Zawgyi ျဖင့္ဖတ္၇န္
ေဟာင္ေကာင္တြင္ က်င္းပသည့္ ကမၻာတစ္ဝန္း အသက္(၁၆)ႏွစ္ ေအာက္ကေလးငယ္မ်ား ဝင္ ေရာက္ယွဥ္ၿပိဳင္သည့္ မိုဘိုင္း Application ေရးဆြဲၿပိဳင္ပြဲ App Jamming Summit 2018 တြင္ မႏၲေလးမွ ကေလးငယ္ေလးဦး သည္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ေနာက္ဆံုးအဆင့္ၿပိဳင္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ေရြးခ်ယ္ခံရသည္။

‘‘ကမၻာတစ္ဝန္းက အဖြဲ႕ ေပါင္း သံုးရာေက်ာ္ဝင္ေရာက္ယွဥ္ ၿပိဳင္တဲ့အထဲကမွ ေနာက္ဆံုးအ ဆင့္ကို အဖြဲ႕ ၁၈ ခုပဲ ေရြးခ်ယ္ျခင္း ခံခဲ့ရတာပါ။ အဲဒီထဲကမွ ဒီက ေလးေလးေယာက္က ျမန္မာႏုိင္ငံ ကိုယ္စားျပဳအဖြဲ႕တစ္ခုအေနနဲ႔ ေရြးခ်ယ္ျခင္းခံခဲ့ရတာ ျဖစ္ပါ တယ္’’ဟု အဆုိပါကေလးမ်ား သြားေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္ စီစဥ္ ေပးသည့္ Viitor Coding and Rogotics သင္တန္းေက်ာင္း ပူးတြဲတည္ေထာင္သူ မနန္းစုက ေျပာ သည္။ ယင္း သင္တန္းေက်ာင္း သည္ ေဟာင္ေကာင္တြင္ က်င္းပ သည့္ App Jamming Summit 2018 သို႔ အသက္(၁၂)ႏွစ္မွ (၁၆) ႏွစ္အတြင္း အဖြဲ႕ႏွစ္ခုႏွင့္ (၈)ႏွစ္မွ (၁၁)ႏွစ္ ကေလးငယ္အဖြဲ႕တစ္ခု၊ ေပါင္း သံုးခုကို ျမန္မာႏိုင္ငံကိုယ္ စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ေစခဲ့သည္။

အဆိုပါအဖြဲ႕သံုးခုကို မတ္ လ ၅ ရက္တြင္ ကမၻာတစ္ဝန္းမွ မိုဘိုင္း Application မ်ားဖန္တီး သည့္ ကေလးငယ္အဖြဲ႕ သံုးရာေက်ာ္ႏွင့္အတူ ေဟာင္ေကာင္သို႔ သြားေရာက္ယွဥ္ၿပိဳင္ အသက္(၈)ႏွစ္မွ (၁၁)ႏွစ္အတြင္း ကေလးငယ္ေလးဦး ပါဝင္သည့္အဖြဲ႕သည္ ေနာက္ဆံုးအဆင့္ယွဥ္ၿပိဳင္ရန္ ေရြးခ်ယ္ခံရသည္။

‘‘မိုဘိုင္း App ေတြကို ဖန္တီး ၿပီး အဓိကၿပိဳင္ရတာပါ။ Code for Green ဆိုတဲ့ေခါင္းစဥ္နဲ႔ ကမၻာ ႀကီးစိမ္းလန္းစိုျပည္ တာနဲ႔ပတ္ သက္ၿပီး သူတို႔ေတြက အႀကံထုတ္ၿပီး App ေတြ ေရးရတာပါ။ အမိႈက္ေတြ မစြန္႔ပစ္ေစဖို႔အတြက္ ရည္ရြယ္ၿပီး ဖန္တီးထားတဲ့ ဂိမ္းေလးနဲ႔ ၿပိဳင္ပြဲဝင္တာပါ။ ေနာက္ဆံုးအဆင့္အထိ ေရြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္’’ဟု မနန္းစုက ေျပာသည္။

App Jamming Summit 2018 ေနာက္ဆံုးအဆင့္တြင္ ကမၻာတစ္ဝန္းမွ အေကာင္းဆံုး မိုဘိုင္း App ဖန္တီးသည့္ အဖြဲ႕မ်ားျဖင့္ ယွဥ္ၿပိဳင္ရၿပီး ပထမဆုရ သည့္အဖြဲ႕သည္ အေမရိကန္ႏုိင္ငံ ေဘာ္စတြန္ၿမိဳ႕တြင္ က်င္းပမည့္ Global App Inventor Summit သို႔ စရိတ္ၿငိမ္းတက္ေရာက္ေလ့ လာခြင့္ရရွိသည္။

App Jamming Summit ၿပိဳင္ပြဲမ်ားကို ငယ္ရြယ္သည့္ မိုဘိုင္းApp ဖန္တီးသူမ်ား ေပၚေပါက္ ေစရန္ ရည္ရြယ္၍ ၂၀၁၄ တြင္ ေဟာင္ေကာင္၌ စတင္က်င္းပၿပီး ျမန္မာႏုိင္ငံအေနျဖင့္ ယခု ၂၀၁၈ မွသာ ပထမဆံုး ဝင္ေရာက္ယွဥ္ ၿပိဳင္သည္။

