Zawgyi ဖြင့်ဖတ်၇န်




Unicodeဖြင့်ဖတ်ရန်
၂၀၁၇-၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတနိုင်ငံလုံးမှာ စိတ်ကြိုက် မြန်မာစာဘာသာဖြေဆိုသူ တယောက်ပဲ ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ စမ်းချောင်း အ.ထ.က (၂) မှာ ဖြေဆိုသူတယောက်တည်း ရှိခဲ့ပြီး မနေ့က မတ်လ ၁၂ ရက်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဓာတုဗေဒဘာသာရပ်နဲ့ အတူ စိတ်ကြိုက် မြန်မာစာ ဘာသာယူထားသူလည်း ဖြေဆိုခဲ့ရတာပါ။

ဓာတုဗေဒပါဝင်တဲ့ ဘာသာတွဲယူထားသူပေါင်း ၇၄၁၆၇၆ ယောက်ရှိပြီး ဖြေဆိုသူက ၆၉၄၃၇၁ ယောက်ရှိတာကြောင့် ပျက်ကွက်သူ ၄၇၃၀၅ ယောက်ရှိပါတယ်။

မနှစ်ကလည်း မြန်မာပြည်တွင်းမှာ စိတ်ကြိုက်မြန်မာစာဘာသာ ဖြေဆိုသူ တယောက်ပဲ ရှိခဲ့ပါတယ်။
Credit: DVB

READ  တက္ကသိုလ်​ဝင်​ခွင့်​ကို ၁​ဝ​တန်း​အမှတ် တစ်​ခု​တည်း​နဲ့ ဆုံးဖြတ်​တော့​မှာ မဟုတ်

LEAVE A REPLY