ပင် ကြီးသည့် လှေ ဖြစ်စေ ကာမူ အများ ဆုံး လုပ်ရ ပါလျှင် ငါးရက် ခန့်သာ ကြာမြင့် ပါသည်။ ရင်ကမ်း လှေ ကို လွန်းတင်ရာ တွင် အခြား လှေနှင့် စာလျှင် သက်သာ ပါသည်။ လိုအပ် သော နေရာ တွင် ပုန်းညက် အသစ် ဖြင့် ဖာထေး ခြင်း ပင် ဖြစ်ပါ သည်။

ဆလုံ တိုင်းရင်းသား တို့မှာ ယောက်ျားလေး ရော၊ မိန်းကလေး ပါ အသက် (၁၀) နှစ်ခန့်တွင် ရေ နှင့် ပါတ်သက် ၍ အစစ အရာရာ အလွန် ကျွမ်းကျင် နေကြ လေပြီ။ ထိုစဉ် က ကျွန်တော့် မျက်စိ ရှေ့တွင် ပင် (၁၀) နှစ်သား ခန့် ရှိသော ဆလုံ ယောက်ျား လေး မှာ ခက်ရင်း စူးခွ မှိန်းတံရှည် ကို ကိုင်ဆောင် လျက် (၁၅) ပေခန့် နက်သော ပင်လယ်ရေ ထဲသို့ လှေပေါ် မှ ပလုံ ကနဲ ခုံဆင်း လိုက်သည် မှာ (၁၀) မိနစ် ခန့်ပင် မကြာ လိုက်ပါ။ သူပြန် တက် လာသော အခါ လက် ထဲတွင် (၂) ပေခန့်ရှိသော ငါးမန်းဖြူ တစ်ကောင် ပါလာ သည် ကို တွေ့ရ သဖြင့် ကျွန်တော် မှာ လွန်စွာ ပင် အံ့သြ သွားပါ သည်။ မနက်ပိုင်း ကလည်း ထိုနည်း တူစွာ ငါးလိပ် ကျောက် (လိပ်ပုံ သဏ္ဍန် ငါးပြားကြီး) တစ်ကောင် ကို ရခဲ့ ကြောင်း၊ ထို သူငယ် က လက်ဟန် ခြေဟန် ဖြင့် ကျွန်တော့် ကို ပြောပြပါ သေးသည်။

ဆလုံတို့သည် လူကြီး လူငယ် မရွေး အအား မနေဘဲ အမြဲ တစေ အလုပ်လုပ် နေသော လူမျိုး ပင် ဖြစ်ပါ သည်။ လွတ်လပ်မှု ကို မြတ်နိုုး ကာ တစ်ခု မဟုတ် တစ်ခု အလုပ် လုပ်နေ သော တိုင်းရင်း သားများ ပင်။ များသော အားဖြင့် သူတို့ သည် လက်ထဲ တွင် ခက်ရင်း စူးခွ မှိန်းတံရှည် ကို ကိုင်ဆောင် ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြား အောက် ရှိ ငါးမျိုးစုံ တို့ကို ထိူးယူ ဖမ်းဆီး ကြ ပါသည်။ ဟိုစဉ် က ဆလုံ တိုင်းရင်းသား တို့ ငါးဖမ်း သည် ဆိုသည်မှာ ငါးဖမ်း ပိုက်များ ဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါ သည်။ သို့သော် ယခု အခါ တွင်မူ ငါးဖမ်း ပိုက် အမျိုးမျိုး ဖြင့် အတော် များများ ဖမ်းဆီး လာကြ ပါသည်။ သူတို့ ဘ၀ မှာ ယခင်က ဖမ်းယူ ရရှိ ငါးများ နှင့် ရေငုပ် ၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်း ချရာ တွင် ဈေးနှိမ် ခြင်း ခံရ သော်လည်း ယခု အခါ ထိုက်ထိုက် တန်တန် ဈေးမှန်၊ အလေးမှန် ရရှိ ခဲ့ ပါပြီ။ ဖဲရိုက် ကာ ကက်ဆက် နားထောင် နေကြ သော ဆလုံများ၊ ရွှေ ဆွဲကြိုး တဝင်းဝင်း နှင့် ဆလုံ များ၊ ခြင်းလုံး ခတ်ကာ အပန်းဖြေ နေကြ သော ဆလုံ ကလေး ငယ်များ၊ ဘာပဲ ပြောပြော ဆလုံ တိုင်းရင်းသား တို့ လူနေမှု ဘ၀ တိုးတက် ဖွံ့ဖြိုး လာခဲ့ သည်မှာ အမှန် ပင် ဖြစ်ပါသည်။
Credit: hlataw

LEAVE A REPLY