Viitor Coding and Rogoticsသည္ အသက္(၇)ႏွစ္မွ (၁၄)ႏွစ္ အတြင္း ကေလးမ်ားကို မိုဘိုင္း App မ်ားဖန္တီးသည့္ Program-ming ဘာသာရပ္အထူးျပဳ သင္ ၾကားေသည့္ သင္တန္းေက်ာင္းျဖစ္ၿပီး ယခု ၂၀၁၈ တြင္ ကေလးငယ္မ်ား၏ဖန္တီးႏိုင္မႈကို သိရွိႏိုင္ရန္ App Jamming Summit ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။
Unicodeဖြင့်ဖတ်ရန်
ဟောင်ကောင်တွင် ကျင်းပသည့် ကမ္ဘာတစ်ဝန်း အသက်(၁၆)နှစ် အောက်ကလေးငယ်များ ဝင် ရောက်ယှဉ်ပြိုင်သည့် မိုဘိုင်း Application ရေးဆွဲပြိုင်ပွဲ App Jamming Summit 2018 တွင် မန္တလေးမှ ကလေးငယ်လေးဦး သည် မြန်မာနိုင်ငံကိုယ်စားပြု နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည်။

‘‘ကမ္ဘာတစ်ဝန်းက အဖွဲ့ ပေါင်း သုံးရာကျော်ဝင်ရောက်ယှဉ် ပြိုင်တဲ့အထဲကမှ နောက်ဆုံးအ ဆင့်ကို အဖွဲ့ ၁၈ ခုပဲ ရွေးချယ်ခြင်း ခံခဲ့ရတာပါ။ အဲဒီထဲကမှ ဒီက လေးလေးယောက်က မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့တစ်ခုအနေနဲ့ ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါ တယ်’’ဟု အဆိုပါကလေးများ သွားရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ် ပေးသည့် Viitor Coding and Rogotics သင်တန်းကျောင်း ပူးတွဲတည်ထောင်သူ မနန်းစုက ပြော သည်။ ယင်း သင်တန်းကျောင်း သည် ဟောင်ကောင်တွင် ကျင်းပ သည့် App Jamming Summit 2018 သို့ အသက်(၁၂)နှစ်မှ (၁၆) နှစ်အတွင်း အဖွဲ့နှစ်ခုနှင့် (၈)နှစ်မှ (၁၁)နှစ် ကလေးငယ်အဖွဲ့တစ်ခု၊ ပေါင်း သုံးခုကို မြန်မာနိုင်ငံကိုယ် စားပြု ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။

အဆိုပါအဖွဲ့သုံးခုကို မတ် လ ၅ ရက်တွင် ကမ္ဘာတစ်ဝန်းမှ မိုဘိုင်း Application များဖန်တီး သည့် ကလေးငယ်အဖွဲ့ သုံးရာကျော်နှင့်အတူ ဟောင်ကောင်သို့ သွားရောက်ယှဉ်ပြိုင် အသက်(၈)နှစ်မှ (၁၁)နှစ်အတွင်း ကလေးငယ်လေးဦး ပါဝင်သည့်အဖွဲ့သည် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည်။

‘‘မိုဘိုင်း App တွေကို ဖန်တီး ပြီး အဓိကပြိုင်ရတာပါ။ Code for Green ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာ ကြီးစိမ်းလန်းစိုပြည် တာနဲ့ပတ် သက်ပြီး သူတို့တွေက အကြံထုတ်ပြီး App တွေ ရေးရတာပါ။ အမှိုက်တွေ မစွန့်ပစ်စေဖို့အတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ဂိမ်းလေးနဲ့ ပြိုင်ပွဲဝင်တာပါ။ နောက်ဆုံးအဆင့်အထိ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်’’ဟု မနန်းစုက ပြောသည်။

App Jamming Summit 2018 နောက်ဆုံးအဆင့်တွင် ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး မိုဘိုင်း App ဖန်တီးသည့် အဖွဲ့များဖြင့် ယှဉ်ပြိုင်ရပြီး ပထမဆုရ သည့်အဖွဲ့သည် အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင် ကျင်းပမည့် Global App Inventor Summit သို့ စရိတ်ငြိမ်းတက်ရောက်လေ့ လာခွင့်ရရှိသည်။

App Jamming Summit ပြိုင်ပွဲများကို ငယ်ရွယ်သည့် မိုဘိုင်းApp ဖန်တီးသူများ ပေါ်ပေါက် စေရန် ရည်ရွယ်၍ ၂၀၁၄ တွင် ဟောင်ကောင်၌ စတင်ကျင်းပပြီး မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၁၈ မှသာ ပထမဆုံး ဝင်ရောက်ယှဉ် ပြိုင်သည်။

Viitor Coding and Rogoticsသည် အသက်(၇)နှစ်မှ (၁၄)နှစ် အတွင်း ကလေးများကို မိုဘိုင်း App များဖန်တီးသည့် Program-ming ဘာသာရပ်အထူးပြု သင် ကြားသေည့် သင်တန်းကျောင်းဖြစ်ပြီး ယခု ၂၀၁၈ တွင် ကလေးငယ်များ၏ဖန်တီးနိုင်မှုကို သိရှိနိုင်ရန် App Jamming Summit ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Credit: 7Day