Zawgyi ျဖင့္ဖတ္၇န္
အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ မိုင္ယာမီျမိဳ႕၌ ၾကာသာပေတးေန႔တြင္ လူကူးတံတားတစ္စင္းျပိဳက်ေသာ ေၾကာင့္ လူ ၄ ဦးထက္မနည္းေသဆံုးခဲ့ျပီး လူအမ်ားအျပားဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက အတည္ျပဳ ေျပာဆိုခဲ့သည္။

ၾကာသာပေတးေန႔တြင္ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲ၌ မိုင္ယာမီမီးသတ္ဌာနမွ အၾကီးအကဲျဖစ္သူ ေဒးဗစ္ေဒါင္းေနးက ျမိဳ႕၏ေက်ာ္ၾကားလွေသာ အမွတ္ ၈ လမ္း၌ မၾကာေသးခင္က အသစ္ေဆာက္လုပ္ထား ေသာ လူကူးတံတားျပိဳက်ခဲ့သည့္ ၀မ္းနည္းဖြယ္ရာျဖစ္ရပ္အတြင္း လူ ၄ ဦးထက္မနည္းေသဆံုးခဲ့ကာ လူ ၁၀ ဦးခန္႔ကို ေဆးရံုသုိ႔ပို႔ေဆာင္ေပးခဲ့ရေၾကာင္း ေျပာဆိုခဲ့သည္။

ဖေလာ္ရီဒါျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ရစ္ခ္စေကာ့က ယင္းျဖစ္ရပ္ႏွင့္ပက္သက္၍ အျပည့္အ၀စံုစမ္းစစ္ေဆးမႈမ်ား ကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ တာ၀န္ရွိသူမ်ားကို အမႈဖြင့္သြားမည္ျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲ၌ ေျပာဆိုခဲ့သည္။

ဒါ့အျပင္ ကယ္ဆယ္ႏုိင္သည့္သူမ်ားကုိ ေသခ်ာေပါက္ကယ္ဆယ္သြားမည္ျဖစ္ေၾကာင္းလည္း စေကာ့က ျဖည့္စြက္ေျပာဆိုခဲ့သည္။

ေဒါင္းေနးကလည္း ကယ္ဆယ္ေရးႏွင့္ ရွာေဖြးေရးလုပ္ငန္းမ်ားကို ညလံုးေပါက္ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းႏွင့္ အနံ႔ခံေခြးမ်ားအပါအ၀င္ နည္းပညာအကူအညီအားလံုးကိုရယူကာ အသက္ရွင္က်န္ရစ္သူမ်ား ကို ရွာေဖြသြားမည္ဟု ေျပာဆိုခဲ့သည္။

“က်ေနာ္တို႔ ျပိဳက်သြားတဲ့အစိတ္အပိုင္းေတြကို ျဖည္းျဖည္းခ်င္းဖယ္ရွားေနရပါတယ္။ ျပိဳက်တဲ့အပံုၾကီးကမျငိမ္ တာေၾကာင့္ သတိထားလုပ္ကိုင္ေနရပါတယ္” ဟု မီးသတ္ဌာနအၾကီးအကဲက ျဖည့္စြက္ေျပာဆိုခဲ့သည္။

ျပိဳက်ခဲ့သည့္ ယင္းလူကူးတံတားအား ျပီးခဲ့ေသာ ၂၀၁၇ ခုႏွစ္ ေႏြဦးကမွ စတင္ေဆာက္လုပ္ထားခဲ့ျခင္းျဖစ္ျပီး လာမည့္ ၂၀၁၉ ခုႏွစ္ ႏွစ္စတြင္ အျပီးသတ္ႏုိင္ရန္ ေမွ်ာ္မွန္းထားခဲ့ျခင္းျဖစ္သည္။

အေမရိကန္ေဒၚလာ ၁၄.၂ သန္းခန္႔ အကုန္က်ခံ၍ တည္ေဆာက္ထားခဲ့ေသာ ယင္းတံတားသည္ အလုပ္သမား မ်ား၊ လမ္းသြားလမ္းလာမ်ားႏွင့္ ခရီးေ၀းအလုပ္ဆင္းသူမ်ား၏ ၾကံဳေတြ႔ႏုိင္ေသာအႏၱရာယ္မ်ားႏွင့္ ယာဥ္ေၾကာ ၾကပ္တည္းမႈမ်ားကို ေလွ်ာ့ခ်ေပးႏိုင္မည္ဟု တာ၀န္ရွိသူမ်ားက ေမွ်ာ္မွန္းထားခဲ့ၾကျခင္းျဖစ္သည္။
Unicodeဖြင့်ဖတ်ရန်
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ ကြာသာပတေးနေ့တွင် လူကူးတံတားတစ်စင်းပြိုကျသော ကြောင့် လူ ၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြု ပြောဆိုခဲ့သည်။

ကြာသာပတေးနေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မိုင်ယာမီမီးသတ်ဌာနမှ အကြီးအကဲဖြစ်သူ ဒေးဗစ်ဒေါင်းနေးက မြို့၏ကျော်ကြားလှသော အမှတ် ၈ လမ်း၌ မကြာသေးခင်က အသစ်ဆောက်လုပ်ထား သော လူကူးတံတားပြိုကျခဲ့သည့် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်အတွင်း လူ ၄ ဦးထက်မနည်းသေဆုံးခဲ့ကာ လူ ၁၀ ဦးခန့်ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က ယင်းဖြစ်ရပ်နှင့်ပက်သက်၍ အပြည့်အဝစုံစမ်းစစ်ဆေးမှုများ ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများကို အမှုဖွင့်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဒါ့အပြင် ကယ်ဆယ်နိုင်သည့်သူများကို သေချာပေါက်ကယ်ဆယ်သွားမည်ဖြစ်ကြောင်းလည်း စကော့က ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒေါင်းနေးကလည်း ကယ်ဆယ်ရေးနှင့် ရှာဖွေးရေးလုပ်ငန်းများကို ညလုံးပေါက်ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အနံ့ခံခွေးများအပါအဝင် နည်းပညာအကူအညီအားလုံးကိုရယူကာ အသက်ရှင်ကျန်ရစ်သူများ ကို ရှာဖွေသွားမည်ဟု ပြောဆိုခဲ့သည်။

“ကျနော်တို့ ပြိုကျသွားတဲ့အစိတ်အပိုင်းတွေကို ဖြည်းဖြည်းချင်းဖယ်ရှားနေရပါတယ်။ ပြိုကျတဲ့အပုံကြီးကမငြိမ် တာကြောင့် သတိထားလုပ်ကိုင်နေရပါတယ်” ဟု မီးသတ်ဌာနအကြီးအကဲက ဖြည့်စွက်ပြောဆိုခဲ့သည်။

ပြိုကျခဲ့သည့် ယင်းလူကူးတံတားအား ပြီးခဲ့သော ၂၀၁၇ ခုနှစ် နွေဦးကမှ စတင်ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် နှစ်စတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁၄.၂ သန်းခန့် အကုန်ကျခံ၍ တည်ဆောက်ထားခဲ့သော ယင်းတံတားသည် အလုပ်သမား များ၊ လမ်းသွားလမ်းလာများနှင့် ခရီးဝေးအလုပ်ဆင်းသူများ၏ ကြုံတွေ့နိုင်သောအန္တရာယ်များနှင့် ယာဉ်ကြော ကြပ်တည်းမှုများကို လျှော့ချပေးနိုင်မည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားခဲ့ကြခြင်းဖြစ်သည်။
Credit: Mizzima